ဂျာမနီနိုင်ငံအနောက်ပိုင်း၌ ရေကြီးမှုကြောင့် ၄၃ ဦး သေဆုံး

 

ဘာလင်   ဇူလိုင်   ၁၆


ဂျာမနီနိုင်ငံအနောက်ပိုင်းတွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်ပေါ်ပြီး ၄၃ ဦး သေဆုံးကာ ပျောက်ဆုံးနေသူများလည်းရှိသည်ဟု ဒေသတွင်းမီဒီယာတစ်ခုတွင် ဖော်ပြထားသည်။ 


ရွှတ်ဒ်မြို့မှ နေအိမ်ခြောက်လုံး ပျက်စီးသွားခဲ့ရပြီး အခြားသော နေအိမ်များမှာလည်း ပျက်စီးလုနီးနီး အခြေအနေသို့ ရောက်နေသည်။ 
ဇူလိုင် ၁၆   ရက်တွင်လည်း  မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမည်ဟု ခန့်မှန်းထားကြသည်။ အာဏာပိုင်များကမူ ရာသီဥတုဖောက်ပြန်မှုအပေါ် အပြစ်တင်ထားကြသည်။ 


နေအိမ်ခေါင်မိုးများပေါ် တက်နေရသည့် လူများ ကို ကယ်တင်နိုင်ရေး ကယ်ဆယ်ရေးအဖွဲ့ ကြိုးပမ်း လျက်ရှိသည်။ ယင်းကဲ့သို့ သဘာဝဘေးကြုံတွေ့ရမှု ကြောင့်  အံ့အားသင့်တုန်လှုပ်ခဲ့ရသည်ဟု  ဂျာမနီ ဝန်ကြီးချုပ် အင်ဂျလာမာကယ်က တွစ်တာစာမျက်နှာ မှတစ်ဆင့် ပြောကြားခဲ့သည်။ 


ဂျာမနီဝန်ကြီးချုပ်သည်   အမေရိကန်  သမ္မတ ဂျိုးဘိုင်ဒင်နှင့်        အစည်းအဝေးပြုလုပ်ရန်ရှိပြီး ယင်းအစည်းအဝေးမတိုင်မီ      ယခုရေကြီးမှုနှင့် ပတ်သက်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။ 


ဂျာမနီနိုင်ငံအနောက်ပိုင်းတွင်  စာသင်ကျောင်း များ   ပိတ်ထားရပြီး  သယ်ယူပို့ဆောင်ရေးစနစ်မှာ လည်း    အပျက်အစီးများလျက်ရှိသည်ဟု   သိရ သည်။ 

အင်န်အိတ်ချ်ကေ