
နှင်းမိုးအိမ်
အီတလီနိုင်ငံ၌ အချို့သော လူမှုဘဝလှုပ်ရှားမှုများတွင် ကိုဗစ် - ၁၉ ကျန်းမာရေး အသိအမှတ်ပြုလက်မှတ်ကို မဖြစ်မနေအသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။ အဆိုပါ လုပ်ဆောင်ချက်ကို လာမည့်လအတွင်း စတင်တော့မည်ဖြစ်ပြီး ကူးစက်မှုလျင်မြန်သည့် ဗီဇပြောင်းဒယ်လ်တာ ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံအတွင်းကြိုးပမ်းမှုတစ်ရပ်ဟုလည်း သတ်မှတ်နိုင်သည်။
ကြေညာခဲ့
ဇူလိုင် ၂၂ ရက်တွင် အီတလီဝန်ကြီးချုပ် မာရီယိုဒရာ့ဂ်ဂီက ကိုဗစ် - ၁၉ စည်းကမ်းချက်တစ်ခုကို ကြေညာခဲ့သည်။ အဆိုပါ စည်းကမ်းချက်မှာ ဩဂုတ် ၆ ရက်တွင် စတင်သက်ရောက်မှုရှိမည် ဖြစ်သည်။ အသက် ၁၂ နှစ်နှင့်အထက် မည်သူမဆို စားသောက်ဆိုင် အတွင်း ဆိုင်ထိုင်စားသောက်ပါက အစိမ်းရောင်ဖြတ်သန်းခွင့် လက်မှတ်ဟုခေါ်ဆိုသည့် ကိုဗစ် - ၁၉ ကျန်းမာရေး အသိအမှတ်ပြု လက်မှတ်ကို ပြသရမည်ဖြစ်သည်။
ကူးစက်မှုနှုန်းကို လျော့ကျစေနိုင်မည်
ထို့ပြင် အားကစားရုံများ၊ ရုပ်ရှင်ရုံများ၊ ဂီတဖျော်ဖြေပွဲများနှင့် အားကစားပွဲများသို့ သွားသည့်အခါတွင်လည်း အဆိုပါလက်မှတ် ပြသရန် လိုအပ်သည်။ ယင်းကဲ့သို့ ကျန်းမာရေး အသိအမှတ်ပြု လက်မှတ်ဖြင့် သွားလာခွင့်ပြုခြင်းတွင် အခြားသောအကြောင်းပြချက် များစွာလည်း ပါဝင်လိမ့်မည်ဟု သုတေသီများက ပြောသည်။ ယင်း သို့ပြုလုပ်ခြင်းဖြင့် ခန်းမအတွင်း ကျင်းပရသည့်ပွဲများတွင် လူအရေ အတွက်ကို လျှော့ချနိုင်မည်ဖြစ်ပြီး ရောဂါကူးစက်မှုနှုန်းကိုလည်း လျော့ကျစေနိုင်မည်ဟု လူမှုဗေဒပညာရှင်တစ်ဦးဖြစ်သူ အာရီယာနာ မွန်တာနာရီက ပြောသည်။
အအောင်မြင်ဆုံးဖြစ်
ထို့ပြင် ယင်းသို့ပြုလုပ်ခြင်းဖြင့် ကာကွယ်ဆေးမထိုးရသေးသူများ အတွက်လည်း ဆွဲဆောင်နိုင်သည့် မက်လုံးဖြစ်လာနိုင်သည်။ အီတလီ ဝန်ကြီးချုပ်ကလည်း အလားတူရည်ရွယ်ချက်မျိုးဖြင့် သတင်းထောက် များကို ပြောကြားခဲ့သည်။ အီတလီနိုင်ငံသားအားလုံး ကာကွယ်ဆေး ထိုးရန် လိုအပ်ကြောင်း၊ လူတိုင်း လူတိုင်း ကာကွယ်ဆေးထိုးခြင်းသည် မှန်ကန်သည့်နည်းလမ်းပင်ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။ ကာကွယ်ဆေးမထိုးဘဲနေပါက ရောဂါကူးစက်မှုများ ပြန်လည်ဖြစ်ပွား လာနိုင်သည်ဟုလည်း ပြောကြားခဲ့သည်။ အီတလီနိုင်ငံ၏ ကာကွယ် ဆေးထိုးပေးနိုင်မှုနှုန်းမှာ ဥရောပတွင် အအောင်မြင်ဆုံးဟု ပြောနိုင် သည်။
အရှိန်နှေးကွေးလာ
ဇူလိုင် ၂၃ ရက်အထိ လူဦးရေ ၂၉ သန်းကို ကာကွယ်ဆေးထိုးပေး ပြီးဖြစ်ကာ အသက် ၁၂ နှစ်အထက် လူဦးရေ၏ ၅၄ ဒသမ ၁ ရာခိုင်နှုန်း ကို ကာကွယ်ဆေးထိုးပြီးပြီဟု သိရသည်။ သို့သော်လည်း မကြာသေးမီ ရက်ပိုင်းအတွင်း ကာကွယ်ဆေးထိုးနှံပေးနိုင်မှုမှာ အရှိန်နှေးကွေးလာခဲ့ သည်။ လွန်ခဲ့သည့်နှစ်အတွင်းက အီတလီနိုင်ငံသည် ကိုဗစ် - ၁၉ ကူးစက်မှုများကြောင့် အသွားအလာပိတ်ဆို့ကန့်သတ်မှုကို အပြည့်အဝ လုပ်ဆောင်ခဲ့ရပြီး ဆိုင်အများအပြားလည်း ပိတ်ထားခဲ့ရသည်။ ယခုနှစ် တွင်မူ ကျန်းမာရေးအသိအမှတ်ပြုလက်မှတ်ဖြင့် သွားလာခွင့်ပြုမည် ဖြစ်ရာ ဆိုင်များပိတ်ထားရမည့်အရေးမှ ရှောင်ရှားနိုင်ရေးအတွက် လုပ်ဆောင်မှုတစ်ရပ်လည်းဖြစ်သည်။
ကြိုတင်ကာကွယ်ရာရောက်
အဆိုပါ ကျန်းမာရေးအသိအမှတ်ပြုလက်မှတ်ကို အနည်းဆုံးကာကွယ်ဆေးတစ်ကြိမ်ထိုးပြီးရုံဖြင့် ရရှိနိုင်မည်ဖြစ်သည်။ ထိုသို့ မဟုတ်ပါက ၄၈ နာရီအတွင်း ကိုဗစ် - ၁၉ ကင်းစင်ကြောင်း ဆေး လက်မှတ် သို့မဟုတ် ကိုဗစ် - ၁၉ ကူးစက်ခံထားရပြီးနောက် မကြာ သေးမီအတွင်းကမှ ပြန်လည်ကျန်းမာလာသူဖြစ်ကြောင်း ပြသ နိုင်ပါက အဆိုပါကျန်းမာရေးအသိအမှတ်ပြု လက်မှတ်ရရှိမည်ဖြစ် သည်။ ကျန်းမာရေးအသိအမှတ်ပြုလက်မှတ် အပါအဝင် အီတလီ ဝန်ကြီးချုပ် နောက်ထပ်ချမှတ်ခဲ့သည့် စည်းကမ်းချက်များအရ နောက်ထပ် ကြုံတွေ့လာမည့်အန္တရာယ်ကို ကြိုတင်တွက်ချက် ကာကွယ်ရာရောက်သည်ဟု ရောဂါပိုးမွှားဗေဒပညာရှင်တစ်ဦးဖြစ်သူ ဖာဘရီဇီယို ပလီရာစကိုက ပြောသည်။
ဆွဲဆောင်မှုတစ်ရပ်
အစိုးရဘက်မှ ပြောင်းလဲမှုများ လုပ်ဆောင်လာသည့်အတွက် ပြီးခဲ့သည့်နှစ်ကလို အကြီးအကျယ် အသွားအလာပိတ်ဆို့ကန့်သတ် မှုများ ပြုလုပ်စရာမလိုဘဲ ရောဂါကူးစက်မှုနှုန်းကို လျှော့ချပေးနိုင်မည် ဟုလည်း ၎င်းက ဆက်ပြောသည်။ စားသောက်ဆိုင်များ၊ အားကစား ပွဲများနှင့် အခြားသောပွဲများကိုသွားသည့်အခါ ကိုဗစ် - ၁၉ ကျန်းမာရေး အသိအမှတ်ပြုလက်မှတ်ပြသရန် စီစဉ်ခဲ့သည့်အတွက် ယခုအချိန်အထိ ကာကွယ်ဆေးထိုးရန် ငြင်းဆန်နေကြသူများကို စိတ်အပြောင်းအလဲ ဖြစ်စေမည့် ဆွဲဆောင်မှုတစ်ရပ်ဟုလည်း ၎င်းက ဆက်ပြောသည်။
အကာအကွယ်ပေးရာရောက်
စားသောက်ဆိုင်အတွင်း ဆိုင်ထိုင်စားသောက်ခွင့် ရရှိရေးအတွက် ကိုဗစ် - ၁၉ ကျန်းမာရေးအသိအမှတ်ပြုလက်မှတ်ကို ဂုဏ်ယူစွာ ပြသသွားမည်ဟုလည်း ၎င်းက ဆက်ပြောသည်။ ယင်းသို့ပြုလုပ် ခြင်းဖြင့် မိမိကိုယ်ကိုယ် ကာကွယ်ရာရောက်သကဲ့သို့ မိမိ၏ မိသားစု နှင့် ဘေးပတ်ဝန်းကျင်ကိုပါ အကာအကွယ်ပေးရာရောက်သည်ဟု ၎င်းက ပြောသည်။
ကူးစက်မှု ဆက်လက်များပြားဆဲ
အီတလီနိုင်ငံတွင် ကိုဗစ် - ၁၉ ကူးစက်မှုများမှာမူ ဆက်လက် များပြားနေဆဲဖြစ်သည်။ ဇူလိုင် ၂၃ ရက်တွင် ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၅၁၄၃ ဦးရှိသည်။ ရောဂါကူးစက်မှုနှုန်း ၅၀၀၀ အထက်တွင် ရှိနေသည် မှာ နှစ်ရက်ဆက်တိုက်ရှိပြီဖြစ်သည်။
သို့သော်လည်း မတ်လအတွင်းကနှင့် နှိုင်းယှဉ်လျှင် နေ့စဉ် ကူးစက်မှုနှုန်းမှာ နည်းပါးသည်ဟု ပြောနိုင်သည်။ ဇူလိုင် ၂၃ ရက်တွင် ကိုဗစ် - ၁၉ နှင့် ဆက်စပ်ပြီးသေဆုံးသူ ၁၇ ဦး ထပ်တိုးလာခဲ့သည်။ ဇွန်လနှောင်းပိုင်းမှစတင်ကာ နေ့စဉ် သေဆုံးမှုနှုန်းမှာ ၅၀ အောက်တွင် သာ ရှိခဲ့သည်။
ကူးစက်မှုများပြားလာခြင်းနှင့် ရင်ဆိုင်နေရ
ယခုဆိုလျှင် အရွယ်ရောက်ပြီးသူ ဥရောပတိုက်သား ထက်ဝက် ကျော်နီးပါးမှာ ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးပြီးပြီဟု ဥရောပသမဂ္ဂက ဇူလိုင် ၂၁ ရက်တွင် ပြောသည်။ ဥရောပတစ်လွှားနှင့် အာရှဒေသ တို့တွင် ကိုဗစ် - ၁၉ နောက်ထပ်ကူးစက်မှု အကျော့နှင့် ရင်ဆိုင်နေရ သည်။
ဂျာမနီနိုင်ငံတွင်လည်း ကူးစက်မှုများ ပြန်လည်များပြားလာ သည်ဟု ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်က ပြောသည်။ ဗီဇ ပြောင်းဒယ်လ်တာ၏ ကူးစက်မှုလျင်မြန်ခြင်းကြောင့် နိုင်ငံအများ အပြားတွင် အသွားအလာပိတ်ဆို့ကန့်သတ်မှု ပြန်လည်ပြုလုပ်နေရ သည်ကို တွေ့မြင်နေရပြီဖြစ်သည်။ ထို့ပြင် အာရှနိုင်ငံများတွင်လည်း ကူးစက်မှုများပြားလာခြင်းနှင့် ရင်ဆိုင်နေရသည်။ ။
ကိုးကား - ဆင်ဟွာ၊ အေအက်ဖ်ပီ