ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ပြင်သစ်နိုင်ငံသံအမတ်ကြီးနှင့် ပြင်သစ်နိုင်ငံအခြေစိုက် MEDEF International စီးပွားရေးကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Image not available
ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ပြင်သစ်နိုင်ငံသံအမတ်ကြီးနှင့် ပြင်သစ်နိုင်ငံအခြေစိုက်
MEDEF International စီးပွားရေးကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
 
============================================================
နေပြည်တော် ဖေဖော်ဝါရီ ၅
 
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာနိုင်ငံ ဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး Mr Christian Lechervy နှင့် ပြင်သစ်နိုင်ငံ အခြေစိုက် MEDEF International စီးပွားရေး ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော် ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
 
ရှင်းလင်းဆွေးနွေး
 
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနတွင် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့် အဓိကစီမံကိန်း များနှင့်စပ်လျဉ်း၍ အကျဉ်းချုပ် ရှင်းလင်းဆွေးနွေးပြီး ပြင်သစ်နိုင်ငံ သံအမတ်ကြီးနှင့် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့၏ မေးမြန်းချက် များကို ရင်းနှီးပွင့်လင်းစွာ ရှင်းလင်း ဆွေးနွေးခဲ့သည်။
 
သတင်းစဉ်