
ချင်းရွှေဟော် ဖေဖော်ဝါရီ ၆
ချင်းရွှေဟော်မြန်မာ-တရုတ် နှစ်နိုင်ငံ အဝင်အထွက်နယ်စပ်ဂိတ်မှ တရုတ် နိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ သည် တရုတ်နိုင်ငံ၌ ဖြစ်ပွားလျက်ရှိ သော ကိုရိုနာဗိုင်းရပ်စ်(အဆုတ်ရောင် ရောဂါ) ကူးစက်မည်ကိုစိုးရိမ်ကြပြီး မြန်မာနိုင်ငံဘက်သို့ နေရပ်ပြန်သူများ များပြားလျက်ရှိသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမား များသည် တရုတ်နိုင်ငံတွင် ခရမ်းခြံ၊ ပဲသီးခူး၊ ဖရဲခင်းစသည့် စိုက်ပျိုးရေး လုပ်ငန်းများကို အများအပြားလုပ်ကိုင် ကြပြီး တရုတ်ဘက်တွင်ဖြစ်ပွားနေ သည့် ကိုရိုနာဗိုင်းရပ်စ်(အဆုတ်ရောင် ရောဂါ)ကူးစက်ပြန့်ပွားမည်ကို စိုးရိမ် ကြသဖြင့် မိမိနေရပ်သို့ပြန်လာသူများ များပြားကြောင်း သိရသည်။
ထိုသို့ တရုတ်နိုင်ငံဘက်မှဝင်ရောက် လာသူ မြန်မာရွှေ့ပြောင်းအလုပ် သမားများကို ချင်းရွှေဟော်မြို့ မြန်မာ- တရုတ်နယ်စပ်ဂိတ်မှ ဇန်နဝါရီ ၂၇ ရက်မှစတင်၍ ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်ရောဂါ)ကူးစက်မှု ရှိ-မရှိ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ် ပေးလျက်ရှိရာ ယနေ့အချိန်အထိ တရုတ်ဘက်မှ ဝင်ရောက်လာသူ
လူဦးရေ ၈၀၀၀ ခန့် စစ်ဆေးပေးခဲ့ပြီး ကျန်းမာရေးစစ်ဆေးချက်အရ သံသယ လူနာတစ်ဦးမျှ တွေ့ရှိမှုမရှိကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ ဆက်)