ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ဒုတိယအကြိမ် မြန်မာနိုင်ငံ ဗိသုကာကောင်စီ အလုပ်အမှုဆောင်များနှင့် ကောင်စီဝင်များ ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားတက်ရောက်

Image not available
နေပြည်တော်   မတ်   ၁၁
 
ဒုတိယအကြိမ် မြန်မာနိုင်ငံ ဗိသုကာ ကောင်စီ  အလုပ်အမှုဆောင်များနှင့် ကောင်စီဝင်များ ကျမ်းသစ္စာကျိန်ဆို ခြင်းနှင့် တာဝန်ထမ်းဆောင်ခဲ့သည့် အလုပ်အမှုဆောင်များအား  ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ခြင်း အခမ်း အနားကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ    ဆောက်လုပ်ရေး ဝန်ကြီးဌာန   အစည်းအဝေးခန်းမ၌ ကျင်းပသည်။
 
အခမ်းအနားတွင်   မြန်မာနိုင်ငံ ဗိသုကာကောင်စီ       နာယက ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဗိသုကာကောင်စီ အလုပ်အမှုဆောင် အဖွဲ့နှင့် ကောင်စီဝင်အဖွဲ့ဝင်များအနေ ဖြင့်  မြန်မာနိုင်ငံ ဗိသုကာကောင်စီ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ပြီး     ဗိသုကာ ကျင့်ဝတ်နှင့် အရည်အသွေးထိန်းသိမ်း မှုတိုးမြှင့်ရေး၊ စည်းမျဉ်း စည်းကမ်း များနှင့်အညီ လမ်းညွှန်ကြပ်မတ်ရေး၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး   နည်းစနစ် တကျ တာဝန်များကို  ထမ်းဆောင်ကြ ရန်  တိုက်တွန်းပါကြောင်း ပြောကြား သည်။
 
ထို့နောက် မြန်မာနိုင်ငံ ဗိသုကာ ကောင်စီ နာယက    ပြည်ထောင်စု ဝန်ကြီး၏ ရှေ့မှောက်တွင် ဗိသုကာ ကောင်စီ နည်းဥပဒေ ပုဒ်မ(၁၁)နှင့် အညီ   ဗိသုကာကောင်စီဝင်များက ကျမ်းသစ္စာပြုကြပြီး    မြန်မာနိုင်ငံ ဗိသုကာကောင်စီ ဥက္ကဋ္ဌ ဦးဆန်းဦးက ဗိသုကာကောင်စီ၏ လုပ်ငန်းစဉ်များ၊ စည်းမျဉ်းစည်းကမ်းများ၊   ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်   ဗိသုကာ ကောင်စီ အခန်းကဏ္ဍများကို ရှင်းလင်း ပြောကြားသည်။
 
ယင်းနောက် ပြည်ထောင်စုဝန်ကြီး က ပထမအကြိမ် မြန်မာနိုင်ငံ ဗိသုကာ ကောင်စီ၌ တာဝန်ထမ်းဆောင်ခဲ့ကြ သူများကိုယ်စား   ဗိသုကာကောင်စီ ဒုတိယဥက္ကဋ္ဌ          ဦးမောင်သော်ထံ ဂုဏ်ပြုမှတ်တမ်းလွှာများ   ပေးအပ် သည်။                       
 
       သတင်းစဉ်