သီပေါမြို့နယ်မှ မြဝတီမြို့သို့သယ်ဆောင်မည့် ငွေကျပ် ၅၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၀၀၀ ကီလိုနှင့် ကတ်တမင်း ကီလို ၅၀၀ ဖမ်းဆီးရမိ

 

နေပြည်တော်  ဇူလိုင်  ၂၄


ရှမ်းပြည်နယ်(မြောက်ပိုင်း)   သီပေါမြို့နယ်မှ  ကရင်ပြည်နယ်   မြဝတီမြို့သို့သယ်ဆောင်မည့်  ငွေကျပ်   ၅၂ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၀၀၀ ကီလိုနှင့် ကတ်တမင်း  ကီလို ၅၀၀ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည်  သတင်းအရ ဇူလိုင် ၂၁ ရက် နံနက် ၁၀ နာရီခွဲ တွင် ကျိုက်ထိုမြို့နယ် ရန်ကုန် - မော်လမြိုင် သွား ကားလမ်း မရမ်းချောင်ကျေးရွာ၊ မိုင်တိုင်အမှတ်(၉၇)အနီးတွင်   စစ်တောင်းတံတားဘက်မှ   ကျိုက်ထို ဘက်သို့  ယာဉ်မောင်း   မောင်မောင်လေး(၃၈ နှစ်) မောင်းနှင်ပြီး အေးချမ်း(၃၂ နှစ်) လိုက်ပါလာသည့် NISSAN UD ၁၂ ဘီး ဆီဘောက်ဆာယာဉ်ကို ရပ်တန့် ရှာဖွေစစ်ဆေးရာ    ဒေသကာလတန်ဖိုး   ငွေကျပ် ၅၂ ဒသမ ၅ ဘီလီယံ  တန်ဖိုးရှိ    အိုက်စ်(မက်သ် အဖက်တမင်း) ကီလို ၁၀၀၀ နှင့် ကတ်တမင်း ကီလို ၅၀၀ သိမ်းဆည်းရမိခဲ့ပြီး   ကွင်းဆက်အရ   မန္တလေး တိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် (ဇ)ရပ်ကွက် ၆၆ လမ်းနှင့် ၆၇ လမ်းကြား ၁၃၃ လမ်း အမှတ်(နန/ ၄-၃၈)ရှိနေအိမ်တွင်    နိုင်ဝင်း(၄၇ နှစ်)ကို  လည်း ကောင်း၊ လားရှိုးမြို့ အမှတ်(၄)ရပ်ကွက် ရဲဘော်လမ်း အမှတ်(၆/၆)ရှိ  နေအိမ်တွင်   ဝင်းနိုင်(၅၀နှစ်)ကို လည်းကောင်း   ထပ်မံဖမ်းဆီးရမိခဲ့ပြီး    စစ်ဆေး ပေါ်ပေါက်ချက်အရ   သိမ်းဆည်းရမိသော   မူးယစ် ဆေးဝါးများကို ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါ မြို့နယ်မှ ကရင်ပြည်နယ် မြဝတီမြို့သို့ သယ်ဆောင် ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို  ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။  


သတင်းစဉ်