
နေပြည်တော် ဇူလိုင် ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှ မန္တလေးမြို့သို့ သယ်ဆောင်မည့် ငွေကျပ်သိန်း ၁,၁၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁ ဒသမ ၉၂ ကီလိုနှင့် ဘိန်း ၂၈၈ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ ဇူလိုင် ၂၂ ရက် ည ၁၀ နာရီခွဲက ရွာငံမြို့နယ် ကျောက်ကူပြင်ကျေးရွာ ရွာငံ- ကျောက်ဆည်သွား ကားလမ်းအနီးတွင် ရွာငံဘက်မှ ကျောက်ဆည် ဘက်သို့ ယာဉ်မောင်း သန်းဝင်း(၄၀ နှစ် )မောင်းနှင်ပြီး ကျော်ဆန်း(၃၃ နှစ်) လိုက်ပါလာသည့် နစ်ဆန်းကွန်ဒေါ ၆ ဘီး ရေသယ်ယာဉ်ကို ရပ်တန့်ရှာဖွေစစ်ဆေးရာ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၁၁၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁ ဒသမ ၉၂ ကီလိုနှင့် ဘိန်း ၂၈၈ ကီလို သိမ်းဆည်းရမိခဲ့ပြီး၊ စစ်ဆေးပေါ်ပေါက်ချက်အရ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှ မန္တလေးမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်