ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀)ရက်မြောက်နေ့ ကျင်းပ

Image not available
နေပြည်တော်   မတ်   ၁၁
 
ဒုတိယအကြိမ်    ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက်        ပုံမှန်အစည်းအဝေး (၂၀)ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက် ခွင့်ရှိသူ ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ် စုစုပေါင်း ၆၅၄ ဦးရှိသည့်အနက် ၆၃၅ ဦး တက်ရောက်ပြီး ၁၉ ဦး ခွင့်တိုင်ကြားသည်။
 
အစည်းအဝေးတွင်    ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ မူကြမ်းများပါ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ(က)တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၁၅  ခုကို စုစည်းထားသည့် ဆန္ဒမဲ လက်မှတ်(၂)နှင့်စပ်လျဉ်း၍    လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း      အစီအစဉ်ကို ဆောင်ရွက်သည်။
အသိပေးပြောကြား
 
ရှေးဦးစွာ   ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ယနေ့ဆောင်ရွက် မည့်   ဆန္ဒမဲလက်မှတ်(၂)နှင့်   စပ်လျဉ်း၍ ထူးခြားမှုတစ်ခုအနေဖြင့် အမှတ်စဉ်(၁)တွင် ပါရှိသည့် ပုဒ်မ ၅၉ ပုဒ်မခွဲ(ဂ)တွင် ပြင်ဆင်ချက် နှစ်ခု ပါရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့်  ပြင်ဆင်ချက် နှစ်ခုလုံးကို ဆန္ဒ ပြုရမည် ဖြစ်ပါကြောင်း၊ ပြင်ဆင်ချက်နှစ်ခုလုံး သည် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရရှိပါက ထောက်ခံဆန္ဒမဲ  ပိုများသည့်  ပြင်ဆင်ချက်ကို အတည်ပြုမည်ဖြစ်ပါကြောင်း     အသိပေး ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက အတည် ပြုမည့် ဆန္ဒမဲလက်မှတ်များကို ရေတွက်အပ်နှံ သည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ညွှန်ကြားရေးမှူးချုပ် ယူဆောင် လာသည့် ဆန္ဒမဲလက်မှတ် အရေအတွက် ၆၇၀ ဖြစ်ပါကြောင်း၊   ယနေ့တက်ရောက်သည့် ကိုယ်စားလှယ်  ၆၃၅   ဦးဖြစ်သည့်အတွက် အပိုဆန္ဒမဲလက်မှတ် ၃၅ စောင်ကို မိမိထံတွင် ထားရှိမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍   သက်ဆိုင်ရာ   ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့်  ဝန်ထမ်းအဖွဲ့(၄)ဖွဲ့ တို့က  တာဝန်ပေးထားသည့်  အကန့်အလိုက် နေရာယူကြသည်။
ထို့နောက်      ဆန္ဒမဲလက်မှတ်များကို သက်ဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က ညွှန်ကြားရေးမှူးချုပ်ထံမှ လာရောက်ထုတ်ယူ ပြီး   အကန့်အလိုက်  တာဝန်ပေးထားသည့် ဝန်ထမ်းအဖွဲ့(၄)ဖွဲ့ထံသို့     အစည်းအဝေး တက်ရောက်မှုအင်အားအတိုင်း ခွဲဝေပေးသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊  ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက   ဦးထွန်းအောင်(ခ)ဦးထွန်း ထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက   သတ်မှတ်နေရာတွင် လျှို့ဝှက်ဆန္ဒပြုခြင်း နည်းလမ်းဖြင့် ဆန္ဒမဲ ပေးကြသည်။
ထို့နောက်   ပြည်ထောင်စုလွှတ်တော် နာယက က   သတ်မှတ်နေရာတွင်  လျှို့ဝှက် ဆန္ဒပြုခြင်း နည်းလမ်းဖြင့် ဆန္ဒမဲပေးသည်။
 
ဆက်လက်၍ ဆန္ဒမဲပေးမှု ပြီးမြောက်ပြီး နောက် သက်ဆိုင်ရာ တာဝန်ခံများက ဆန္ဒမဲပုံး များကို   လွှတ်တော်ကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင်ဖွင့်လှစ်၍ ထုတ်ပေးထားသည့် ဆန္ဒမဲလက်မှတ်  အရေအတွက်နှင့် ဆန္ဒမဲပုံး အတွင်းမှ ထုတ်ယူရရှိသည့် ဆန္ဒမဲလက်မှတ် အရေအတွက်ကို စစ်ဆေးရေတွက်သည်။
ကိုက်ညီမှုရှိ
 
ထို့နောက်    ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်ကိုယ်စားလှယ်များထံ ထုတ်ပေးထားသည့်   ဆန္ဒမဲလက်မှတ်  ၆၃၅ စောင်ဖြစ်ပြီး ယခုဆန္ဒမဲပုံးထဲမှ ထုတ်ယူရရှိ သည့်  ဆန္ဒမဲလက်မှတ်အရေအတွက်သည် လည်း ၆၃၅ စောင်ဖြစ်သည့်အတွက် ကိုက်ညီမှု ရှိသည်ကို   တွေ့ရှိရပါကြောင်း၊  ထို့ကြောင့် ဆန္ဒမဲပေးပွဲ အထမြောက်ကြောင်း ကြေညာ သည်။
 
ယင်းနောက် ပုဒ်မ၊ ပုဒ်မခွဲအလိုက် ရလဒ် ရေတွက်မှုကို ဝန်ထမ်းအဖွဲ့(၈)ဖွဲ့ဖြင့် သတ်မှတ် နေရာအသီးသီး၌  တစ်ပြိုင်တည်း  ရေတွက် ကြရာ  နိုင်ငံရေးပါတီအစုအဖွဲ့အလိုက် အမည် စာရင်းပေးထားသည့် လွှတ်တော်ကိုယ်စား လှယ်များက သတ်မှတ်နေရာများ၌ ကြီးကြပ် စောင့်ကြည့်ကြသည်။
ဆက်လက်၍ အဖွဲ့(၈)ဖွဲ့ခွဲ၍ အသေးစိတ် စိစစ်ရေတွက်မှု     ပြီးမြောက်ပြီးနောက် သက်ဆိုင်ရာ ရုံးအဖွဲ့နှင့် နိုင်ငံရေးပါတီ အစု အဖွဲ့အလိုက် ကိုယ်စားလှယ် ငါးဦးပါဝင်သည့် အဖွဲ့က ကြီးကြပ်ပြီး စာရင်းချုပ်နှင့် ထောက်ခံ ဆန္ဒမဲအရေအတွက်   ရာခိုင်နှုန်းတွက်ချက်မှု တို့ကို ဆက်လက်ဆောင်ရွက်သည်။
ထို့နောက်    ပြည်ထောင်စုလွှတ်တော် နာယက  က   ယနေ့လွှတ်တော်၏  အဆုံး အဖြတ်ရယူသည့် ဥပဒေမူကြမ်းပြင်ဆင်ချက် ပုဒ်မ၊ ပုဒ်မခွဲအလိုက် ထောက်ခံဆန္ဒမဲ ရရှိမှု အရေအတွက် ၇၅ ရာခိုင်နှုန်းကျော် ရ၊ မရနှင့် လွှတ်တော်၏ ဆုံးဖြတ်ချက်တို့ကို အတည်ပြု ကြေညာရာတွင် ပုဒ်မ ၅၉ ပုဒ်မခွဲ(ဂ) ပြင်ဆင်မှု တွင် ဦးစိုင်းသန်းနိုင် တင်သွင်းသည့် ပြင်ဆင် ချက်အတွက် ထောက်ခံဆန္ဒမဲ ၂၁၄ မဲ ဖြစ်ပါ ကြောင်း၊ ပုဒ်မ ၅၉ ပုဒ်မခွဲ(ဂ) ပြင်ဆင်မှုတွင် ဦးထွန်းအောင်(ခေါ်)  ဦးထွန်းထွန်းဟိန် တင်သွင်းသည့်        ပြင်ဆင်ချက်အတွက် ထောက်ခံဆန္ဒမဲ   ၄၁၅  မဲဖြစ်ပါကြောင်း၊ ပြင်ဆင်ချက်နှစ်ခုလုံး      ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက်   မူလအတိုင်း ဖြစ်ပါကြောင်း၊ ပုဒ်မ ၅၉ ပုဒ်မခွဲ(ဃ) ပြင်ဆင်မှု အတွက်  ထောက်ခံဆန္ဒမဲ  ၄၁၅  မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့် အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၅၉ ပုဒ်မခွဲ(စ) ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၃၉၃ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါ ကြောင်း၊  ပုဒ်မ ၁၀၉  ပုဒ်မခွဲ(ခ) ပြင်ဆင်မှု အတွက်   ထောက်ခံဆန္ဒမဲ  ၄၁၂ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့် အတွက် မူလအတိုင်း ဖြစ်ပါကြောင်း၊ ပုဒ်မ ၁၄၁ ပုဒ်မခွဲ(ခ) ပြင်ဆင်မှုအတွက် ထောက်ခံ ဆန္ဒမဲ  ၄၁၂ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်း ဖြစ်ပါကြောင်း။
 
ပုဒ်မ ၁၆၁ ပုဒ်မခွဲ(ဃ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၄ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း    မကျော်သည့်အတွက် မူလ အတိုင်း ဖြစ်ပါကြောင်း၊  ပုဒ်မ ၂၀၁ ၏ အစု ခေါင်းစဉ် ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၂၁၃ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက်     မူလအတိုင်းဖြစ်ပါ ကြောင်း၊ ပုဒ်မ ၂၀၁ ပုဒ်မခွဲ(ဆ - ၁) အသစ် ဖြည့်စွက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၁ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော် သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၂၀၁ ပုဒ်မခွဲ (ဆ - ၂) အသစ်ဖြည့် စွက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၁ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း   မကျော်သည့်အတွက် မူလ အတိုင်းဖြစ်ပါကြောင်း၊  ပုဒ်မ ၂၀၁ ပုဒ်မခွဲ(ဋ) ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၀၉ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော် သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း။
 
ကြေညာ
 
ပုဒ်မ ၂၀၁ - က အသစ်ဖြည့်စွက်မှုအတွက် ထောက်ခံဆန္ဒမဲ ၂၁၆ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း    မကျော်သည့်အတွက် မူလ အတိုင်း ဖြစ်ပါကြောင်း၊ ပုဒ်မ ၂၄၈ ပုဒ်မခွဲ(ဂ) ခြေဆင်းပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၂၂၆ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက်    မူလအတိုင်းဖြစ်ပါ ကြောင်း၊ ပုဒ်မ ၂၉၄ ပြင်ဆင်မှုအတွက် ထောက်ခံ ဆန္ဒမဲ ၄၁၃ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်း ဖြစ်ပါကြောင်း၊ ပုဒ်မ ၄၁၀ ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၀၈ မဲဖြစ်ပြီးထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလ အတိုင်းဖြစ်ပါကြောင်း၊  ပုဒ်မ ၄၁၁ ပုဒ်မခွဲ(ခ) ၏နောက်တွင် ပုဒ်မခွဲ(ဂ) အသစ်ဖြည့်စွက်မှု အတွက်   ထောက်ခံဆန္ဒမဲ  ၄၁၀  မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့် အတွက် မူလအတိုင်းဖြစ်ပါကြောင်း ကြေညာ သည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ်     ပြင်ဆင်သည့်   ဥပဒေမူကြမ်းများပါ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ(က)တွင် အကျုံးဝင်သည့် ဆန္ဒမဲလက်မှတ်(၂)နှင့် စပ်လျဉ်း၍    ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ်ပြီးဆုံးပြီ ဖြစ်ပါကြောင်း၊ ဆက်လက်၍ ဆန္ဒမဲလက်မှတ် (၃)နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းကို ၂၀၂၀ ပြည့်နှစ် မတ် ၁၂ ရက် ကြာသပတေးနေ့တွင် ဆက်လက်ဆောင်ရွက် မည်ဖြစ်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁)ရက် မြောက်နေ့ကို မတ် ၁၂ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
 
သတင်း - အောင်ရဲသွင်၊ 
အေးအေးသန့်(သတင်းစဉ်)
ဓာတ်ပုံ - ထန်းဖုန်