
တိုကျို ဇူလိုင် ၂၄
ကာကွယ်ဆေး အညီအမျှ ဖြန့်ဝေပေးရေး အပြည်ပြည်ဆိုင် ရာ မူဘောင်အရ ဂျပန်နိုင်ငံက ပေးပို့လိုက်သည့် ကိုဗစ် - ၁၉ ကာကွယ်ဆေးများ ပထမအသုတ် အဖြစ် ကမ္ဘောဒီးယားနှင့် အီရန် နိုင်ငံတို့သို့ ရောက်ရှိခဲ့သည်ဟု သိရသည်။
ဂျပန်နိုင်ငံသည် အက်စ်ထရာ ဇနီကာ ကိုဗစ် - ၁၉ ကာကွယ်ဆေး ၁၁ သန်းကို နိုင်ငံပေါင်း ၁၅ နိုင်ငံ သို့ ကိုဗက်အစီအစဉ်မှတစ်ဆင့် ဖြန့်ဝေပေးသွားရန် စီစဉ်ထား သည်။
ကမ္ဘောဒီးယားနိုင်ငံ ဖနောင် ပင်မြို့သို့ ဇူလိုင် ၂၃ ရက်က ကာကွယ်ဆေး သုံးသိန်းပေးပို့ နိုင်ခဲ့သည်။
ဧပြီလမှစတင်ကာ ကမ္ဘော ဒီးယားနိုင်ငံတွင် ကိုဗစ် - ၁၉ ကူးစက်မှုများနှင့် သေဆုံးမှု များပြားလာခဲ့သည်။
အီရန်နိုင်ငံတွင်လည်း ဇူလိုင် ၂၃ ရက်တွင် ဂျပန်နိုင်ငံက ပေးပို့ လိုက်သည့် ကာကွယ်ဆေးများ လက်ခံရရှိခဲ့သည်ဟု သိရသည်။
အီရန်နိုင်ငံတွင်လည်း ဇွန်လ မှစတင်ကာ ကူးစက်မှုအသစ်များများပြားလာခဲ့သည်။ နေ့စဉ် ကူးစက်မှုနှုန်းမှာလည်း ၂၀၀၀၀ ကျော်လွန်ခဲ့သည်။
အီရန်နိုင်ငံတွင် လူဦးရေ ၉ ရာခိုင်နှုန်းသာ အနည်းဆုံး တစ်ကြိမ် ကိုဗစ် - ၁၉ ကာကွယ် ဆေးထိုးရသေးသည်ဟု သိရ သည်။
အင်န်အိတ်ချ်ကေ