မြဝတီမြို့၌ လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ Drone များ ဖမ်းဆီးရမိ

 

နေပြည်တော်  ဇူလိုင်  ၁၅


မြန်မာနိုင်ငံအတွင်း  အကြမ်းဖက်လုပ်ဆောင်သူများ နှင့် NLD ပါတီဝင်များ၊ ၎င်းပါတီအား   ထောက်ခံ အားပေးသူများအနေဖြင့် အချို့မြို့ကြီးများ၌  အစိုးရ ၏   အုပ်ချုပ်မှုယန္တရားကို ပျက်ပြားစေရန် ရည်ရွယ် ချက်ဖြင့်    အပြစ်မဲ့ပြည်သူများအား    ဒလန်ဟုစွပ်စွဲ သတ်ဖြတ်ခြင်း၊     စာသင်ကျောင်းများအပါအဝင် အစိုးရပိုင်အဆောက်အအုံများအား  မီးရှို့ဖျက်ဆီးခြင်း များနှင့်    ဖောက်ခွဲဖျက်ဆီးခြင်းလုပ်ငန်းများ ဆောင် ရွက်လျက်ရှိရာ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု များပြားနေသည့် ယခုကာလအတွင်း၌လည်း ပြည်သူ များ ပိုမိုအထိတ်တလန့် ဖြစ်စေရန်အတွက် ဖောက်ခွဲ ဖျက်ဆီးခြင်း  စသည့် အကြမ်းဖက်လုပ်ရပ်များအား ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ထိုသို့ အကြမ်း ဖက်တိုက်ခိုက်မှုဖြစ်စဉ်များ    ဖြစ်ပွားမှုမရှိစေရေး အတွက်    လုံခြုံရေးတပ်ဖွဲ့ဝင်များက   လိုအပ်သည့် စုံစမ်းဖော်ထုတ်မှုများ ဆောင်ရွက်ကာ အကြမ်းဖက် သမားများ၏  လက်နက်၊ ခဲယမ်းများ၊ ဖောက်ခွဲရေး ပစ္စည်းများနှင့်    ဆက်စပ်ပစ္စည်းများကို   ဖော်ထုတ် သိမ်းဆည်းလျက်ရှိသည်။


ထိုသို့ဆောင်ရွက်လျက်ရှိရာ       ဇွန်  ၂၆  ရက် မွန်းလွဲပိုင်းတွင်      မြဝတီမြို့    အမှတ်(၄)ရပ်ကွက်၊  ဇော်ဂျီလမ်းသွယ်၊ (၁)လမ်း၌ ဖောက်ခွဲရေး ပြုလုပ် သူများ  ရောက်ရှိနေကြောင်း   သတင်းအရ  လုံခြုံရေး တပ်ဖွဲ့ဝင်များက        သွားရောက်ဖမ်းဆီးခဲ့ရာ ကောင်းမြတ် သူ(၃၅)နှစ်၊   ရွှေစိုး(၃၂)နှစ်၊   ရန်လင်း အောင်(၂၄)နှစ်၊   နန္ဒာစိုး (၃၁) နှစ်၊ နှင်းရီရီလွင် (၂၄)နှစ်နှင့် နှင်းနုထား(၃၂)နှစ်တို့ခြောက်ဦးအား GLOCK အမျိုးအစား  ၉ မမ ပစ္စတိုတစ်လက်၊  ၎င်းကျည် ၁၉ တောင့်၊   ပွိုင့်-၂၂  ကျည် ၄၂ တောင့်၊  ယမ်းကြိုး            အချောင်း ၈၀၊ Drone  နှစ်စင်း၊  လက်လုပ်မိုင်းပြုလုပ်ရာ တွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား  ဖမ်းဆီး ရမိခဲ့ပြီး      ဆက်စပ်တရားခံ  ဟိန်းထက်(ခ)ကြုတ် ကြုတ် (၂၈)နှစ်အား    ဇွန် ၂၈ ရက်တွင်   မြဝတီမြို့၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိတရားခံ       ကောင်းမြတ်သူအား စစ်ဆေးမေးမြန်းချက်အရ   ၎င်းသည်   ဗုံးများအား ဖုန်းဖြင့်   ချိတ်ဆက်ဖောက်ခွဲရာတွင်   အသုံးပြုသည့် Switch ခလုတ်များအား   ရန်လင်းအောင်၊   နန္ဒာစိုး တို့နှင့်အတူ   စမ်းသပ်တီထွင်   ပြုလုပ်နေသူတစ်ဦး ဖြစ်ပြီး Switch ခလုတ်များအတွက်   လိုအပ်သော ပစ္စည်းများအား   ဖောက်ခွဲရေးလုပ်ငန်းများအတွက် အားပေးထောက်ခံသူ    စောမြဦး(မဲဆောက်)နှင့် ချိတ်ဆက်မှာယူ၍ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


ထို့အပြင် ပေါက်ကွဲစေတတ်သော   ဗုံးသီးများ သယ်ဆောင်နိုင်သည့် Drone များအား   ရန်လင်း အောင်၊ နန္ဒာစိုးတို့နှင့်အတူ   စမ်းသပ်တီထွင်မှုများ ပြုလုပ်ခဲ့ပြီး အောင်မြင်မှုမရှိသေးကြောင်းနှင့် လိုအပ် သောပစ္စည်းများအား   ထိုင်းနိုင်ငံသို့   ရောက်ရှိနေ သော စည်သူဝင်းထံက  ချိတ်ဆက်မှာယူ၍ လိုအပ် သော ငွေကြေးများအား ဆွီဒင် နိုင်ငံသို့ ရောက်ရှိနေ သော ကိုမျိုးက ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။


သို့ဖြစ်ပါ၍   နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားအောင် အဖျက်အမှောင့်လုပ်ငန်းများ    လုပ်ဆောင်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား    တိုက်ခိုက်ရန်   လုပ် ဆောင်မည့် တရားခံခုနစ်ဦးအား   ပစ္စတိုသေနတ်     တစ်လက်၊ ၉ မမကျည် ၁၉ တောင့်၊ ပွိုင့်-၂၂ ကျည် ၄၂ တောင့်၊  ယမ်းကြိုး အချောင်း ၈၀၊ Drone နှစ်စင်း၊ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများနှင့်အတူ     ဖမ်းဆီးနိုင်ခဲ့ပြီး    ၎င်းတို့အား ဥပဒေအရ  ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်     ဆက်စပ် တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက   သက်ဆိုင်ရာသို့   လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်းနှင့်   မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါ ရန် မေတ္တာရပ်ခံအပ်ပါကြောင်း   အသိပေးသတင်း ထုတ်ပြန်ထားသည်။


သတင်းစဉ်