နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို (၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်

Image not available
 
 
တောင်ကြီး ဖေဖော်ဝါရီ ၇
 
(၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်း ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို တို့ တက်ရောက်ချီးမြှင့်သည်။
 
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ ဦးအုန်းမောင်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ချုပ် ဦးကြွယ်ကြွယ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်း စစ်ချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း/ ဒေသ
ဦးစီးဥက္ကဋ္ဌများ၊ တိုင်းရင်းသားခေါင်းဆောင် များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား မျိုးနွယ်စုများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက် ကြသည်။
 
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံမှ (၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်း အနားသို့ ပေးပို့သည့် သဝဏ်လွှာကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က ဖတ်ကြားသည်။
 
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က (၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။
 
 
အခမ်းအနားအပြီးတွင် နိုင်ငံတော် သမ္မတသည် တက်ရောက်လာကြသည့် ဒေသခံ တိုင်းရင်းသားများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။
 
ဖဲကြိုးဖြတ်ဖွင့်လှစ်
 
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ကချင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးဇုတ်ဒေါင်၊ လီဆူတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးဂူဆာ၊ အင်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါက်တာထွန်းလှိုင်၊ အာခါ တိုင်းရင်း သားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလတို့က (၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်း အမှတ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြခန်းများနှင့် ဌာနဆိုင်ရာ ပြခန်းများကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
 
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်
 
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်တို့သည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များနှင့် လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် လည်း ကောင်း စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက် သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် အဖွဲ့သည် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များ၏ ကပြဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြပြီး (၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ပြခန်းများနှင့် ဌာနဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။
 
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီး နှင့်အဖွဲ့သည် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်သို့ ရောက်ရှိပြီး လွိုင်လင်မြို့ ဓာတ်တော်ကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တပညာနန္ဒနှင့် ကမ္ဘာ့ဗုဒ္ဓ သာသနာပြု အောက်စဖို့ဒ်ဆရာတော် ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် ဦးစီးတည်ထောင် သူ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ဓမ္မသာမိ အမှူးပြုသော ဆရာတော်၊ သံဃာ တော်များအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်အတွက် အလှူငွေကျပ် ၁၀ သိန်း လှူဒါန်းသည်။
 
ဆက်ကပ်လှူဒါန်း
 
ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီး သည် ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် တည်ထောင် ဖွင့်လှစ်ခြင်း လေးနှစ်ပြည့်အထိမ်းအမှတ် ကံ့ကော်ပင်ကို စိုက်ပျိုးပေးကြပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းသည်။
 
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့်အဖွဲ့သည် တောင်ကြီးမြို့မှ မော်တော် ယာဉ်များဖြင့်ထွက်ခွာရာ ညောင်ရွှေမြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတအား Inle Princess Resort ဟိုတယ်၌ အင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါက်တာထွန်းလှိုင်၊ သစ်တောဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော် ကျော်လွင်၊ ပြည်နယ် ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေး မှူး ဦးထွန်းထွန်းဦးတို့က အင်းလေးကန် ရေဝေ ရေလဲဒေသ ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက် မှု အခြေအနေ၊ နုန်းများဆယ်ယူနေမှုနှင့် နုန်းတား ဆည်များဖြင့် နုန်းပို့ချမှုနည်းပါး အောင် ဆောင်ရွက်ထားရှိမှု အခြေအနေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
 
နိုင်ငံတော်သမ္မတက တင်ပြချက်များနှင့် စပ်လျဉ်း၍ အင်းလေးကန်သည် ရှမ်းပြည်နယ် နှင့် နိုင်ငံတော်၏ ပြယုဂ်ဖြစ်ပါကြောင်း၊ အင်းလေးကန်၏ ရေဝပ်ဧရိယာနှင့် ရေထိန်း သိမ်းနိုင်မှုသည် တဖြည်းဖြည်း လျော့နည်းလာ နေပါကြောင်း၊ ယင်းစိန်ခေါ်မှုကို ပြည်နယ် အစိုးရ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူ အားလုံး ဝိုင်းဝန်းပူးပေါင်းဖြေရှင်းမှ အောင်မြင် နိုင်မည်ဖြစ်ပါကြောင်း၊ အင်းလေးကန်သည် မိုးဗြဲဆည်၊ လောပိတရေအားလျှပ်စစ်ထုတ်လုပ် မှုတို့နှင့် ဆက်စပ်နေပါကြောင်း၊ အင်းလေးကန် ရေဝင်ရောက်မှု၊ ရေထိန်းသိမ်းနိုင်မှုနည်းပါးပါ က လောပိတ ရေအားလျှပ်စစ် ထုတ်လုပ် နိုင်မှုသည်လည်း နည်းပါးသွားမည်ဖြစ်ပါ ကြောင်း။
 
 
ပတ်ဝန်းကျင်ကျေးရွာများရှိ စိုက်ပျိုးရေး လုပ်ငန်းများတွင် ဓာတ်မြေဩဇာနှင့် ပိုးသတ် ဆေးများသုံးစွဲမှုကြောင့် အင်းလေးကန်ရေ သည် လုံလောက်သည့် သန့်ရှင်းမှုမရှိတော့ပါ ကြောင်း၊ အင်းလေးကန်ရေရှည်တည်တံ့ရေး အတွက် ပြည်နယ်အစိုးရနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဥပဒေနှင့်အညီ ကြပ်မတ် ဆောင်ရွက်သွားရမည်ဖြစ်ပြီး ဒေသခံများ နားလည်သဘောပေါက်အောင် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မိမိဒေသကဲ့သို့ သဘောထားပြီးစေတနာထား၍ အင်းလေးကန် ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်သွားရန် လိုကြောင်း မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် စက်လှေ ဖြင့် အင်းလေးကန်အတွင်း အင်းလေးကန် ရေဝေရေလဲဒေသထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားမှုအခြေအနေကို လှည့်လည် ကြည့်ရှုသည်။
 
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့်အဖွဲ့သည် ဖောင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်းတော်သို့ ရောက်ရှိကြပြီး ကျောင်းတော်အတွင်း ကိန်းဝပ်စံပယ်တော်မူ သည့် အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ် ငါးဆူတို့အား ဖူးမြော်ကြည်ညိုရွှေသင်္ကန်း ကပ်လှူပြီး အလှူငွေကျပ် ၅ သိန်းကို ဂေါပက အဖွဲ့ထံ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ သည် ညောင်ရွှေမြို့ရှိ သမိုင်းဝင် ဟော်နန်း ပြတိုက်သို့ ရောက်ရှိကြပြီး ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြသည်။
 
ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် အဖွဲ့သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့က တည်ခင်းဧည့်ခံသည့် (၇၃)နှစ်မြောက် ရှမ်း ပြည်နယ်နေ့ ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက် ကြပြီး ရိုးရာယဉ်ကျေးမှုအဖွဲ့များ၏ ကပြ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကာ ဆုငွေများ ပေးအပ်ချီးမြှင့်သည်။
 
သတင်းစဉ်