ဗီရီယွန်အမှုန်ပိုးမွှားလေးနှင့် ယှဉ်တွဲနေထိုင်ခြင်း

Type

တစ်ကမ္ဘာလုံးနဲ့  အိမ်နီးချင်းနိုင်ငံတွေမှာပါ ကိုဗစ်ဒဏ်ကို  ခံစားနေကြရသလို   မိမိတို့နိုင်ငံမှာ လည်း ပြည်သူတွေ မနည်းကြံ့ကြံ့ခံ ခုခံနေကြရပါ တယ်။ ရောဂါပိုးတိုက်ခိုက်မှုတွေကြောင့် အနံ့မရ တော့တဲ့လူနာ၊   အဖျားငွေ့ငွေ့နဲ့    ကိုယ်လက်မအီ မသာဖြစ်တဲ့လူနာကနေ ပြင်းထန်တဲ့အဆုတ်ရောင် ဝေဒနာကိုခံစားရပြီး     အသက်တစ်ခါရှူဖို့အရေး ခက်ခက်ခဲခဲနဲ့     ဖြတ်သန်းနေကြရတဲ့လူနာတွေ လည်း အများကြီးမြင်တွေ့ရပါတယ်။ CDM လှုပ်ရှား မှုတွေနဲ့ တိုင်းပြည်ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍ မှာ ဆရာဝန်အင်အားက နည်းပါးရတဲ့အထဲ ဆေးရုံ တွေမှာ   ကိုဗစ်လူနာတွေ    များပြားနေတာကြောင့် နိုင်ငံတော်က  ရသမျှနည်းလမ်းတွေ   အသုံးပြုပြီး ကိုဗစ်ကုသရေးစင်တာတွေကို ကြိုးစားဖွင့်လှစ်နေ တာ၊   အောက်ဆီဂျင်ဘူးတွေ    ရနိုင်သလောက် ဖြည့်တင်းနေတာတွေကိုလည်း မြင်တွေ့ရပါတယ်။ 
နိုင်ငံပိုင်မီဒီယာတွေမှာ  ကိုဗစ်နဲ့ပတ်သက်ပြီး ကာကွယ်နိုင်မယ့်နည်းလမ်းတွေ၊    သတိပေးချက် တွေ၊    ထုတ်ပြန်ချက်တွေနဲ့    ကိုဗစ်တွေ့ရှိမှုစာရင်း ဇယားတွေကို နေ့စဉ်နဲ့အမျှ ထုတ်ပြန်သတိပေးနေ တာကို မြင်တွေ့ရပါတယ်။ 

 


နိုင်ငံတကာကစာရင်းဇယားတွေနဲ့   ကျန်းမာ ရေးနှင့်   အားကစားဝန်ကြီးဌာနက   ထုတ်ပြန်တဲ့ အချက်အလက်တွေအရ       ကာကွယ်‌ဆေးထိုးမှု ဖြန့်ကြက်အောင်မြင်တဲ့နိုင်ငံအများစုမှာ သေဆုံးမှု နှုန်းနည်းပြီး      ကာကွယ်ဆေးထိုးမှုအားနည်းတဲ့ နိုင်ငံတွေက   အသေအဆုံးပိုမိုများပြားနေတာကို လည်း  မြင်တွေ့ရပါတယ်။ ပညာရှင်တွေရဲ့  သတိ ပေးချက်တွေအရ  ကာကွယ်ဆေးထိုးနှံထားသူတွေ က ဆေးမထိုးသူတွေထက်ပိုပြီး ရောဂါကိုခံနိုင်ရည် ရှိတယ်ဆိုတာကတော့ အသေအချာပဲဖြစ်ပါတယ်။ 


အိုင်ဇိုလေးရှင်းနဲ့ကျော်ဖြတ်မယ်

 


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကနေ ကိုဗစ်တတိယလှိုင်းအတွက်    ကာကွယ်တားဆီးဖို့ ကြေညာချက်တွေ   ထုတ်ပြန်ထားပါတယ်။    အဲဒီ အရာတွေကို   တိတိကျကျလိုက်နာဖို့က    အထူး အရေးကြီးပါတယ်။  ကပ်ရောဂါတွေဟာ   တောမီး လောင်ကျွမ်းတာနဲ့    အလားတူပါတယ်။ အချိန်    အမြန်ဆုံးမီးငြှိမ်းသတ်နိုင်မှ  အပျက်အစီး၊   အလေ အလွင့်  နည်းပါးမှာဖြစ်ပြီး   မီးကိုထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သတ်မှတ်သတိပေးထားတဲ့     ကြေညာချက်၊  လမ်းညွှန်ချက်တွေကို   လိုက်နာကြဖို့ သင့်ပါတယ်။   အဲဒီအထဲမှာ သီးခြားခွဲထားခြင်းက တော့  အခုလိုကိုဗစ်ပိုးရှိသူ         များပြားတဲ့ကာလမှာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
ကိုဗစ်ကူးစက်ခံရသူတွေအနက် ၁၅ ရာခိုင် နှုန်းလောက်ကသာ ဆေးရုံမှာ စောင့်ရှောက်ကုသ ဖို့လိုအပ်ပြီး  အဲဒီထဲကမှ   ငါးရာခိုင်နှုန်းလောက်က သာ အထူးကြပ်မတ်ခန်းတွေမှာ လိုအပ်တာတွေ ဖြည့်ဆည်းကုသပေးဖို့ လိုအပ်တာဖြစ်ပါတယ်။ ကျန်တဲ့    ကိုယ်ခံအားကောင်းမွန်ပြီး    ရောဂါအခံ မရှိသူတွေအတွက်က အာဟာရပြည့်အောင် စားသုံး ပြီး    ကိုယ်ခံစွမ်းအားမြှင့်တင်ရုံနဲ့     ကိုဗစ်ကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ပါတယ်။ အဲဒီ နေရာမှာ မိမိကိုယ်တိုင်၊ မိသားစုဝင်တွေမှာ ကိုဗစ် သံသယရှိစရာ ချောင်းဆိုးမယ်၊ ဖျားနာမယ်၊ ကိုယ် လက်မအီမသာကိုက်ခဲမယ်၊    လည်ချောင်းနာမယ်၊ ပင်ပန်းနွမ်းနယ်မယ်၊  နှာချေပြီး   ခေါင်းကိုက်မယ်၊ မျက်စိတွေနီမြန်းပြီး တုပ်ကွေးဆန်တဲ့ ဝေဒနာမျိုး တွေ ခံစားရမယ်ဆိုရင် လူတွေနဲ့ ထိစပ်မှုမရှိအောင် နေထိုင်ပြီး ရောဂါထိန်းချုပ်ကြဖို့ လိုအပ်တာကို သတိ ပြုစေလိုပါတယ်။ 

 


မိသားစုဝင်ချင်း၊ အိမ်နီးနားချင်းနဲ့ မိမိလုပ်ဖော် ကိုင်ဖက်တွေဆီကို    ရောဂါမဖြန့်ဝေမိစေဖို့အတွက် သီးခြားနေထိုင်တဲ့အမူအကျင့် Isolation ကို မဖြစ် မနေကျင့်သုံးရမှာ ဖြစ်ပါတယ်။  နေထိုင်စဉ်မှာလည်း တစ်ဦးတည်းနေထိုင်ရတဲ့အတွက်    ရောဂါအပေါ် ကြောက်စိတ်ပေါ်ပေါက်တာ၊          အဆက်အသွယ် ပြတ်တောက်တဲ့အတွက်   ပျင်းရိငြီးငွေ့တာ၊    စိတ် ညစ်ညူးတာနဲ့      စိတ်ပိုင်းဆိုင်ရာသက်ရောက်မှု (Cabin Fever)  ရရှိတတ်တာကိုလည်း  သတိပြုဖို့ လိုပါတယ်။  ဒါကို   Quarantine Claustophobia လို့ခေါ်ပါတယ်။ အဲဒီလိုမဖြစ်စေဖို့အတွက် ဘာသာရေး လုပ်ဆောင်တာဖြစ်ဖြစ်၊    ဝါသနာပါတဲ့လက်မှု ပညာတစ်ခုခုကိုဖြစ်ဖြစ်၊ တရားထိုင်၊ စာဖတ်၊ စာရေး တာဖြစ်ဖြစ်နဲ့  ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားတာ မျိုးတွေနဲ့  အာရုံလွှဲပြောင်းပြီး   မိမိစိတ်ကို အေးချမ်း အောင်နေထိုင်ခြင်းကနေ   သွေးတွင်းအောက်ဆီဂျင် ပြည့်ဝစေရုံသာမက ရောဂါဝေဒနာကိုလည်း အထိုက် အလျောက် လျော့ပါးသက်သာစေမှာ ဖြစ်ပါတယ်။

 


မှန်ကန်တဲ့ကုသမှုခံယူ

 


၂၀၁၉ ကောလ်စင်တာလိုမျိုး အရေးပေါ်ကျန်းမာ ရေးစောင့်ရှောက်မှုကို အွန်လိုင်း ဒါမှမဟုတ် ဖုန်းက နေတစ်ဆင့်    ရယူနိုင်တာကို     သိရှိပြီး     အချိန်မီ ဆက်သွယ်အကူအညီတောင်းခံကြဖို့လည်း လိုအပ် ပါတယ်။ မိမိသဘောနဲ့မိမိ ‌ဆေးသောက်တာကနေ ဆိုးကျိုးတွေရရှိစေတတ်သလို   ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဓာတ်တွေကို ပိုလျှံတဲ့အထိ   သောက်သုံးမိ ရာကနေလည်း   ဆေးကြောင့်လေးတတ်တာကိုလည်း သတိပြုရမှာဖြစ်ပါတယ်။  အွန်လိုင်းကနေ   ပေါ်ထွက် လာတဲ့ ဆေးနည်းမျိုးစုံဟာ  တကယ်တမ်းရောဂါခံစား ရတဲ့အချိန်မှာ    အသုံးတည့်ဖို့     ခက်ခဲတာကိုလည်း သတိပြုပြီး      ကျန်းမာရေးနည်းစနစ်အမှန်တွေကို လေ့လာကြည့်ရှုကြဖို့ လိုအပ်ပါတယ်။ 
ဥပမာအားဖြင့်   ဗီတာမင်ဒီအတွက်   ဖြည့်စွက် ဆေးတွေကို  များများသောက်သုံးမိရင်၊    ဇင့်ဓာတ် အတွက်  မလိုအပ်ဘဲ  ဆေးဝါးတွေသောက်သုံးမိရင် ဆေးဒဏ်ကြောင့်  ပင်ပန်းနွမ်းနယ်တာ၊    ဝမ်းပျက် ဝမ်းလျှောဖြစ်တာမျိုးလည်း ကြုံတွေ့ရသလို ဗီတာ မင်စီဓာတ်    ပိုလျှံတဲ့အခါ   ကျောက်ကပ်လုပ်ဆောင် ချက်တွေကို ထိခိုက်စေနိုင်တာမျိုးကိုလည်း သတိပြု ဖို့လိုအပ်ပါတယ်။   အောက်ဆီဂျင်လိုအပ်တဲ့ပမာဏ ထက် ပိုမိုတဲ့အတွက်  အဆိပ်သင့်တာနဲ့ သန့်ရှင်းတဲ့ အောက်ဆီဂျင်မဟုတ်ဘဲ ထည့်လာတဲ့အိုးတွေ မသန့် ရှင်းတာ၊ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းသန့်ရှင်းမှုမရှိတာ တွေကြောင့်လည်း အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်တဲ့ဆရာဝန်တွေထံကို ဆက်သွယ်အကူအညီ တောင်းတာ၊ အဝေးရောက်ဆေးကုသမှု အကြံဉာဏ် ယူတာမျိုးတွေကို မပြတ်လုပ်ဆောင်သင့်ပါတယ်။ 

 


ပြည်သူ့ကျန်းမာရေးစနစ်ကို တိတိကျကျပူးပေါင်းပါဝင်ပါ

 


ထို့အတူ မှန်ကန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကိုရရှိစေဖို့ ကျန်းမာရေးဌာနတွေရဲ့ လမ်းညွှန်ချက် တွေကို   တိတိကျကျလိုက်နာဖို့    လိုအပ်ပါတယ်။ မည်သူမဆို   ကိုဗစ်လက္ခဏာတွေ ပေါ်ပေါက်လာပြီ၊ ဒါမှမဟုတ်   ဝေဒနာရှင်နဲ့ နီးနီးကပ်ကပ်ထိစပ်မှု ရှိထားပြီဆိုတာနဲ့ မိမိနေထိုင်တဲ့ ဒေသန္တရကျန်းမာ ရေးဌာနတွေဆီကို  အကြောင်းကြားဖို့     လိုအပ်ပါ တယ်။ ဒါမှလည်း ကျန်းမာရေးဘက်က ဆောင်ရွက် သင့်တာတွေကို   ကြိုတင်ပြင်ဆင်ဖို့  လွယ်ကူမှာ ဖြစ်ပါတယ်။ အခုရက်ပိုင်းအတွင်း   ဆေးရုံတွေဆီ   အရေးပေါ်အခြေအနေကျမှ ပြေးကြတဲ့အခါ အချိန် လွန်သွားတာ၊ လူနာအရေအတွက်များပြားမှုကြောင့် အသက်မမီတာမျိုးကိုလည်း       မကြာခဏတွေ့ရှိနေ ကြရပါတယ်။ ဒါတွေဟာ လူနာနဲ့  လူနာရှင်ဘက်က ကြိုတင်ပြင်ဆင်မှုအားနည်းခဲ့ရခြင်းရဲ့ အကျိုးဆက် တစ်ခုလည်း ဖြစ်ပါတယ်။

 


ရောဂါသံသယရှိတာနဲ့    သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဌာနတွေကို မဖြစ်မနေဆက်သွယ်ထား ရမှာဖြစ်ပါတယ်။   အဲဒီကနေ    ဓာတ်ခွဲစမ်းသပ်မှု တွေကို ကျန်းမာရေးက ဆက်သွယ်ဆောင်ရွက်ပေး မှာဖြစ်ပါတယ်။     မိမိကိုယ်တိုင်ခံစားရတဲ့အတွေ့ အကြုံအရကတော့ ကျန်းမာရေးဌာနကို သတင်းပို့ ပြီးတာနဲ့ တစ်ရက်အတွင်း လူနာတင်ကားစေလွှတ် ပြီး   ရောဂါဓာတ်ခွဲစမ်းသပ်ခွင့်ရရှိပါတယ်။    အဖြေ သိရှိရပြီး      ရောဂါပိုးတွေ့ရှိရင်      စင်တာတွေထံ     စေလွှတ်ပါတယ်။ ထိတွေ့ဆက်စပ်သူတွေကတော့   ကွာရန်တင်းစင်တာတွေမှာ    နေထိုင်သူရှိသလို မိမိနေအိမ်မှာပဲ            အသွားအလာကန့်သတ် စောင့်ကြည့်ရတာမျိုးရှိပါတယ်။ အရေးပေါ်ပြင်းထန် ကိုဗစ်လက္ခဏာခံစားနေရသူတွေကတော့ နီးစပ်ရာ ကျန်းမာရေးဌာနတွေက လက်ခံကုသပေးပါတယ်။  ဒါကြောင့်   အချိန်မလွန်ခင်   ကုသရေးနည်းလမ်း တွေနဲ့    ချိတ်ဆက်ဆောင်ရွက်ရမယ့်ကိစ္စတွေကို ပြင်ဆင်လေ့လာထားသင့်ပါတယ်။

 


  မိမိကိုယ်မိမိ    သံသယရှိလာပြီဆိုတာနဲ့ တစ်ဦးချင်းတစ်ယောက်ချင်းက    တာဝန်သိသိနဲ့ သတိထားနေထိုင်ဖို့ လိုအပ်သလို ရောဂါနဲ့ထိစပ်မှု ရှိသူတွေနဲ့  အတူယှဉ်တွဲ  တစ်အိမ်တည်းနေကြရသူ တွေအဖို့ မျက်စိ၊ ပါးစပ်နဲ့နှာခေါင်းအတွင်း ရောဂါ မဝင်ရောက်စေရေး   အထူးဂရုပြုကြရမှာ ဖြစ်ပါ တယ်။ အခုနောက်ပိုင်း လူမှုကွန်ရက်မှာ သေဆုံးသူ မိသားစုဝင်တွေ၊ ရောဂါပြင်းထန်တဲ့မိသားစုဝင်တွေ ကို ပြုစုလုပ်ကိုင်ပေးနေရသူတွေအများစုက ရောဂါ ကူးစက်ခံနေရပြီး အဲဒါကို ကျန်းမာရေးအသိအမြင်နဲ့ ထိန်းချုပ်မှုအားနည်းနေတာကိုလည်း မြင်တွေ့ရ ပါတယ်။     မိမိကိုယ်တွင်းထဲက     ကိုဗစ်ပိုးသည် မည်သူ့ထံမျှ ထပ်မံမရောက်ရှိစေရဆိုတဲ့ စိတ်ဓာတ် ခွန်အားမျိုး ထည့်သွင်းခြင်းကနေ လူမှုအသိုက်အဝန်း ကို တစ်တပ်တစ်အား ကယ်တင်ပေးဖို့လိုအပ်ပါ တယ်။                          

 


အကုသိုလ်နည်းနိုင်သမျှနည်းအောင်
ပူလောင်မှုဒေါသနဲ့ကြုံလာတဲ့အခါ နှလုံးခုန် နှုန်းတွေမြန်လာတာ၊ ကယ်လိုရီတွေ လောင်ကျွမ်း ပြီး ဦးနှောက်နဲ့နှလုံးတို့ မြန်မြန်သွက်သွက်အလုပ် လုပ်ကြရပါတယ်။ စိတ်မြန်လက်မြန်နဲ့ လှုပ်ရှားမှု များပြားသူတွေဟာလည်း     လောင်စာအဖြစ် သွေးတွင်းအောက်ဆီဂျင်  အကျမြန်စေတဲ့အတွက် ကိုဗစ်နဲ့ကြုံနေရသူအပေါင်းက     စိတ်တည်ငြိမ် အေးချမ်းမှုကို တည်ဆောက်ပွားများတတ်အောင် လေ့ကျင့်ထားကြဖို့လိုအပ်ပါတယ်။         သို့မှသာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ရာ၊ ဆေးကုသ မှုခံယူရာတွေမှာ ပိုမိုလွယ်ကူနိုင်သလို အောက်ဆီ ဂျင်ကို ခန္ဓာကိုယ်က လိုအပ်ချက်ကိုလည်း အထိုက် အလျောက်လျော့ပါးစေမှာ ဖြစ်ပါတယ်။ သွေးတွင်း အောက်ဆီဂျင်လိုအပ်ချက်တွေကို    ကျန်းမာရေး တာဝန်ရှိသူတွေရဲ့  ပညာပေးနည်းလမ်းတွေအတိုင်း လိုက်နာထိန်းညှိကြရင်း ကြံ့ကြံ့ခံကျော်ဖြတ်နိုင်ကြ ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ 

 


ကာကွယ်ဆေး  ထိုးနှံထားသူတွေကလည်း ကိုဗစ်ရဲ့ကူးစက်မှုကို     ရှောင်လွှဲလို့မရပါဘူး။ သို့သော် ရာခိုင်နှုန်းအတော်များများ ပိုးရဲ့တိုက်ခိုက် မှုကို         ကျော်လွှားဖြတ်သန်းနိုင်ကြပါတယ်။ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွေ နိုင်ငံတော် က စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ချိန်မှာ ကာကွယ်ဆေး မထိုးဖို့  အဖျက်လုပ်ရပ် လုပ်ကြသူအပေါင်းတို့လည်း လက်ရှိကြုံတွေ့နေရတဲ့   ကိုဗစ်တတိယလှိုင်းကို မြင်ယောင်ရင်း       ရှေ့ဆက်မယ့်ကာကွယ်ဆေးထိုး လုပ်ငန်းစဉ်တွေမှာ    ပူးပေါင်းဆောင်ရွက်သွားကြ လိမ့်မယ်လို့ မျှော်လင့်ရင်း ကိုဗစ်-၁၉ ကို ကြံ့ကြံ့ခံ နိုင်ရည်ရှိအောင် ကြိုးစားဖြတ်ကျော်ကြဖို့ မျှော်လင့် မိပါကြောင်း။    ။