
ဂျေရုဆလင် ဇူလိုင် ၁၆
သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နယ်ပယ်များ တွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် သဘောတူညီမှုတွင် အစ္စရေးတို့ ယူအေအီးနိုင်ငံတို့ ဇူလိုင် ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်ဟု အစ္စရေးနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ဝန်ကြီးဌာနက ပြောသည်။
နှစ်နိုင်ငံရင်ဆိုင်ကြုံတွေ့နေရသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ယေဘုယျပြဿနာများကို အတူပူးပေါင်းဖြေရှင်းနိုင်စွမ်းကို မြှင့်တင် ရန် ရည်ရွယ်ထားသည်။
ရာသီဥတုဆိုင်ရာစိန်ခေါ်မှုများ၊ သဘာဝပတ်ဝန်းကျင်နှင့် နည်း ပညာ၊ ပညာရေးနှင့် အသိပညာပေးမှု၊ ပူးတွဲပရောဂျက်များ၊ အစည်း အဝေးများနှင့် သင်တန်းများပြုလုပ်နိုင်ရေးအတွက် စင်တာထူထောင် သွားရန်လည်း သဘောတူညီမှုတွင် ပါဝင်သည်။
အစ္စရေးနိုင်ငံနှင့် ယူအေအီးနိုင်ငံတို့သည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း အမေရိကန်၏ စီစဉ်ပေးမှုဖြင့် နှစ်နိုင်ငံ အကြား ပုံမှန်ဆက်ဆံရေးထူထောင်မှုတွင် သဘောတူညီမှုရရှိ ခဲ့သည်။
ဆင်ဟွာ