
ယခုနှစ်သည် တရုတ်ကွန်မြူနစ်ပါတီထူထောင် သည့် နှစ် (၁၀၀) ပြည့်ဖြစ်ပါသည်။ ယင်းသည် တရုတ်နိုင်ငံတင်မက တစ်ကမ္ဘာလုံး၏ သမိုင်းဝင် ကိစ္စရပ်ဖြစ်ပါသည်။ နှစ်တစ်ရာအတွင်း၌ တရုတ် ကွန်မြူနစ်ပါတီသည် နှစ် ၇၀ ကျော်ကြာ တရုတ် နိုင်ငံ၏အာဏာရပါတီဖြစ်ပြီး ယင်းကိုယ်တိုင်ကပင် မှတ်တမ်းတစ်ခုဖြစ်ပါသည်။
တရုတ်ကွန်မြူနစ်ပါတီ အတွေ့အကြုံ၏ စစ်မှန်သောအရေးပါမှုကို ပိုမိုကောင်းမွန်စွာ နားလည်ရန်အတွက် ကျွန်တော်တို့က သမိုင်းကို ပြန်ပြောင်းအောက်မေ့သင့်ပါသည်။ (၂၀) ရာစုနှစ်မှ (၂၁) ရာစုနှစ် အပြောင်းအလဲကာလမှာ ဆိုရှယ်လစ် ဝါဒ၏အနာဂတ်သည် မိမိကိုယ်တိုင်၏ ပြုပြင် ပြောင်းလဲသောစွမ်းရည်အပေါ် မူတည်ပါသည်။ ရုရှားနှင့်တရုတ်နိုင်ငံ၏ အတွေ့အကြုံကို နှိုင်းယှဉ် ကြည့်ပါက ၁၉၈၀ ပြည့်နှစ်နှောင်းပိုင်းတွင် နှစ်နိုင်ငံ သည် တူညီသည့်လမ်းဆုံ၌ ရောက်ရှိနေသော်လည်း အသီးသီးမတူညီသည့်လမ်းကြောင်းကို ရွေးချယ်ခဲ့ ပါသည်။ ဟုတ်ပါသည်။ သမိုင်းတွင် အကယ်၍ ဟူသည်မရှိ။ နှစ်ဆယ်ချီအကြာမှာ တရုတ်နိုင်ငံ၏ အခြေအနေ၊ ရုရှားနိုင်ငံ၏ အခြေအနေနှင့် ဆိုဗီ ယက်ပြည်ထောင်စုတွင် ဖြစ်ပွားခဲ့သည့်အရာများကို ကျွန်တော်တို့ တွေ့မြင်လိုက်ရပါသည်။
ဆင်းရဲနွမ်းပါးမှုကို ပပျောက်စေခဲ့
တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုသည် အဆင့် အသစ်သို့ဝင်ရောက်နေပါသည်။ သမ္မတရှီကျင့်ဖျင် ကို အဓိကထားသည့်ခေတ်သစ်ခေါင်းဆောင်များသည် ပါတီအတွက်တာဝန်အချို့ ချမှတ်ပေးနေပါ သည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် ကျင်းပ သည့် တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက် ပြည်လုံးကျွတ်ညီလာခံ၌ တရုတ်ကွန်မြူနစ်ပါတီက နိုင်ငံရေးစနစ်၏ဗဟိုအနေဖြင့် သတ်မှတ်ထားသည့် တာဝန်ကိုအောင်မြင်စွာထမ်းဆောင်ရန် မည်ကဲ့သို့ ချီတက်နေခြင်းတို့ကို ဆွေးနွေးခဲ့ပါသည်။ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားမှုကြောင့် ဆိုးရွား သော အကျိုးသက်ရောက်မှုများရှိခဲ့သော်လည်း တရုတ် နိုင်ငံက “(၁၃) ကြိမ်မြောက် ငါးနှစ်စီမံကိန်း” (၂၀၁၆-၂၀၂၀) စီမံကိန်းကို အောင်မြင်စွာဖော်ဆောင် ခဲ့ပြီး တစ်နိုင်ငံလုံးတွင် လုံးဝဆင်းရဲနွမ်းပါးမှုကို ပပျောက်စေခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှု (GDP) သည် ၂၀၁၀ ပြည့်နှစ် ထက် တစ်ဆတက်သွားပြီး ပမာဏကြီးမားသည့် သမိုင်းဝင်တာဝန်တစ်ခုကို အောင်မြင်စွာထမ်းဆောင် ခဲ့ပါသည်။
ပြုပြင်ပြောင်းလဲတံခါးဖွင့်သည့်ခေတ်တွင် တရုတ် နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံသည် အရေးပါသည့် နိုင်ငံခြားရေးဝါဒရှုထောင့်ရှိပါသည်။ ၎င်းက အနောက်တိုင်းပုံစံ၏ အကန့်အသတ်ရှိမှုနှင့် အနောက်တိုင်းယဉ်ကျေးမှုမဟုတ်သည့်နိုင်ငံများက “ယေဘုယျအားဖြင့် အနောက်တိုင်းဆန်” သည့်မူဝါဒ ဖော်ဆောင်မှု၏ အန္တရာယ်ကို ဖော်ပြနေပါသည်။ တရုတ်နိုင်ငံ၏ စီးပွားရေး တည်ငြိမ်စွာလည်ပတ် နေပြီး တရုတ်ကွန်မြူနစ်ပါတီက တရုတ်နိုင်ငံရေး စနစ်တွင် ဦးဆောင်သည့်တည်နေရာကို ခိုင်မာစေ ပါသည်။
လူနေမှုအဖွဲ့အစည်းလွှမ်းမိုးမှုရှိလာ
တရုတ်ကွန်မြူနစ်ပါတီက ပင်မနှင့် အာဏာရ ပါတီအနေဖြင့် အရေးကြီးလားရာ၊ ဖွံ့ဖြိုးတိုးတက်မှု ပုံစံနှင့် တန်ဖိုးဦးစားပေးမှုတို့ကို အတည်ပြုပါသည်။ ၎င်းကအဆိုပါနယ်ပယ်များတွင် လုပ်ဆောင်ချက်ကို အဆိုပါနိုင်ငံကရရှိထားပြီးဖြစ်သည့် အောင်မြင်မှု၊ နောက်တစ်ဆင့် တာဝန်အတည်ပြုမှုနှင့် ၎င်းတို့ကိုမည်ကဲ့သို့အောင်မြင်စွာဖော်ဆောင်မည် ဟူသည် တို့ဖြင့် တိုင်းတာနိုင်သည်။ အဆိုပါတာဝန်များသည် တရုတ်နိုင်ငံကို ကမ္ဘာ့အဓိကနိုင်ငံကြီးနှင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် စီးပွားရေးအသိုက်အဝန်း ဖြစ်လာစေပြီး လူနေမှုအဖွဲ့အစည်းလွှမ်းမိုးမှုရှိလာစေကာ ကမ္ဘာကြီးနှင့် ဒေသတွင်းအစီအစဉ်သတ်မှတ် ရေးတွင် အဓိကပါဝင်သူများထဲမှ တစ်ဦးဖြစ်လာစေ ပါသည်။
သမ္မတရှီကျင့်ဖျင်က အဆိုပြုသည့် နိုင်ငံ တကာဆက်ဆံရေးပုံစံအသစ် ဖော်ဆောင်မှု၏ အရေး ပါမှု၊ လူသားကံကြမ္မာတူအသိုက်အဝန်း လက်တွဲ တည်ဆောက်ခြင်း၊ ခေတ်သစ်တရုတ်ဝိသေသ ဆောင်သည့် ဆိုရှယ်လစ်ဝါဒတည်ဆောက်ရေး၊ ယခု ရာစုနှစ်အလယ်ကာလတွင် တရုတ်နိုင်ငံကို ချမ်းသာ၍အင်အားတောင့်တင်းသော ဒီမိုကရေစီ သဟဇာတဖြစ်၍ သာယာလှပသည့် ဆိုရှယ်လစ် ခေတ်မီအင်အားကြီးနိုင်ငံအဖြစ် တည်ဆောက်ရေး အပါအဝင် အရေးပါသည့်သတ်မှတ်ချက်အချို့ သည် အထူးသဖြင့် ဂရုပြုခြင်းခံရပါသည်။
တရုတ်နိုင်ငံသည် အောင်မြင်၍ အင်အား ကြီးမားသည့် ဆိုရှယ်လစ်နိုင်ငံကြီးအနေဖြင့် လက်ဝဲဝါဒီအင်အားနှင့် တစ်ကမ္ဘာလုံး၏ ဆိုရှယ် လစ်ဝါဒီအင်အားများ၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု ပုံစံကို စူးစမ်းလေ့လာနေဆဲအခြားနိုင်ငံများ အထူး သဖြင့် ထွန်းသစ်စစီးပွားရေးအုပ်စုများအတွက် လည်း အရေးပါသည့်အင်အားဖြစ်ပါသည်။
တရုတ်နိုင်ငံသည် တရုတ်ကွန်မြူနစ်ပါတီ၏ဦးဆောင်မှုအောက်တွင် အနာဂတ်ကို ဆက်လက် မျှော်မှန်း၍ ယုံကြည်ချက်အပြည့်ဖြင့် ဖွံ့ဖြိုးတိုး တက်လျက်ရှိပါသည်။ တရုတ်နိုင်ငံက တစ်ကမ္ဘာ လုံး အတိုင်းအတာတွင် စူးစမ်းလေ့လာမှုဆောင် ရွက်နေပြီး အခြားနိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုး တိုးတက်ဆဲနိုင်ငံများက တရုတ်နိုင်ငံကိုစောင့် ကြည့်နေပါသည်။ လွတ်လပ်သည့် စျေးကွက်စနစ် နှင့် နိုင်ငံတော်အုပ်ချုပ်မှု၏ အကောင်းဆုံးပေါင်းစပ် မှုသည် ဘာဖြစ်သင့်ပါသလဲ။ တရုတ်နိုင်ငံသည် ကိုယ်ပိုင်ပုံစံရှိပါသည်။ လက်တွေ့တွင် ကျွန်တော် တို့သည် လုံးဝလက်တွေ့ကျသည့်နည်းလမ်းဖြစ် သည့်၊ လက်တွေ့အလုပ်ဖြစ်မှုကိုအားပေးသည့် ပုံစံကို တွေ့မြင်လိုက်ပါသည်။ ။
စာရေးသူ - VLADIMIR PETROVSKIY
Source – China Daily Global
- Log in to post comments