အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ

Image not available
နေပြည်တော်   မတ်   ၁၁
 
အနည်းဆုံးအခကြေးငွေ  သတ်မှတ် ရေးဆိုင်ရာ   အမျိုးသားကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်    ပြည်သူ့အင်အား ဝန်ကြီးဌာန   အစည်းအဝေးခန်းမ၌ ကျင်းပသည်။
 
အစည်းအဝေးတွင်  ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ဒုတိယအကြိမ် ပြင်ဆင်သတ်မှတ်သည့်  အနည်းဆုံး အခကြေးငွေနှုန်းထားကို ဥပဒေနှင့် အညီ   လိုအပ်ချက်အရ   ပြင်ဆင် သတ်မှတ်နိုင်ရန်    ပြန်လည်သုံးသပ် ခြင်း၊      အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ  အမျိုးသား ကော်မတီဝင်များ၏ လုပ်ဆောင်ချက် များကို တင်ပြဆွေးနွေးနိုင်ရန် အစည်း အဝေး       ကျင်းပခြင်းဖြစ်ကြောင်း၊ အနည်းဆုံးအခကြေးငွေ   ပြင်ဆင် သတ်မှတ်နိုင်ရေး ပြန်လည်သုံးသပ်ရာ တွင်  လက်ရှိဖြစ်ပေါ်နေသည့် အခြေ အနေအရပ်ရပ်ကို ထည့်သွင်းစဉ်းစား ကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု နယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကော်မတီအလိုက်        အနည်းဆုံး အခကြေးငွေ ပြင်ဆင်သတ်မှတ်နိုင်ရေး စာရင်းစစ်တမ်း   ကောက်ယူခြင်း၊ အလုပ်သမားများက    တင်ပြသည့် နှုန်းထားအပေါ်   အလုပ်ရှင်များက ပေးနိုင်သည့်နှုန်းထားကို   မှန်ကန် မျှတစွာ       လေ့လာဆန်းစစ်ပြီး သတ်မှတ်သင့်သည့်နှုန်းထားနှင့် ပုံစံ များကို အမျိုးသားကော်မတီသို့ တင်ပြ ချက်အချို့ ရှိပါကြောင်း။
 
ကော်မတီဝင်များအနေဖြင့်  မိမိ နယ်မြေအလိုက် အလုပ်ရှင်၊ အလုပ် သမားများနှင့် တွေ့ဆုံပြီး ဆောင်ရွက် ချက်များကို တင်ပြရန်လိုအပ်ကြောင်း၊ အနည်းဆုံးအခကြေးငွေ သတ်မှတ် ရေးဆိုင်ရာ  အမျိုးသားကော်မတီဝင် များ၊ ပြည်ထောင်စုနယ်မြေ၊ တိုင်း ဒေသကြီး၊ ပြည်နယ် ကော်မတီဥက္ကဋ္ဌ များနှင့်      အဖွဲ့ဝင်များအနေဖြင့် အနည်းဆုံးအခကြေးငွေ နှုန်းထားကို ပြင်ဆင်သတ်မှတ်ရာတွင်   လက်ရှိ ဖြစ်ပေါ်နေသည့်   ကမ္ဘာ့စီးပွားရေး အခြေအနေများကို ထည့်သွင်းစဉ်းစား ၍   မြန်မာနိုင်ငံ၏ လက်ရှိပကတိ အခြေအနေနှင့်ကိုက်ညီမည့် အလုပ် ရှင်၊  အလုပ်သမား   နှစ်ဦးနှစ်ဖက် အဆင်ပြေချောမွေ့စေမည့်  အနည်း ဆုံး အခကြေးငွေတစ်ရပ် သတ်မှတ် နိုင်ရန်      ဆောင်ရွက်ချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီး အဆိုပြု နှုန်းထားကို တင်ပြရန် လိုအပ်ကြောင်း ပြောကြားသည်။ 
 
ထို့နောက် တက်ရောက်လာကြသူ များက အနည်းဆုံးအခကြေးငွေနှုန်း ထားကို ပြင်ဆင်သတ်မှတ်ရန်အဆိုပြု နှုန်းထားများနှင့် လုပ်ငန်းဆောင်ရွက် မှုများကို တင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက      ပေါင်းစပ်ညှိနှိုင်းပေး သည်။ 
 
သတင်းစဉ်