
နေပြည်တော် ဖေဖော်ဝါရီ ၄
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန မူးယစ် ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် အမျိုးသား လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးများ၊ ပါမောက္ခ ချုပ်များ၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၁၃၄ ကျောင်းမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရေရှည်ဆောင်ရွက်
ရှေးဦးစွာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မူးယစ်ဆေးဝါးအန္တရာယ်သည် အနာဂတ်နိုင်ငံအတွက် အားထားရမည့် ယနေ့လူငယ်များ၏ အနာဂတ်ကို ပျက်စီးစေနိုင်သည့်အတွက် မူးယစ်ဆေးဝါး အန္တရာယ်မှ ရှောင်ရှားနိုင်ရေး အသိပညာပေးရန်နှင့် မူးယစ် ဆေးဝါးများကို လက်လှမ်းမမီရန် လိုအပ်ပါကြောင်း၊ ထိုကိစ္စ များကို အစိုးရအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်နှင့် ထိရောက် သောစီမံချက်များဖြင့် အကောင်အထည်ဖော်ရန် လိုအပ် ကြောင်း၊ မူးယစ်ဆေးဝါးကိစ္စသည် ရေရှည်ဆောင်ရွက်ရမည့် ကိစ္စဖြစ်ရာ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများပြဋ္ဌာန်းပြီး မဟာ ဗျူဟာများရေးဆွဲချမှတ်၍ အကောင်အထည်ဖော်ရမည် ဖြစ်ကြောင်း၊ လူငယ်ရေးရာမူဝါဒကို လူငယ်များကိုယ်တိုင် ရေးဆွဲဆောင်ရွက်ခဲ့ရာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ပြဋ္ဌာန်း နိုင်ခဲ့ပါကြောင်း၊ လူငယ်ရေးရာမူဝါဒကိုကဏ္ဍ (၁၆)ရပ်ဖြင့် ရေးဆွဲဆောင်ရွက်ခဲ့ပြီး ကဏ္ဍသုံးရပ်သည် မူးယစ်ဆေးဝါး ကဏ္ဍဖြစ်ကြောင်း။
မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် မဟာဗျူဟာ(၅)ရပ် ချမှတ် ထားရှိရာ လူငယ်များကို မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသောဆေးဝါးများအန္တရာယ်မှ ထိရောက်စွာကာကွယ် ပေးရန်၊ မူးယစ်ဆေးဝါးအန္တရာယ်မှ ကာကွယ်ရေးလုပ်ငန်း များတွင် လူငယ်များက တက်ကြွစွာဦးဆောင်ပါဝင်လာစေရန်၊ မူးယစ်ဆေးဝါးသုံးစွဲသည့်လူငယ်များကို ထိရောက်စွာ ကုသ၍ ပြန်လည်ထူထောင်ပေးရန်၊ လူငယ်များအကြား မူးယစ်ဆေးဝါးနှင့်ဆက်နွှယ်သော အကြမ်းဖက်မှု မှုခင်းများ လျှော့ချရန်နှင့် အကြမ်းဖက်ခံရခြင်းမှလည်း အကာအကွယ် ပေးရန်နှင့် စွဲလမ်းစေတတ်သည့် ဆေးလိပ်၊ ဆေးရွက်ကြီး၊ ကွမ်း၊ အရက် စသည်တို့ကို လူငယ်များသုံးစွဲမှုမှ ရှောင်ကြဉ် လျှော့ချစေရန်တို့ဖြစ်ကြောင်း၊ တက္ကသိုလ်ပါမောက္ခချုပ်ကြီး များက ဦးဆောင်၍ တက္ကသိုလ်ကျောင်းသား ကျောင်းသူ များကို မူးယစ်ဆေးဝါးဆိုင်ရာ ပညာပေးမှုနှင့် ကာကွယ် စောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းများတွင် ပြည်သူများအကြား အမျိုးသားလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်နိုင်ရေး ဆွေးနွေးလိုခြင်းဖြစ်ကြောင်း။
ဆွေးနွေး
မူးယစ်ဆေးကင်းဝေးသော ကျောင်း၊ တက္ကသိုလ်၊ ရပ်ကွက်၊ ကျေးရွာများဖြစ်ပေါ်စေရေး ဆောင်ရွက်ခြင်းတို့ ပါဝင်ကြောင်း၊ ယနေ့ဆွေးနွေးပွဲသို့ တက်ရောက်လာကြ သော ပါမောက္ခချုပ်ကြီးများသည် လူငယ်များနှင့် အကျွမ်း တဝင်ရှိပြီး နေ့စဉ် ထိတွေ့ဆောင်ရွက်နေကြရသူများဖြစ်ရာ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် လူငယ်ရေးရာမူဝါဒပါလုပ်ငန်းစဉ်များ စတင်အကောင် အထည်ဖော်ရာတွင် စေတနာ့ဝန်ထမ်းလုပ်အားပေး အစီအစဉ်များကို တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၏ ပါဝင်မှုဖြင့် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ မိမိတို့ဝန်ကြီး ဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့နှင့် အတူတကွပူးပေါင်းဆောင် ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
လာရောက်သင်ကြား
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၁၃၄ ခုရှိပါကြောင်း၊ ဆရာ ဆရာမ ၂၁၉၈၇ ဦးရှိပြီး ကျောင်းသား ကျောင်းသူ နေ့သင်တန်းနှင့် အဝေးသင် စုစုပေါင်း ၁၀၁၅၂၇၄ ဦး ရှိပါ ကြောင်း၊ ကျောင်းသားဦးရေတိုးလာပြီး ဆရာ ဆရာမဦးရေ လျော့သွားသဖြင့် တက္ကသိုလ်များတွင် လိုအပ်သည့် ဘာသာရပ်များအတွက် ခန့်အပ်ရန် ခွင့်ပြုချက်ရရှိရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာစာ လာရောက် သင်ကြားသူ နိုင်ငံခြားကျောင်းသား ၄၆၄ ဦးရှိပါကြောင်း၊ ပါရဂူဘွဲ့ရရှိသူ ၂၁၅ ဦး၊ မဟာဘွဲ့ရရှိသူ ၅၂၄၉ ဦး၊ ရိုးရိုးဘွဲ့ နှင့် ဂုဏ်ထူးဘွဲ့ရရှိသူ ၁၄၀၅၃၀၊ ဒီပလိုမာရရှိသူ ၉၄၉၈ ဦး၊ သင်တန်းလက်မှတ်ရရှိသူ ၂၄၃၈ ဦး စုစုပေါင်း ၁၅၅၄၅၇ ဦးရှိပါကြောင်း၊ နိုင်ငံခြားပညာရှင် ၆၈ ဦးရှိပါကြောင်း။
ရန်ကုန်တက္ကသိုလ်နှင့် တက္ကသိုလ် (၇) ကျောင်း၊ မန္တလေးတက္ကသိုလ်နှင့် တက္ကသိုလ်(၇)ကျောင်းတို့ကိုလည်း ၂၀၁၉- ၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်၀င်ခွင့် ကိုယ်ပိုင်စီမံခန့်ခွဲဆောင်ရွက်ရန်ခွင့်ပြုခြင်းနှင့် တက္ကသိုလ် ဝင်ခွင့်အတွက် သက်ဆိုင်ရာတက္ကသိုလ်များတွင် လျှောက် ထားခွင့်ပြုခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုလ်များတွင် ဘာသာရပ်အသစ်များ တိုးချဲ့ဖွင့်လှစ်ခြင်း၊ ပညာရေးကောလိပ်များတွင် လေးနှစ်သင်ပညာရေး(ဝိဇ္ဇာ/ သိပ္ပံဘွဲ့)သင်တန်းများကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သိပ္ပံ ပြပွဲ၊ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ၊ နည်းပညာပြပွဲများ ကိုလည်း များများပြုလုပ်ပေးစေလိုကြောင်း၊ သုတေသန စာတမ်းများရေးသားရာတွင် ပြည်တွင်း ပြည်ပသုတေသန ဂျာနယ်များတွင် သုတေသနစာစောင် ၅၅၉၅ စောင် ရေးသားနိုင်ခဲ့ပါကြောင်း။
ပြုစုပျိုးထောင်သင်ကြား
နိုင်ငံခြားပညာတော်သင်၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် စာတမ်းဖတ်ပွဲများ တက်ရောက်ရန် စေလွှတ်သူ ၁၁၉၅ ဦး ရှိပါကြောင်း၊ e-Library၊ Online Registration/ e-Payment၊ Capacity Building, Professional Development, Management and Governance, Online Courses, e-Learning Courses လုပ်ငန်းများကိုလည်း အားပေးလျက်ရှိပါကြောင်း၊ University များနှင့်ပတ်သက်၍ Attitudes, Values ကောင်းမွန်၍ အကြောင်းအကျိုး အကောင်းအဆိုး မှားမှန်ကို ကရုဏာအသိဖြင့် ရွေးချယ် နိုင်စွမ်းရှိသော လူသားကောင်းများဖြစ်လာစေရန် Employability ရှိသော ဘွဲ့ရသူများ ပြုစုပျိုးထောင်သင်ကြား သင်ယူလေ့ကျင့်၍ အခြေခံသုတေသနဆောင်ရွက်နိုင်စွမ်း ကောင်းရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာသော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ တာဝန်ရှိသူ များက မိမိတို့တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အလိုက် အားသာချက်၊ အားနည်းချက်နှင့် စိန်ခေါ်မှုများကို ပါဝါပွိုင့် များဖြင့် ရှင်းလင်းတင်ပြကြကြောင်း သိရသည်။
သတင်းစဉ်