2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၈/၂၀၂၀)ကျင်းပ

Image not available
 
 
 
နေပြည်တော် ဖေဖော်ဝါရီ ၄
 
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ နံနက် ၇ နာရီတွင် နေပြည် တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပ သည့် 2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့် ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးဗဟိုအဆင့်နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၈/၂၀၂၀) သို့ တက်ရောက် သည်။
 
လုပ်ဆောင်နေ
 
အစည်းအဝေးတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်မှနောက်ဆုံးထုတ်ပြန်ချက်များ၊ နိုင်ငံတကာပညာရှင်များက ကွန်ပျူတာအသုံးပြု မျှော်မှန်းတွက်ချက်ခြင်းဖြင့် တွက်ချက် ထားသော ရောဂါဖြစ်ပွားသူတစ်ဦးထံမှ အခြားသူများထံကူးစက်ပြန့်ပွားနိုင်မှု အခြေခံနှုန်းတန်ဖိုးမြင့်မားနေမှု၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် အခြားနိုင်ငံများမှ 2019 Novel Coronavirus ရောဂါပိုးကြောင့်ဖြစ်ပွားသော လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကုထုံးသစ်များ စမ်းသပ်နေမှု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်း တွင် ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာ ဝန်ကြီးဌာနပညာရှင်များ၏ ကူးစက်ရောဂါဗေဒရှုထောင့်မှ အသေးစိတ်သုံးသပ်ချက်များ နှင့် ရောဂါကုသမှုဆိုင်ရာအတွက် ကုသရေးရှုထောင့်မှ သုံးသပ်ချက်များ၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းကို အရှိန် အဟုန်ဖြင့်ဆောင်ရွက်ခြင်း၊ သံသယလူနာများအား စောစီး စွာထောက်လှမ်းခြင်း၊ သံသယလူနာ/ အတည်ပြုလူနာ များအား အခြားသူများနှင့်မထိတွေ့စေဘဲ သီးခြားခန်းတွင် ထားရှိကုသမှုပေးခြင်း၊ သံသယလူနာ/လူနာနှင့် အနီးကပ် ထိတွေ့ဆက်ဆံဖူးသူများကိုထောက်လှမ်း၍ ရောဂါစောင့် ကြပ်ကြည့်ရှုခြင်း၊ ရောဂါထပ်မံပျံ့နှံ့မှုကိုကာကွယ်ထိန်းချုပ် ခြင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် သတင်းအချက်အလက် များ အပြန်အလှန်ဝေမျှခြင်းတို့ကို လုပ်ဆောင်နေမှု။
 
မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာလေဆိပ် သုံးခုနှင့် တိုင်းဒေသကြီး/ ပြည်နယ် လေးခုမှ မြို့နယ် ၁၀ မြို့နယ်ရှိ တရားဝင်နယ်စပ် ဝင်၊ ထွက်ပေါက် ၂၀ တွင် ဝင်ထွက်သွား လာနေမှုများအား ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်း ဆောင်ရွက်နေမှုများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လေယာဉ်ဝင်ရောက်မှုမှာ ယခင်ကနေ့စဉ် ၂၆ စင်းရှိရာမှ ယခု အခါ ရှန်ဟိုင်းနှင့် ဟောင်ကောင်မှ လေယာဉ်နှစ်စင်းသာ ဝင်ရောက်မှု၊ မြန်မာနိုင်ငံတွင် သံသယလူနာနှင့်စောင့်ကြည့် လူနာတွေ့ရှိမှုနှင့် ဆောင်ရွက်ထားရှိမှုများ၊ ထိုသို့တွေ့ရှိမှု များတွင် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ၏ ကောင်းမွန်သော ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နေမှု၊ သံသယလူနာများနှင့် အတူ နေထိုင်သူများ၊ ရောဂါကူးစက်ခံရနိုင်ခြေရှိသည့် သံသယလူနာနှင့် အနီးကပ်ထိတွေ့ဆက်ဆံဖူးသူများကိုထောက်လှမ်း၍ ရောဂါစောင့်ကြပ်ကြည့်ရှုနေမှု။
 
ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ထား
 
ဟိုတယ်နှင့်တည်းခိုခန်းများ၌ သံသယရောဂါလက္ခဏာ များတွေ့ရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အကြောင်း ကြားနိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ထားရှိမှု၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအသီး သီးမှ ပေးပို့လာသော ဆောင်ရွက်နေမှုအခြေအနေနှင့်သတင်း ပေးပို့နေမှု အခြေအနေများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့မှ အထူးလေယာဉ်ဖြင့် ဖေဖော်ဝါရီ ၂ ရက်တွင် မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိခဲ့သော မြန်မာ နိုင်ငံသား ပညာသင် ၅၉ ဦး၏ ကျန်းမာရေးအခြေအနေသည် (ယနေ့ နံနက်ပိုင်းစစ်ဆေးချက်များအရ) ကောင်းမွန်နေမှု၊ ဘဏ္ဍာရေး၊ ဆေးနှင့်ဆေးပစ္စည်းများ စုဆောင်းထားရှိမှု၊ ရရှိမှု၊ ခွဲဝေဖြန့်ဖြူးထားမှုအခြေအနေများ စသည်တို့အပါ အဝင် နောက်ဆုံးသတင်းအချက်အလက်များကို တင်ပြခြင်း၊ ဝေမျှခြင်းနှင့် ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ကြ သည်။
 
သတင်းထုတ်ပြန်ပေးလျက်ရှိ
 
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ ဝန်ထမ်းများ၊ ပညာရှင်များအနေ ဖြင့် 2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့် ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို“ပထမဦးစားပေးအရေးပေါ်” ကိစ္စရပ်အဖြစ် အားထုတ် ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့ အားလုံးသည် ပြည်သူတစ်ရပ်လုံး၏အကျိုးအတွက် ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်နေကြ သည်ဖြစ်သဖြင့် အလေးထားပြီး နိုးကြားတက်ကြွစွာတုံ့ပြန် ဆောင်ရွက်ရန်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရောဂါဖြစ်ပွားမှု များနှင့်ပတ်သက်၍ ကောလာဟလ သတင်းတုများကို ချေဖျက်ရေးကိစ္စရပ်များကို အလေးထားဆောင်ရွက်ရန် အဖွဲ့ဝင်နိုင်ငံများအား အကြံပြုထားပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့်လည်း အင်တာနက်စာမျက်နှာနှင့် လူမှုကွန်ရက် စာမျက်နှာများတွင် အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန် ပေးလျက်ရှိပါကြောင်း။
 
ပြည်သူလူထုအား 2019-nCoV လတ်တလော အသက် ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားပျံ့နှံ့မှုအခြေအနေ အားဖော်ပြရာတွင် ရှင်းလင်းလွယ်ကူသော Dashboard ပုံစံဖြင့် ပြသနိုင်ရေး ဌာနအတွင်းတိုင်ပင်လုပ်ဆောင်ကြ ရန်၊ လူနာထံမှ ဓာတ်ခွဲနမူနာများရယူမှု၊ အမျိုးသားကျန်းမာ ရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ပေးပို့မှု၊ အတည်ပြုစစ်ဆေးနိုင် ရေးအတွက် ဆောင်ရွက်မှုအဆင့်ဆင့်တို့အား ပြည်သူများ သိရှိစေနိုင်ရန်အတွက် ဝန်ကြီးဌာန၏ အင်တာနက်စာမျက် နှာတွင် ထုတ်ပြန်ရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဆက်သွယ်မှုလမ်းကြောင်း တိကျပြတ်သားမှုသည် အထူး အရေးကြီးကြောင်းနှင့် သို့မဟုတ်ပါက မလိုလားအပ်သောနှောင့်နှေးမှုများနှင့် ရှုပ်ထွေးမှုများကို ကြုံတွေ့ရနိုင်ပါကြောင်း။
ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးရုံများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာန၊ အမျိုးသားကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲမှုဌာန၊ လေဆိပ်ကျန်းမာရေးဌာနများ၊ နယ်စပ်ဝင်၊ ထွက်ပေါက်များရှိ ကျန်းမာရေးတာဝန်ရှိသူများအားလုံး အကြား မည်သည့်ဌာနမှ မည်သို့ဆက်သွယ်ဆောင်ရွက် ရမည်ဆိုသည့် ဆက်သွယ်ချိတ်ဆက်မှုလမ်းကြောင်းများကို ရှင်းလင်းစွာသိရှိနိုင်ရေးအတွက် လုပ်ငန်းအဆင့်ဆင့်ချိတ်ဆက်ဆောင်ရွက်ပုံ အစီအစဉ်လမ်းကြောင်းပြ ကားချပ် ကိုရေးဆွဲပြီး သက်ဆိုင်ရာသို့ ဖြန့်ဝေပေးရန်၊ ဟိုတယ်နှင့် တည်းခိုခန်းများတွင် သံသယလူနာတွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ရန် အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအလိုက် တယ်လီဖုန်း နံပါတ်များထားရှိထုတ်ပြန်ရန်၊ အဆိုပါ ဖုန်းနံပါတ်များကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသို့ ပေးပို့ရန်၊ နယ် စပ်ဒေသများနှင့် ရောဂါကူးစက်ဝင်ရောက်နိုင်ခြေရှိသောနေရာဒေသများရှိ ကျန်းမာရေးဌာနများသို့ ဆေးနှင့် ဆေးပစ္စည်း များ ပိုမိုဖြန့်ဝေပေးခြင်းကိုသာမက နေရာဒေသအရ အချက် အချာကျသော၊ မဟာဗျူဟာကျသော ကျန်းမာရေးဌာနများ တွင် ဆေးနှင့်ဆေးပစ္စည်းများ စုပုံထားရှိကာ ထပ်မံလိုအပ် သည့်နေရာများသို့ အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်သွားရန်၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဆေးရုံများရှိ သီးခြား ခန်းများသာမက တည်ဆောက်ပြီးစီးပြီး အသုံးပြုခြင်းမရှိ သေးသော ကျန်းမာရေးဌာန အဆောက်အဦများတွင် စောင့် ကြည့်လူနာနှင့် သံသယလူနာများထားရှိနိုင်ရေးအတွက်ရောဂါစောင့်ကြပ်ကြည့်ရှုခန်းနှင့် သီးခြားခန်းများ ပြင်ဆင် ထားရှိရန်။
 
တောင်ဥက္ကလာပအမျိုးသမီးနှင့် ကလေးဆေးရုံ အဆောက်အဦအပါအဝင် တည်ဆောက်ပြီးစီးပြီး အသုံးပြု ခြင်းမရှိသေးသော တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှကျန်းမာရေးအဆောက်အဦများ စာရင်းပြုစုတင်ပြရန်၊ လုပ်ငန်းများအတွက် ဘဏ္ဍာငွေများ ထပ်မံလိုအပ်နိုင်သည် ဖြစ်သဖြင့် ကြိုတင်တွက်ဆကာ ပြင်ဆင်ထားရှိရန်နှင့် လိုအပ်ပါက ဝန်ကြီးဌာန၏ အရေးပေါ်ရန်ပုံငွေမှ အသုံးပြု ရန်၊ နယ်စပ် ဝင်/ ထွက်ပေါက် ကုန်းလမ်းမှဝင်ရောက်လာ သူများကို ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့်ပတ်သက်၍ ဝန်ကြီးဌာနများအကြား ညှိနှိုင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းကိစ္စရပ်များကို ပိုမိုကောင်းမွန်စေရေး သုံးသပ်လုပ် ဆောင်ရန်၊ အဆိုပါကိစ္စရပ်များတွင် လူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ သည် အရေးကြီးသဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ် ကျန်းမာရေးဌာနများအနေဖြင့် ၎င်းတို့နှင့်ပူးပေါင်းဆောင် ရွက်ရန်။
 
ပူးပေါင်းဆောင်ရွက်ရန်အရေးကြီး
 
နယ်စပ်ဒေသများတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းများဆောင်ရွက်ရာတွင် အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၊ နယ်စပ်ရေးရာဝန် ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင် ရွက်ရန်မှာ အရေးကြီးပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဆောင် ရွက်နေသည့်လုပ်ငန်းများနှင့်ပတ်သက်၍လည်း အသိပေး ရှင်းလင်းထားရန်၊ နယ်စပ်ဝင်/ ထွက်ပေါက်များတစ်လျှောက် ရှိနေသည့်မြို့များမှ ပြည်သူများ အဆိုပါကျန်းမာရေးအသိပညာဗဟုသုတများ ရရှိစေရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားရန်၊ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက် ၍ ကပ်ရောဂါဗေဒရှုထောင့်မှ ဆန်းစစ်သုံးသပ်ချက်များ၊ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် အကြံပြုချက်များ၊ ဆေးနှင့်ဆေးပစ္စည်းကိရိယာများ ဝယ်ယူဖြန့်ဖြူးခြင်းဆိုင်ရာ ဆန်းစစ်သုံးသပ်ချက်နှင့် အကြံပြုချက်များကို ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်)နှင့် အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး)တို့ရှိ ပညာရှင်များကလုပ်ဆောင်ရန်၊ လူစုလူဝေးများပြားသည့် ပွဲလမ်းသဘင်များတွင် ပိုမိုကူးစက်ပြန့်ပွားနိုင်သည်ဖြစ်၍ ပွဲလမ်းသဘင်များကို ယခုကာလအတွင်းလိုအပ်မှသာ ကျင်းပခြင်းနှင့်တတ်နိုင်သမျှလျှော့ချခြင်း (social distancing) ဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုများကို ကာကွယ်လျှော့ချနိုင်မည် ဖြစ်ပါကြောင်း၊ သိပ္ပံနည်းကျပြီး အထောက်အထားများကို အခြေခံ၍ ကျိုးကြောင်းဆီလျော်သော ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
 
အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြား ရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေး သတင်းအချက်အလက်)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ ဘဏ္ဍာ)၊ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေး)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (မိခင်၊ ကလေး၊ မျိုးဆက်ပွား၊ ကျောင်း ကျန်းမာ၊ အာဟာရ)၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး)၊ နေပြည်တော်ခုတင်(၁၀၀၀) ဆံ့ ပြည်သူ့ ဆေးရုံအုပ်ကြီး၊ ကူးစက်ရောဂါကုသရေးဆိုင်ရာ ပါမောက္ခ များ၊ ဆေးပညာပါမောက္ခများနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ eHealth ကဏ္ဍအသီးသီးမှ တာဝန်ရှိသူ များတက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြု ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
 
သတင်းစဉ်