ဗြိတိန်နိုင်ငံ၌ ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှု ၅၀၀၀၀ အထိရှိလာ

 

လန်ဒန် ဇူလိုင် ၁၈


ဗြိတိန်နိုင်ငံ၌ နေ့စဉ်ကိုဗစ်  -၁၉ ကူးစက်မှုနှုန်းမှာ ၅၀၀၀၀ ကျော်ရှိလာပြီး ဇန်နဝါရီနှောင်းပိုင်းမှစတင် ကာ  ပထမဆုံးအကြိမ်အဖြစ်    ကူးစက်ခံရသူ ၅၀၀၀၀ ကျော် ရှိလာခဲ့ခြင်းဖြစ်သည်။ ဇူလိုင် ၁၆ရက် က တွေ့ရှိရသည့်ကူးစက်ခံရသူ ၅၁၈၇၀ တွင် ဗီဇ ပြောင်းဒယ်လ်တာ ကူးစက်ခံထားရသည်ကို တွေ့ရှိ လာရသည်။ ယင်းနေ့တွင်ပင် သေဆုံးသူ  ၄၉  ဦး ရှိလာခဲ့သည်။
ဗြိတိန်အစိုးရသည် အင်္ဂလန်တွင် ဇူလိုင် ၁၉ ရက် မှစတင်ကာ ပိတ်ဆို့ကန့်သတ်မှုများကို ဖြေလျှော့ပေး ရန် စီစဉ်ခဲ့သည်။ အဆောက်အအုံအတွင်း ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ရမည့်အမိန့်ကို ဖြေလျှော့ ပေးမည်ဟု သိရသည်။  လက်ရှိ    ဗြိတိန်နိုင်ငံတွင် ဆေးရုံတက်ကာ   ကုသမှုခံယူရသူနှင့်  သေဆုံးမှု များလာသော်လည်း  ကာကွယ်ဆေးထိုးထားသည့် အခြေအနေကြောင့် ဇန်နဝါရီလအတွင်းက အခြေအနေ ကဲ့သို့ဆိုးရွားလာဖွယ်ရာမရှိဟု ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က ပြောသည်။
ဇန်နဝါရီလအတွင်းက   ကိုဗစ် - ၁၉  ကြောင့် သေဆုံးမှုနှုန်းမှာ   ၁၀၀၀  အထိရှိခဲ့သည်။    အများ ပြည်သူသယ်ယူပို့ဆောင်ရေး    လုပ်ငန်းများတွင် လိုက်ပါမည့် ခရီးသည်များ ပါးစပ်နှာခေါင်းစည်း တပ်ဆင်ရမည့် အမိန့်ကိုမူ ဆက်လက်ထားရှိဦးမည် ဟု လန်ဒန်မြို့တော်ဝန်က ပြောသည်။ 
အချို့သော    စားသောက်ဆိုင်များကလည်း ဧည့်သည်လက်ခံမည့်ပမာဏကို ၎င်းတို့ ဘာသာ ဆုံးဖြတ်ကန့်သတ်သွားရန်   စဉ်းစားနေကြပြီဖြစ်သည်။                              
 အင်န်အိတ်ချ်ကေ