
ကိုဖြိုး
===
မပြောတော့မပြောချင်ဘူး။ ဒါပေမဲ့ ပြောရတော့ မယ်။ ပြောမှဖြစ်မှာကိုး။ မပြောပြန်ရင်လည်း သူတို့ ပြောတာကအမှန်တွေလိုလို။ သူတို့ကိုယ်သူတို့ ခြောက်ပြစ်ကင်း သဲလဲစင် လက်ဆယ်ဖြာ ထိပ်မှာမိုးပြီး တစ်နေကုန်ပဲ ထိုင်ရှိခိုးကန်တော့ ရတော့မလိုလို သူတော်ကောင်းကြီးတွေလို့ ထင်နေ ရ။ တဖြည်းဖြည်းတော့ ဖွတ်ထွက်မှ တောင်ပို့ မှန်းသိလာကြပြီ။ အနူတောမှာ လူချောလုပ်ခဲ့ကြ တာလည်း ကြာပြီကိုး။ နည်းနည်းတော့ပြောချင်လာ မိလို့ပါ။
ကျွန်တော့်အတွက်ကတော့ CRPH တို့၊ NUG တို့ သူတို့ကမွေးဖွားလာတဲ့ PDF တို့အားလုံးဟာ အကြမ်းဖက်သမားတွေဆိုတာကို လုံးဝယုံကြည် ထားတယ်။ လက်ခံထားတယ်။ ပြောတာတစ်မျိုး လုပ်တာတခြား၊ ပါးစပ်က ဘုရား ဘုရား၊ လက်က ကားယားကားယားဆိုတာ သူတို့ပဲ။ ခုတ်ရာတခြား၊ ရှရာတခြားတွေ။ ပြောရရင် နိုင်ငံနဲ့ပြည်သူတွေ အတွက် အန္တရာယ်ကြီးမားတဲ့ရန်သူတွေပဲ။ ခုတော့ သူခိုးကလူဟစ်စကားတွေ ထွက်လာကြတယ်။
အဲဒီအကြမ်းဖက်ခေါင်းဆောင်တွေက ပြော လာတယ်။ ခု တပ်မတော်အစိုးရလက်ထက်မှာ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဟာ ထိန်းချုပ်လို့မရ တော့ဘဲ လျင်မြန်စွာ ကူးစက်မှုနှုန်းမြင့်တက် နေတယ်တဲ့။ မြန်မာနိုင်ငံဟာလည်း လျင်မြန်စွာ ပျက်စီးကျရှုံးသောနိုင်ငံအဖြစ်သို့ ရောက်လာပြီး ကျန်းမာရေးဝန်ဆောင်မှုတွေ၊ ပညာရေးဝန်ဆောင်မှု တွေနဲ့ အခြားအခြေခံဝန်ဆောင်မှုတွေ အပါအဝင် တိုင်းပြည်ရဲ့စီးပွားရေး လျင်မြန်စွာကျဆင်းနေပါ တယ်တဲ့။ စားနပ်ရိက္ခာ မဖူလုံမှု သိသိသာသာ မြင့်တက်လာတာ၊ အကြမ်းဖက်မှုနဲ့ သတ်ဖြတ် မှုတွေ နေ့ရောညပါ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး အခုအချိန်ကာလဟာ မြန်မာ့သမိုင်းမှာ အမှောင် မိုက်ဆုံးကာလ ဖြစ်ပါတယ်တဲ့။ တခြားစွပ်စွဲတာ တွေလည်း အများကြီးပါ။ ဒီနေ့တော့ ဒီလောက်ကိုပဲ သုံးသပ်ကြည့်ကြရအောင်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်တက်နေ ခြင်းရဲ့ တရားခံအစစ်က ဘယ်သူတွေတုံး။ ရောဂါ မဖြစ်ဖို့ ပညာပေးတာ၊ ကြိုတင်ကာကွယ်တာနဲ့ ဖြစ်လာရင် ကုသတာကိုလုပ်ရမှာ ဘယ်သူတွေလဲ။ အဓိက ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ ဖြစ်ပါတယ်။ တစ်ဦးချင်းကာကွယ် ထိန်းသိမ်းရမှာနဲ့ ပြည်သူလူထုက ပူးပေါင်းပါဝင်ရ မှာက တစ်ပိုင်းပါ။ မှန်ပါတယ်။ ဒါပေမဲ့ အဓိက ကျတာက ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ ရှိမှ၊ ပါဝင်ကြမှ၊ ဆေးရုံဆေးခန်းတွေဖွင့်နိုင်မှ ဖြစ်မှာ လေ။ ကုသစောင့်ရှောက်မှုပေးနိုင်ကြရမယ်လေ။
အစိုးရဆေးရုံ၊ ဆေးခန်းတွေဟာ ပြည်သူလူထုအများစုရဲ့ အသက်
ပြည်သူလူထုအများစုအတွက်၊ အခြေခံ လူတန်းစားတွေအတွက်၊ နိုင်ငံ့ဝန်ထမ်းမိသားစုတွေ အတွက် ကျန်းမာရေးကိစ္စ အဓိကအားကိုးရတာက ပြည်သူ့ဆေးရုံတွေ၊ ဆေးခန်းတွေ၊ ကျန်းမာရေး ဌာနခွဲတွေနဲ့ အဲဒီနေရာမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးဝန်ထမ်း တွေပါ။ ငွေကုန်ကြေးကျများတဲ့ ပုဂ္ဂလိကဆေးရုံ ဆေးခန်းတွေဆိုတာကတော့ အခြေခံလူတန်းစား တွေအတွက် အလှမ်းဝေးပါတယ်။ ပြောရရင် အစိုးရ ဆေးရုံ၊ဆေးခန်းတွေဟာ ပြည်သူလူထုအများစုရဲ့ အသက်ပါပဲ။
ကျွန်တော်တို့နိုင်ငံမှာ ကိုဗစ်စဖြစ်စဉ်ကတည်းက အချိန်ကာလတစ်ခုအထိ ကိုဗစ်ကာကွယ်ကုသရေး တွေမှာ စိတ်ပါလက်ပါ ကြိုးစားဆောင်ရွက်ခဲ့ကြတဲ့ ဆရာဝန်ကြီးတွေ၊ သူနာပြုတွေ အများကြီးရှိခဲ့ပါ တယ်။ အထိုက်အလျောက် ကူးစက်မှုကို ထိန်းသိမ်း နိုင်ခဲ့ပါတယ်။ အဲဒီကာလက လုပ်ဆောင်ခဲ့မှုတွေကို ကျေးဇူးတင်မိခဲ့ပါတယ်။ ကျေးဇူးတင်စရာကောင်းခဲ့ လို့ ကျေးဇူးတင်တယ်လို့ ရေးတာပါ။
ဒါပေမဲ့လည်း အမှန်တရားအတွက် ပြောင်း လဲခဲ့ရတဲ့ နိုင်ငံရေးအချိုးအကွေ့မှာ အဲဒီလုပ်ကိုင် နေကြသူတွေ တော်တော်များများဟာ သဘောထား မမှန်ကြတော့ဘူး။ နိုင်ငံနဲ့ ပြည်သူလူထုတွေကို သစ္စာဖောက်ခဲ့ကြတယ်။ နိုင်ငံ့ဝန်ထမ်းဥပဒေကို ဖောက်ဖျက်ခဲ့ကြတယ်။ တည်ဆဲဥပဒေတွေကို ကျူးလွန်ခဲ့ကြပြီး မိမိတို့စောင့်ထိန်းလိုက်နာရမယ့် ကျင့်ဝတ်တွေကို ဖောက်ဖျက်ခဲ့ကြတယ်။ မိမိတို့ရဲ့ အဓိကတာဝန်တွေ မကျေကြတော့ဘူး။
ပြည်သူလူထုကို ကျန်းမာရေးကာကွယ်စောင့် ရှောက် ပြုစုကုသရမယ့် နိုင်ငံ့ဝန်ထမ်းဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ သူတို့အလုပ် ကို မလုပ်ကြတော့ဘူး။ ပြည်သူ့ကျန်းမာရေးကို လျစ်လျူရှုကြတယ်။ လူနာတွေကို ဥပေက္ခာပြုလာ ကြတယ်။ ပြောရရင် CDM လုပ်ကြတာပေါ့ဗျာ။
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကြီး
ပြည်သူအတွက် ဝန်ဆောင်ကုသပေးချင်ကြတဲ့၊ တာဝန်ကျေချင်ကြတဲ့၊ မေတ္တာစေတနာရှိကြတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေကိုလည်း CDM မလုပ် လုပ်အောင် စည်းရုံးဆွဲဆောင်လာကြတယ်။ နောက် ဆုံး ခြိမ်းခြောက်အကြမ်းဖက် ရန်မူလာကြတယ်။ ငါနဲ့မတူ ငါ့ရန်သူ လုပ်လာကြတယ်။ အသက် အန္တရာယ်ပေးတဲ့အထိ လုပ်လာကြတယ်။ အများ ကြားမှာ အရှက်တကွဲ အကျိုးနည်းဖြစ်စေပြီး လူစု လူဝေးနဲ့ အန္တရာယ်ပေးနိုင်စေဖို့ Social Punishment လုပ်လာကြတယ်။ ဒီလိုနဲ့ ဆေးရုံဆေးခန်းတွေပိတ်ထားရတဲ့အဆင့်ရောက်တဲ့အထိ ကျန်းမာ ရေးဝန်ထမ်းတွေ CDM ဖြစ်သွားကြတယ်။ ပြည်သူ့ အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကြီး တစ်ခုလုံး ရပ်ဆိုင်းလုနီးပါး ဖြစ်သွားရတယ်။ ပြည်သူလူထုဒုက္ခရောက်ကြရတယ်ပေါ့ဗျာ။
နိုင်ငံတော်အစိုးရ ဆေးရုံ၊ ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တွေ၊ ကျန်းမာ ရေးဝန်ထမ်းတွေဟာ နိုင်ငံ့ဝန်ထမ်းတွေပါ။ ဒါ့ကြောင့် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေခြင်း၊ နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကို အလေးထား၍ ဆောင်ရွက်ခြင်း၊ မိမိအား ပေးအပ် ထားသော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ခြင်း၊ ပါတီနိုင်ငံရေး ကင်းရှင်းခြင်း၊ ပြည်သူကို ရိုသေလေးစားစွာ ဝန်ဆောင်မှုပေးခြင်း စတဲ့ နိုင်ငံ့ဝန်ထမ်းတာဝန်တွေကို အဓိက လိုက်နာ စောင့်ထိန်းကြဖို့ တာဝန်ရှိတယ်။ ဒါပေမဲ့ သူတို့ ပျက်ကွက်ကြတယ်။ မပျက်ကွက်ချင်သူကို ပျက်ကွက် အောင် လုပ်ကြတယ်။ စောင့်ထိန်းလိုက်နာချင်သူ တွေကို ဖောက်ဖျက်အောင် နည်းမျိုးစုံသုံးပြီး စည်းရုံး သိမ်းသွင်းခဲ့ကြတယ်။ ဒါက ဝန်ထမ်းကောင်းတွေကို စိတ်ဓာတ်ပျက်ပြားအောင် ဖျက်ဆီးတာပဲ။
နောက်တစ်ခုက ကျင့်ဝတ်ဖောက်ဖျက်တာ။ ဆရာဝန်ဆိုတာ ဆရာဝန်ကျင့်ဝတ်တွေကို လိုက်နာ ပါမယ်လို့ ပဋိညာဉ်ခံပြီးမှ ဆရာဝန်ဖြစ်တာလို့ ကျွန်တော်နားလည်ထားပါတယ်။ အဲဒီကျင့်ဝတ် တွေထဲမှာ လူနာတွေကို ဆေးကုသပေးရမယ်၊ ပြည်သူ့ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ရမယ်ဆိုတာ အဓိကဖြစ်မှာပါ။ ခုအဲဒီ အဓိကကျင့်ဝတ်ကို ဖောက်ဖျက်ကြလို့ CDM လုပ် ပြီး ဆေးမကုကြတော့ဘူး။ ပြည်သူ့ကျန်းမာရေးကို ဂရုမစိုက်ကြတော့ဘူး။ လူနာတွေကို ပစ်ပယ် လာကြတယ်။
ပြည်သူ့အကျိုးကို ရှေ့တန်းတင်ခဲ့
အဲဒီလို ဆရာဝန်တွေ၊ သူနာပြုတွေ မရှိတော့ တဲ့အချိန်မှာ ပိတ်ထားတဲ့ဆေးရုံတွေမှာ ပြည်သူ လူထုဒုက္ခကို ဖြေရှင်းပေးဖို့၊ ကုသပေးဖို့ တပ်မတော် က ဆရာဝန်တွေ၊ သူနာပြုတွေ တတ်နိုင်သမျှ မျှဝေစေလွှတ်ပြီး ဆေးရုံတွေ အရေးပေါ်ပြန်လည် ဖွင့်နိုင်အောင် ကြိုးစားခဲ့တယ်။ ကုသပေးခဲ့တယ်။ အားလုံးအသိပါပဲ။ တပ်မတော်ဆေးရုံတွေမှာလည်း ပြည်သူလူထုကို နေ့ညမပြတ် လက်ခံကုသပေး ခဲ့တယ်။ တပ်မတော် တာဝန်စယူခဲ့တဲ့အချိန်ကစပြီး ယခုအချိန်ထိ ငါးလကျော်ကာလအတွင်းမှာ ပြင်ပလူနာပေါင်း သုံးသိန်းနီးပါး၊ အတွင်းလူနာ ရှစ် သောင်းနီးပါး ကုသပေးခဲ့ပါတယ်။ အဲဒီလူနာတွေထဲ က အကြီးစားခွဲစိတ်မှု ၁၂၄၉၀၊ အသေးစား ခွဲစိတ်မှု ၆၆၄၃ ခု၊ ကလေးမီးဖွားခွဲစိတ်ပေးမှု ၆၃၄၄ ဦးနဲ့ ၈၉၈၄ ဦးကို ရိုးရိုးမွေးဖွားပေးနိုင်ခဲ့ကြောင်း သိရပါတယ်။ ဒါတွေဟာ အဲဒီတာဝန်ပျက်ကွက်တဲ့၊ ကျင့်ဝတ်ဖောက်ဖျက်တဲ့ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေရဲ့နေရာမှာ တပ်မတော်က ပါရဂူတွေ၊ ဆေးမှူးတွေ၊ သူနာပြုတွေနဲ့ အစားထိုးပြီး ပြည်သူ ကို ကျန်းမာရေးစောင့်ရှောက်ခဲ့တဲ့ သာဓကတွေပါပဲ။ တစ်နည်းအားဖြင့်တော့ တပ်မတော်ရဲ့ စေတနာနဲ့ အနစ်နာခံပြီး ပြည်သူ့အကျိုးကို ရှေ့တန်းတင်ခဲ့တဲ့ ဖြစ်ရပ်မှန်တွေပါပဲ။
အဲဒီတော့ ဖြစ်ခဲ့တာတွေ အစအဆုံး ရေးနေရ ရင်လည်း စာရှည်ရုံသာရှိမှာပါ။ ဒါ့ကြောင့် အကြမ်း ဖက်အဖွဲ့တွေဖြစ်ကြတဲ့ CRPH၊ NUG တို့တွေ စွပ်စွဲတဲ့အတိုင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရတာ ခက်လာတယ်၊ လျင်မြန်စွာ ကူးစက်လာနေတယ် ဆိုတာ အမှန်ပဲ။ ဒါပေမဲ့ အဲဒါ တပ်မတော်ကြောင့် မဟုတ်ဘူး။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေနဲ့ ကိုဗစ်ရောဂါကာကွယ်ရေးကို အဓိကထား ဦးစားပေးလုပ်ဆောင်ပေးနေတာ တွေ့ရပါတယ်။ CDM လုပ်ကြတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကြောင့်သာ ကိုဗစ် ကာကွယ်ရေးကို ခုလို ခက်ခက်ခဲခဲ ရင်ဆိုင်ကျော် လွှားနေရတာ ဖြစ်ပါတယ်။ ဒါဆိုရင် တရားခံ အစစ်ဟာ ဘယ်သူလဲဆိုတာ ပေါ်လွင်လောက် ပါပြီ။
မြန်မာနိုင်ငံရဲ့ကျန်းမာရေးယန္တရားကြီး ပြိုလဲ သွားအောင်၊ ရပ်တန့်သွားအောင် လုပ်ခဲ့တာ၊ ကျန်းမာရေးစောင့်ရှောက်ကုသမှုမခံရလို့ ရောဂါ တစ်မျိုးမျိုးနဲ့ သေဆုံးသွားကြတဲ့လူနာတွေနဲ့ ကိုဗစ် ရောဂါကူးစက်ခံကြရတာ၊ ဆရာဝန်၊ သူနာပြုတွေ မလုံလောက်တာ၊ ဆေးရုံဆေးခန်းတွေ ပိတ်ထား ရတာ အားလုံးရဲ့ တရားခံဟာ အဲဒီအကြမ်းဖက်သမား တွေပါပဲ။
ဒါကိုမသိချင်ယောင်ဆောင်ပြီး ဟိုပြောဒီပြော ပြောမနေကြပါနဲ့။ ဟိုစွပ်စွဲ ဒီစွပ်စွဲ မလုပ်ကြပါနဲ့။ ကိုယ်လုပ်ခဲ့တဲ့အမှား ကိုယ်တာဝန်ယူကြပါ။ မှားရင် မှားတာကို ဝန်ခံလိုက်ကြပါ။ ခု နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ပြန်လည်ဖိတ်ခေါ်နေပါ တယ်။ စေတနာကို နားလည်ပါ။ မှားရင် မှားမှန်း သိကြပါ။ လေလှိုင်းပေါ်မှာ ကြီးကြီးကျယ်ကျယ် မဟုတ်မဟတ်ပြောနေကြတဲ့ အဲဒီအကြမ်းဖက် ခေါင်းဆောင်ဆိုတဲ့လူတွေ နားလည်ကြပါ။ လူသား ဆန်ကြပါ။ ကျင့်ဝတ်နဲ့ ညီနိုင်ကြပါစေ။
နောက်တစ်ခု ပြောချင်သေးတယ်။ ခင်ဗျားတို့ စွပ်စွဲတာတစ်ခု။ ပညာရေး နိမ့်ကျနေတယ်တဲ့လား။ ပြောမှပြောတတ်ကြပလေ။ ပလီပလာတွေ ပတ်ချွဲ နပ်ချွဲ မပြောကြပါနဲ့။ သခင်အားရ ကျွန်ပါးဝ၊ သူများ အလိုကျ ပါးစပ်တွေမဟကြပါနဲ့။ ထိန်းထိန်း သိမ်းသိမ်း စဉ်းစဉ်းစားစားပြောကြရင် ကောင်းမယ် ထင်ပါတယ်။
တစ်နိုင်ငံလုံးဖြစ်ရပ်တွေက သက်သေ
ကျောင်းတွေပိတ်ခဲ့ရတာက ကိုဗစ်အစ ကတည်းကပါ။ တပ်မတော်က တာဝန်ယူပြီးတဲ့ နောက် ကျောင်းတွေကို ဇွန်လဆန်းမှာ ပြန်ဖွင့် ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ကျောင်းတွေမဖွင့် ဖြစ်အောင်၊ ဆရာ ဆရာမတွေ ကျောင်းမလာအောင်၊ စာမသင်အောင်၊ ကျောင်းသား ကျောင်းသူတွေ ကျောင်းလာမတက်အောင် လုပ်ခဲ့ကြတာ ဘယ်သူ တွေလဲ။ ဘယ်သူတွေက ခေါင်းဆောင်ခဲ့ကြတာလဲ။ ပညာသင်ကြားရေး ပျက်ပြားစေဖို့နဲ့ ကလေးတွေ ပညာမဲ့ဖြစ်အောင် ကြိုးစားနေကြတာ ဘယ်သူ တွေလဲ။ တစ်နိုင်ငံလုံးဖြစ်ရပ်တွေက သက်သေ အထင်အရှားပဲ။ ဟိုပြော ဒီပြော လျှောက်ပြော မနေကြပါနဲ့။
b စာမျက်နှာ ၆ မှ
အချုပ်ပြောရရင် ကျောင်းဆောင်တွေကို မီးရှို့ တာ၊ မိုင်းခွဲတာ ဒီအကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ အထောက်အပံ့နဲ့ ညွှန်ကြားချက်အတိုင်း အပြစ်မဲ့ တဲ့ပြည်သူတွေ၊ လူငယ်တွေကို ငွေပေးပြီး ခိုင်းနေ တာ အားလုံးအသိပါ။ ဆရာ ဆရာမတွေ ကျောင်းကို မလာဖို့၊ စာမသင်ဖို့ တားဆီးပိတ်ပင်တာ၊ ခြိမ်း ခြောက်တာ၊ ခြောက်လှန့်တားမြစ်တာ ခင်ဗျားတို့ ပဲလေ။ ဆရာ ဆရာမတွေကို Social Punishment တွေလုပ်၊ အာစရိယဂုဏ်ကို မထောက်ညှာ၊ ခေါင်း တုံးတုံး လေးကွက်ကြားရိတ်၊ နောက်ဆုံး အပြစ်မဲ့ ဆရာ ဆရာမတွေကို သတ်ဖြတ်တာအဆုံး ခင်ဗျား တို့ စီမံကွပ်ကဲလုပ်ခဲ့ကြတာ မဟုတ်လား။
သားသမီးချင်း ကိုယ်ချင်းမစာတဲ့ အတ္တသမားတွေ
ပြီးတော့ ကျောင်းသားတွေ ကျောင်းမတက်နဲ့ ကျောင်းပျက်၊ စစ်ကျွန်ပညာရေး အလိုမရှိ၊ ဘယ်သူ ဘယ်ဝါလာမှ ကျောင်းတက်မယ်၊ ဘယ်အစိုးရလာမှ ကျောင်းတက်မယ် စတဲ့ဆောင်ပုဒ်တွေ၊ ဗီနိုင်းတွေနဲ့ ကျောင်းသားတွေ ကျောင်းမတက်အောင်လုပ်တာ လည်း အဲဒီ CRPH နဲ့ NUG ခေါင်းဆောင်တွေရဲ့ အစီအမံပဲ။ ကလေးတွေကို ကျောင်းမတက်အောင် ခြိမ်း ခြောက်ရုံမက မူလတန်းကလေးတွေကိုတောင် လမ်းပေါ်တင်၊ ဆန္ဒပြ၊ ဆူပူအောင်ခိုင်းတဲ့သူတွေက အဲဒီ အကြမ်းဖက်သမားတွေပဲ။ သားသမီးချင်း ကိုယ်ချင်းမစာတဲ့ အတ္တသမားတွေရဲ့ အကြမ်းဖက်မှု တွေပဲ မဟုတ်ပါလား။
အဲဒီတော့ ဒီပညာရေးကိစ္စ မှန်မှန်ကန်ကန် သုံးသပ်ကြည့်ရင် လက်ရှိ တပ်မတော်အစိုးရက ကျောင်းတွေဖွင့်ဖို့ ကြိုးစားတယ်။ အကြမ်းဖက် သမားတွေက ကျောင်းတွေ မဖွင့်နိုင်အောင် လုပ်ကြ တယ်။ နိုင်ငံတော်က ကျောင်းဆောင်တွေ တည် ဆောက်၊ ပြုပြင်တယ်၊ Covid စည်းကမ်းနဲ့အညီ ကျောင်းတက်နိုင်အောင် စီစဉ်တယ်။ အကြမ်းဖက် သမားတွေက ကျောင်းဆောင်တွေ မီးရှို့တယ်၊ ဗုံးဖောက်တယ်၊ ဖျက်ဆီးတယ်။
နိုင်ငံတော်က ဆရာ ဆရာမတွေ၊ ကျောင်းသား တွေ၊ မိဘတွေ၊ ကျောင်းအဆောက်အအုံတွေ လုံခြုံ အောင် တပ်မတော်၊ ရဲ၊ ပြည်သူလူထု၊ မိဘတွေနဲ့ ကူညီစောင့်ရှောက်တယ်။ အကြမ်းဖက်အဖွဲ့တွေက အဲဒီအဖွဲ့တွေကို တိုက်ခိုက်တယ်၊ ဗုံးခွဲတယ်၊ သတ်တယ်၊ မီးရှို့တယ်။ ကျွန်တော်ရေးပြနေတာ တွေက ထင်ရာမြင်ရာ မဟုတ်ဘူးနော်။ ထုတ်ပြန် ထားတဲ့ သတင်းအချက်အလက်တွေအရပဲပြောတာ။ တာဝန်ယူထားတဲ့သူတွေက ကောင်းအောင်လုပ် ပေးနေတယ်။ အဖျက်သမားတွေက ပျက်အောင် ဖျက်နေကြတယ်။ တာဝန်ရှိသူတွေက အေးချမ်း သာယာဖွံ့ဖြိုးတိုးတက်အောင် လုပ်နေတယ်။ အကြမ်းဖက်သမားတွေက သူတို့ပြောတဲ့အတိုင်း ကျရှုံးနိုင်ငံဖြစ်အောင် ကြိုးစားဖျက်ဆီးနေကြတယ်။
ဒါလည်း ကိုဗစ်လိုပဲဗျာ။ ပြောရရင် အရှည်ကြီး ပါ။ ဒီနေရာမှာ တစ်ခုသတိထားမိတယ်။ ခု ခင်ဗျား တို့ စွပ်စွဲတဲ့ ကျန်းမာရေး၊ ပညာရေးကိစ္စတွေဆိုပါ တော့။ ဒီနေ့ထိ CDM မှာ များတာကလည်း ကျန်းမာ ရေးဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေ အများစု လို့ သိရပါတယ်။ တကယ်တော့ ဆရာဝန်တွေ၊ ကျောင်းဆရာ ဆရာမတွေဆိုတာ စာတွေသင်၊ ဘွဲ့တွေရ၊ ပညာတတ်လို့ လက်ခံထားကြသူတွေပဲ။ စာတတ်ကြတာကတော့ သေချာတယ်။ ငြင်းမရဘူး။ အာစရိယဂိုဏ်းဝင်တွေပဲ။ လေးစားစရာကောင်း တယ်။
ဉာဏ်ပညာအတွေးအခေါ်လေးနဲ့ပါ လုပ်ကြစေချင်
ဒါပေမဲ့ တစ်ချို့လုပ်နေကြတာက အမှားတွေ ဖြစ်နေပြီး မှားတာကို မှားမှန်းမသိသလို နိုင်ငံရော ပြည်သူပါ ဒုက္ခရောက်အောင်လုပ်နေကြတာ မြင်ရ တော့ စာတတ်တာနဲ့ ပညာတတ်တာ မတူဘူးလို့ ထင်မိတယ်။ ပညာက ပိုကျယ်ပြန့်တယ်။ ပညာက ပိုအရေးပါတယ်။ ပညာရှိကြဖို့ လိုတယ်လို့ တွေးမိ တယ်။ ကျွန်တော်ဆိုလိုတာ အားလုံးကိုမဟုတ်ဘူး နော်။ ဒီနေ့စာတတ်သော်လည်းပဲ ဉာဏ်ပညာ အတွေးအခေါ်မဲ့စွာနဲ့ လမ်းမှားကိုရောက်နေကြတဲ့ အကြမ်းဖက်အဖျက်သမားတွေကိုပဲ ဆိုလိုတာပါ။ ဒါကြောင့် လက်ရှိအကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံနဲ့ ပြည်သူကို ဒုက္ခမျိုးစုံရောက်အောင် လုပ်နေ ကြတဲ့ စာတတ်ပေတတ်ပုဂ္ဂိုလ်ကြီးတွေကို ဉာဏ် ပညာအတွေးအခေါ်လေးနဲ့ပါ လုပ်ကြစေချင်ပါတယ် လို့ တိုက်တွန်းချင်ပါတယ်။
ကျွန်တော်တင်ပြခဲ့တာတွေကို ကြည့်ရင် ဒီနေ့ အကြမ်းဖက်သမားတွေ စွပ်စွဲနေကြတဲ့၊ အပုပ်ချ ပြောနေကြတဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေးတွေ ကျဆင်းနေရပြီး နိုင်ငံတော်မတည်မငြိမ်ဖြစ်နေရခြင်း စတဲ့မကောင်းကျိုး မှန်သမျှရဲ့ တရားခံအစစ်ဟာ လက်ရှိအကြမ်းဖက် အုပ်စုတွေသာ ဖြစ်ပါတယ်။ ကိုယ့်မျက်ချေး ကိုယ်ပြန်မြင်ကြဖို့ လိုတယ်။ နိုင်ငံရေးမှာ မိမိကိုယ် မိမိ ဝေဖန်ဖို့အရေးကြီးတယ်လို့ ကြားဖူးတယ်။
နိုင်ငံတော် တည်ငြိမ်အေးချမ်းဖို့၊ သာယာဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့၊ အမှား အမှန်ကို ဝေဖန်သုံးသပ်ပြီး မှားနေရင် ပြင်ကြဖို့ လိုပါလိမ့်မယ်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ပြန်လာကြဖို့၊ ပူးပေါင်းကြဖို့ စိတ်စေတနာကောင်းနဲ့ ဖိတ်ခေါ်ထားပါတယ်။ လက်ကမ်းကြိုဆိုနေပါတယ်။ အချိန်က နောက်ကျ နေပြီဆိုပေမယ့်လည်း မနှောင်းသေးပါဘူး။ အချိန်မီ ပါသေးတယ်။
ဒါကြောင့် ဒီနေ့ အကြမ်းဖက်လုပ်ငန်း လုပ်ကိုင်နေကြသူတွေအပါအဝင် ပြည်သူလူထု တစ်ရပ်လုံးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနဲ့ တည်ငြိမ်အေးချမ်းရေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီနဲ့အတူ လက်တွဲဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံတော်ကောင်းကျိုးကို တက်ညီလက်ညီ သယ်ပိုး ထမ်းရွက်ကြပါစို့လို့ ဆန္ဒပြုတိုက်တွန်းအပ်ပါတယ်။ အတွေးအခေါ်မှန်ကန်စွာနဲ့ လမ်းကြောင်းမှန်ပေါ်မှာ လက်တွဲလျှောက်လှမ်းကြပါစို့လားဗျာ။ ။
- Log in to post comments