
မုဒုံ ဖေဖော်ဝါရီ ၆
မွန်ပြည်နယ် မုဒုံမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
ကျောင်းအုပ်ဆရာကြီး ဦးမောင်ညို က ကျောင်းသား ကျောင်းသူများ အနေဖြင့် စည်းလုံးညီညွတ်စွာ စုပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေ ရန်နှင့် မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ ထမနဲထိုးပြိုင်ပွဲကို ကျင်းပရခြင်းဖြစ် ကြောင်း ပြောသည်။
ထို့နောက် ကျောင်းသားများက အသင်းလိုက် အဖွဲ့ငါးဖွဲ့ခွဲ၍ ယှဉ်ပြိုင် ခဲ့ကြပြီး ဆုရရှိသောအသင်းများအား ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ ဆရာမများက ဆုများ ပေးအပ်ချီးမြှင့် ခဲ့ကြသည်။
အောင်မျိုးသူ (ပြန်/ဆက်)