ဥရောပအနောက်ပိုင်းတွင် ရေကြီးမှုကြောင့် သေဆုံးသူ ၁၂၀ ကျော်ရှိ

 

ဘာလင်   ဇူလိုင်   ၁၇


ဥရောပအနောက်ပိုင်းတွင် ရေကြီး မှုကြောင့်  ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်မှုများ ပြုလုပ် လျက်ရှိပြီး သေဆုံးသူ ၁၂၀ ကျော် ရှိသည်ဟု သိရသည်။ 
ဇူလိုင် ၁၄ ရက်နှင့် ၁၅ ရက် တို့တွင်   ဂျာမနီအနောက်ပိုင်း ပြည်နယ်  ရိုင်းလန်-ပလက်တင် နိတ်ပြည်နယ်တွင်  မိုးသည်းထန် စွာ   ရွာသွန်းပြီးနောက်  ရေကြီးမှု ဖြစ်ပေါ်ခဲ့သည်။ 
ရေကြီးမှုကြောင့်  လူပေါင်း ၁၀၅ ဦး သေဆုံးပြီး ပျောက်ဆုံးနေ သူများလည်းရှိကြောင်း ပြည်နယ် အစိုးရက ပြောသည်။ 
ရှာဖွေကယ်ဆယ်ရေး  လုပ်ငန်း များတွင်  ရဲအရာရှိပေါင်း ၁၅၀၀၀၊ တပ်ဖွဲ့ဝင်များနှင့်        အရေးပေါ် ကယ်ဆယ်ရေး  လုပ်သားများ ပါဝင်ခဲ့ကြသည်။
 ရေကြီးမှု   ဖြစ်ပွားရာဒေသ တွင်     နေထိုင်သည့် ဒေသခံတစ်ဦး ကလည်း     မြေပြင်အခြေအနေ များမှာ  ဆိုးရွားနေပြီး   ရေကြီးမှု ကြောင့် ပျက်စီးဆုံးရှုံးမှု များပြား ကြောင်း ပြောသည်။ 
ဘယ်လ်ဂျီယံနှင့်  နယ်သာလန် နိုင်ငံတို့တွင်လည်း   ရေကြီးမှုဖြစ် ပေါ်ခဲ့သည်။ ဘယ်လ်ဂျီယံနိုင်ငံ တွင်လည်း     ရေကြီးမှုကြောင့် သေဆုံးသူ   ၂၀   ထက်မနည်း     ရှိကြောင်း သိရသည်။


အင်န်အိတ်ချ်ကေ