စိတ်ကူးယဉ်နိုင်ငံရေးမှ နိုးထချိန်တန်ပြီ

Type

မျိုးငြိမ်းငယ်

====

 

 

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ကိုယ့်မင်းကိုယ့်ချင်း အုပ်ချုပ်လာခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်အတွင်းမှာ ခိုင်မာတဲ့နိုင်ငံရေးစနစ်တစ်ရပ်ကို   တည်ဆောက်ဖို့ ဒီနေ့အထိ   ခက်ခက်ခဲခဲ  ကြိုးစားနေရတုန်းအခြေ အနေပါ။ 

 


မြန်မာနိုင်ငံနဲ့ကိုက်ညီမယ့်    နိုင်ငံရေးစနစ် တစ်ရပ်   မတည်ဆောက်နိုင်ရတဲ့ အကြောင်းရင်း များစွာထဲမှာ  ကိုယ့်နိုင်ငံရဲ့အခြေအနေကို  ခြေခြေ မြစ်မြစ်မသိခြင်း၊          နားမလည်ခြင်းဟာလည်း အကြောင်းရင်းတစ်ရပ်အနေနဲ့         ပါဝင်ပါတယ်။ ခြေခြေမြစ်မြစ် မသိနားမလည်ခြင်းဆိုရာမှာ အခြေ အနေအမှန်ကို အပေါ်ယံသာသုံးသပ်ခြင်း၊ လိုရာဆွဲ သုံးသပ်ခြင်း၊ အားလုံး၏အမြင်သဘောထားမရယူ ခြင်း၊ မိမိတို့ဆန္ဒကိုသာ ဦးစားပေးနေခြင်း၊ အတ္တ များ လွှမ်းမိုးနေခြင်းတွေက နိုင်ငံရေးစနစ်တစ်ရပ် ခိုင်ခိုင်မာမာ   မတည်ဆောက်နိုင်ခြင်းနဲ့     နိုင်ငံ မတည်ငြိမ်ခြင်း    အကျိုးဆက်တွေကိုဖြစ်စေတဲ့ အရင်းခံအကြောင်းတရားတွေအဖြစ်  တွေ့မြင်နိုင် ပါတယ်။

 


ကိုယ်စီးတဲ့မြင်း အထီးလား၊ အမလား သိရန်လို

 


ခိုင်မာတဲ့နိုင်ငံရေးစနစ်    တည်ဆောက်ဖို့၊ ခိုင်မာဖို့ဆိုရင်  ကိုယ်စီးတဲ့မြင်း   အထီးလား၊  အမ လားသိဖို့    ဦးစွာလိုပါတယ်။   မျှော်မှန်းချက်တွေ၊    အယူအဆတွေ၊    စနစ်တွေ၊     မဟာဗျူဟာတွေ   ဘယ်လောက်ကောင်းကောင်း၊    ကိုယ်စီးတဲ့မြင်း  အထီးလား၊  အမလား   မသိသလိုဘဲ    ကိုယ့်နိုင်ငံရဲ့ အခြေအနေအမှန်ကို  နားမလည်နိုင်သရွေ့   ဒါမှ မဟုတ်   မျက်ကွယ်ပြုနေသရွေ့တော့    နိုင်ငံရေး မုန့်လုံးစက္ကူကပ်ဖြစ်နေပါလိမ့်ဦးမယ်။

 


အခြေအနေနှင့်ကိုက်ညီဖို့

 


နိုင်ငံ  တစ်နိုင်ငံနဲ့တစ်နိုင်ငံ   နိုင်ငံရေးသမိုင်း ကြောင်း၊ ပြည်တွင်းအခြေအနေ၊ နိုင်ငံရေးဓလေ့ တွေဆိုတာက  မတူညီတတ်ကြပါဘူး။  ဒီတော့   တစ်မျိုး တစ်ဘာသာစီ ကွဲပြားနေကြတဲ့အခြေအနေ မှာ နိုင်ငံရေးစနစ်တွေကို   မိမိနိုင်ငံနဲ့ကိုက်ညီအောင်၊ နိုင်ငံတကာစံနှုန်းတွေနဲ့ တတ်နိုင်သမျှ ဘောင်ဝင် အောင် လိုက်လျောညီထွေတည်ဆောက်မှပဲ အဲဒီ နိုင်ငံရေးစနစ်ဟာ ကိုယ့်နိုင်ငံမှာခိုင်မြဲနေပြီး  နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေနိုင်မှာပါ။ 

 


အထူးသဖြင့်        ကိုယ့်နိုင်ငံရဲ့အခြေအနေကို ခရေစေ့တွင်းကျ၊  သမာသမတ်ရှိရှိ   သိရှိနားလည် ထားမှ နိုင်ငံနဲ့စနစ်  စရွေးကိုက်ပါလိမ့်မယ်။ ဥပမာ အားဖြင့်      ဒီမိုကရေစီစနစ်ဟာ     ဒီနေ့ကမ္ဘာမှာ အကောင်းဆုံးစနစ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဖရန့်စစ် ဖူကူးယားမားက  လစ်ဘရယ်ဒီမိုကရေစီဟာ လူသား တို့ရဲ့အတွေးအခေါ်ဆိုင်ရာ    ဆင့်ကဲပြောင်းလဲမှုရဲ့ နောက်ဆုံးနဲ့     အုပ်ချုပ်မှုဆိုင်ရာ    နောက်ဆုံးပုံစံလို့ ရေးသားခဲ့ဖူးပါတယ်။ 

 


ဒါပေမဲ့   ဒီမိုကရေစီစနစ်ဆိုရာမှာ   တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ထပ်တူကျ ကူးယူတည်ဆောက်လို့ မရနိုင် ပါဘူး။ နိုင်ငံတည်ဆောက်လိုတဲ့ မျှော်မှန်းချက်နဲ့အတူ ကိုယ့်နိုင်ငံရဲ့   နောက်ခံအခြေအနေ၊   လက်ရှိအခြေ အနေ၊   နိုင်ငံတကာနိုင်ငံရေးရေချိန်၊    အချိန်ကာလ လိုအပ်ချက်တွေကအစ ပညာရေး၊ လူထုရဲ့နိုင်ငံရေးယဉ်ကျေးမှုတွေအဆုံး ကိုက်ညီမှုရှိအောင် မဖြစ်မနေ ထည့်သွင်းစဉ်းစားတွက်ချက်ကြရမှာပါ။

 


နိုင်ငံရေးလက်တွေ့ကျဖို့ ဂျာမန်ခေါင်းဆောင်ကြီး အောတိုဘွန်ဗစ်စမတ်က Politics is the art of  the possible. လို့ဆိုပါတယ်။ ဒီတော့  ဖြစ်သင့်တာလုပ်ဖို့ ဆိုတာ   လက်ရှိဖြစ်ပျက်နေဆဲ    အခြေအနေတွေနဲ့ ကိုက်ညီရပါလိမ့်မယ်။ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို မှန်မှန်ကန်ကန်ရွေးချယ်ဆုံးဖြတ်နိုင်ခြင်းဟာ ထက်မြက် တဲ့   နိုင်ငံရေးအရည်အသွေးတစ်ခုဖြစ်ပါတယ်။

 


ကိုယ့်နိုင်ငံအကျိုးစီးပွားကို အလေးထားဖို့လို

 


နိုင်ငံတစ်နိုင်ငံပြုပြင်ပြောင်းလဲဖို့၊ တည်ဆောက် ဖို့ဆိုတာ  နိုင်ငံရဲ့အခြေအနေနဲ့ကိုက်ညီမှသာ    နိုင်ငံ ရေးစနစ်တည်ငြိမ်ပြီး        နိုင်ငံရဲ့အကျိုးစီးပွားကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါ တယ်။ ဒီနေရာမှာ နိုင်ငံတစ်နိုင်ငံကို  ပြုပြင်ပြောင်းလဲ ဖို့အတွက် ပြည်တွင်းအားတွေအပြင် ပြည်ပနိုင်ငံတွေ၊ နိုင်ငံတကာအကူအညီတွေ လိုအပ်တာမှန်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာအကူအညီဆိုတာနဲ့ ပြည်တွင်းရေး ဝင်ရောက်ချယ်လှယ်တာ၊  အချုပ်အခြာအာဏာထိပါး တာ  မတူပါဘူး။   ဥပမာအားဖြင့်    အီရတ်နိုင်ငံကို ကြည့်ပါ။ အီရတ်နိုင်ငံကို  ပြည်ပနိုင်ငံတွေနဲ့  နိုင်ငံ တကာက ဝင်ရောက်စွက်ဖက်ခဲ့တာ   အခုအချိန်အထိ နာလန်မထူနိုင်သေးပါဘူး။    ပေးဆပ်ခဲ့ရတဲ့တန်ဖိုး များလှပါတယ်။  အီရတ်နိုင်ငံနဲ့  အီရတ်ပြည်သူတွေရဲ့ အကျိုးစီးပွားဆိုတာထက်    နောက်ဆုံး    ဝင်ရောက် စွက်ဖက်တဲ့  ပြည်ပနိုင်ငံတွေက သူတို့အကျိုးစီးပွား ကိုပဲ ဖော်ဆောင်သွားခဲ့ကြတာပါ။ 

 


အာဖဂန်နစ္စတန်နိုင်ငံမှာလည်း      ဒီလိုပါပဲ။ အာဖဂန်အတွင်းမှာ တပ်စွဲထားတဲ့ အမေရိကန်တပ် တွေဟာ သူတို့အကျိုးစီးပွားထိခိုက်လာတဲ့အခါမှာ သတ်မှတ်ရက်မတိုင်မီမှာဘဲ အာဖဂန်မှ ထွက်ခွာသွား ခဲ့ကြပါတယ်။  အာဖဂန်နိုင်ငံကတော့   ပြည်ပကျော ထောက်နောက်ခံအစိုးရကတစ်ဖက်၊   တာလီဘန်တွေ ကတစ်ဖက်နဲ့ ကျန်ခဲ့ပါပြီ။ အဲဒါတွေဟာ ကိုယ့်နိုင်ငံ ပြုပြင်ပြောင်းလဲရာမှာ  ဒါမှမဟုတ်  တည်ဆောက်ရာ မှာ   နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကို    မျက်ခြည် မပြတ်ဖို့ သင်ခန်းစာတွေပဲ  ဖြစ်ပါတယ်။ နိုင်ငံတကာ ကနေ        နှောင်ကြိုးမဲ့ကူညီတာတွေရှိကြပေမယ့် အားလုံးတော့မဟုတ်ပါဘူး။   နိုင်ငံတကာအကူအညီ တွေဆိုတာ    အများအားဖြင့်    သူတို့အကျိုးစီးပွားနဲ့ ယှဉ်ပြီးမှ ကူညီကြ၊ ပေးကြတာပါ။ 

 


မြန်မာ့ပြည်တွင်းရေးမှာလည်း        ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို            လက်တွေ့ကျကျ ပြည်တွင်းမှာ အဖြေရှာဖို့ထက် ပြည်ပနဲ့နိုင်ငံတကာကို မျက်စိစုံမှိတ်အားကိုးနေခြင်းဟာ         စိတ်ကူးယဉ် မျှော်မှန်းချက်လား၊   နိုင်ငံအတွက် လက်တွေ့အဖြေ လား စဉ်းစားကြဖို့ လိုအပ်နေပါပြီ။
နိုင်ငံရေးသံသရာကထွက်ဖို့ဆိုရင်

 


မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ ကျော်တဲ့အထိ နိုင်ငံရေးဝင်္ကပါထဲမှာ     သံသရာ လည်နေတာ ဒီနေ့အထိပါပဲ။ ဒီဝဲဂယက်က မထွက် နိုင်သေးပါဘူး။   ၁၉၄၈   ခုနှစ်ကနေ ၁၉၆၂ ခုနှစ်အထိ ပါလီမန်ဒီမိုကရေစီစနစ် ၁၄ နှစ်ကျင့်သုံးခဲ့ဖူးပါတယ်။ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ ၁၀ နှစ် ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့ပါတယ်။ ဒီမိုကရေစီစနစ် ကို   ကျင့်သုံးခဲ့ပါလျက်   ဘာကြောင့် ဒီမိုကရေစီစနစ်    ခိုင်ခိုင်မာမာမတည်ဆောက်နိုင်ခင်မှာဘဲ အခက်အခဲ တွေ   ရင်ဆိုင်နေကြရတာလဲဆိုတာ   ဒီကနေ့   ပူပူ နွေးနွေး အဖြေရှာနိုင်ပါတယ်။ အယူအဆလွဲနေလား၊  စနစ်လိုအပ်ချက်လား၊   အကောင်အထည်ဖော်တာ    မှားတာလား၊ တစ်နည်းအားဖြင့် စနစ်လိုအပ်ချက် လား၊ လူလိုအပ်ချက်လား ဆိုတာပါပဲ။

 


မြန်မာနိုင်ငံလို မတူကွဲပြားမှုတွေများတဲ့ နိုင်ငံ တစ်နိုင်ငံမှာ  ဒီမိုကရေစီစနစ်၊  ပြည်ထောင်စုစနစ်နဲ့ တည်ဆောက်ဖို့ လိုအပ်တယ်၊ ကိုက်ညီတယ်ဆိုတာ အားလုံးက လက်ခံထားပြီးဖြစ်ပါတယ်။   ဒါပေမဲ့  ဒီမို ကရေစီဆိုတဲ့နေရာမှာ       ပုံတူကူးဒီမိုကရေစီဆိုတာ ထက် ကိုယ့်နိုင်ငံနဲ့ကိုက်ညီတဲ့ လက်တွေ့အကောင် အထည်ဖော်နိုင်မှုတွေ၊ ဒီမိုကရေစီအခြေခံတန်ဖိုးတွေ ကို  လေးစားလိုက်နာမှုတွေတော့ လိုအပ်ပါလိမ့်မယ်။ ဥပမာအနေနဲ့  ဒီမိုကရေစီဆိုပြီး အာဏာခွဲဝေမှုထက် အာဏာလက်ဝါးကြီးအုပ်ထားတာ၊ နိုင်ငံရဲ့မဏ္ဍိုင်တွေ အားကောင်းအောင်တည်ဆောက်ဖို့ထက် မဏ္ဍိုင်တွေ ကို ချုပ်ကိုင်ထားတာတွေဟာ ပါလီမန်ဒီမိုကရေစီ ခေတ်မှာရော၊ ပါတီစုံဒီမိုကရေစီခေတ်မှာရော ကြုံခဲ့ ရတဲ့သင်ခန်းစာတွေဖြစ်ပါတယ်။           ဒါ့အပြင် ကိုယ့်နိုင်ငံရဲ့   တည်ငြိမ်မှုနဲ့  အသွင်ကူးပြောင်းရေး  ဖြေလျှော့မှုတွေမှာ          နိုင်ငံတကာစံနှုန်းတွေနဲ့ တိုင်းတာလုပ်ဆောင်ခြင်းဟာလည်း      ဖြစ်ချင်တာ လား၊ ဖြစ်သင့်တာလား သုံးသပ်ဖို့လိုပါလိမ့်မယ်။ 

 


အထက်မှာဆိုခဲ့သလို မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ခဲ့ပါလျက်နဲ့ အမှားသံသရာ လည်နေရတဲ့အဖြေရှာရာမှာ စိတ်ကူးနဲ့ဖြစ်ချင်တာ တွေ အကောင်အထည်ဖော်နေကြတာထက် အရင်းခံ အကြောင်းတရားတွေကို အချင်းချင်းဝိုင်းဝန်းဖြေရှင်း ကြခြင်းက လက်တွေ့ကျတဲ့ နည်းလမ်းဖြစ်ပါလိမ့်မယ်။
ပြည်ပအားကိုးမှုနဲ့

 


ပြည်ပအားကိုးမှုလို့ဆိုလိုက်ရင် ပြည်ပနိုင်ငံ တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကို   ပစ်ပယ်လို ခြင်းသဘောမဆိုလိုပါဘူး။ အားကိုးမှုနဲ့  အကူအညီ ဆိုရာမှာ   အတိုင်းအတာနဲ့  အချိန်အဆ  ရှိပါတယ်။ အဲဒီအတိုင်းအတာနဲ့ အချိန်အဆဆိုတာ ကိုယ့်နိုင်ငံ ရဲ့အမျိုးသားအကျိုးစီးပွားနဲ့  တိုင်းတာချင့်ချိန်ရမှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ပစ်ပယ်ပြီး ပြည်ပနိုင်ငံကို အားကိုးလို့မရနိုင်သလို နိုင်ငံတကာကိုလည်း         အားကိုးလို့မရနိုင်ပါဘူး။ နိုင်ငံတည်ဆောက်ဖို့ ယူသင့်ယူထိုက်တဲ့ အကူအညီ ယူတာ မဆန်းပေမယ့် နိုင်ငံတစ်နိုင်ငံတည်ဆောက်ဖို့ အလုံးစုံ    အကူအညီယူလုပ်ဆောင်မယ်ဆိုတာက တော့ စိတ်ကူးယဉ်ဆန်လွန်းလှပါတယ်။ ဒီစိတ်ကူး တွေကြောင့်    ဖြစ်လာမယ့်အကျိုးဆက်တွေကို လေးလေးနက်နက်စဉ်းစားကြဖို့ ကောင်းပါတယ်။ 

 


ကိုယ့်နိုင်ငံတည်ဆောက်ဖို့ဆိုပြီး နိုင်ငံတကာ အကူအညီတွေနဲ့ လုပ်ဆောင်ဖို့ စိတ်ကူးကြံစည်နေ ကြတာတွေ၊   အကောင်အထည်ဖော်နေကြတာတွေ ဟာ   အလွန်အန္တရာယ်များတဲ့    အကြံအစည်တွေ ဆိုတာ ကမ္ဘာမှာ  နမူနာတွေရှိပါတယ်။ ပြည်ပနိုင်ငံ တွေရဲ့ ဝင်ရောက်စွက်ဖက်မှုကြောင့်   ပြည်တွင်းစစ် တွေနဲ့  ဒုက္ခပင်လယ်ဝေနေတဲ့နိုင်ငံတွေ    ကမ္ဘာမှာ အခုထိရှိနေတုန်းပဲဆိုတာ       သတိပေးလိုပါတယ်။ ဒုက္ခတွေသယ်ဆောင်လာမယ့်   စိတ်ကူးယဉ်မှုတွေ ကို   ရပ်တန်းကရပ်သင့်ပါပြီ။   အဲဒီယူဆချက်ဟာ ကိုယ့်နိုင်ငံမှာဖြစ်နေတဲ့    အကျပ်အတည်းတွေကို ဖြေရှင်းဖို့       မှန်ကန်တဲ့နည်းလမ်းမဟုတ်ပါဘူး။     သွေးထွက်သံယိုမှုတွေနဲ့     ကျရှုံးနိုင်ငံဖြစ်စေမယ့် နည်းလမ်းပဲဖြစ်ပါတယ်။


အခုဆိုရင်လည်း ပြည်ပနိုင်ငံတွေရဲ့ကြိုးဆွဲမှု တွေနဲ့ နိုင်ငံတွင်းမှာ အကြမ်းဖက်တိုက်ခိုက်တာတွေ လုပ်နေကြလို့ နိုင်ငံကောင်းလာသလား၊       ဆိုးသွား သလား  လက်တွေ့ပါပဲ။ ဒါကို နိုင်ငံရေးလို့မဆိုနိုင်ပါ ဘူး။ နိုင်ငံရေးဆိုတာ သွေးထွက်သံယိုမှုမရှိတဲ့ စစ်ပွဲ ဖြစ်ပြီး စစ်ပွဲဆိုတာ သွေးထွက်သံယိုမှုရှိတဲ့ နိုင်ငံရေး လို့ မော်စီတုန်းကဆိုဖူးပါတယ်။ ချိန်ထိုးစဉ်းစားကြ ရမယ့်စကားပါပဲ။ နိုင်ငံတည်ဆောက်ဖို့၊ ပြည်သူ့ အကျိုးစီးပွားဖော်ဆောင်ဖို့အတွက်    နိုင်ငံရေးကို လုပ်ဆောင်ကြတာပါ။   နိုင်ငံကို  သူတစ်ပါးလက်ထဲ ထိုးအပ်ဖို့   လမ်းကြောင်းပေးနေတာ၊   နိုင်ငံပြိုကွဲဖို့ လုပ်ဆောင်နေတာကို     နိုင်ငံရေးလို့      မဖွင့်ဆို ပါဘူး။

 


စိတ်ကူးမယဉ်သင့်တော့

 


မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို နှစ်ကြိမ် တိတိကျင့်သုံးခဲ့ပြီးပါပြီ။ ဒီမိုကရေစီလမ်းကြောင်းပေါ်    ရောက်ခဲ့ပြီးပါပြီ။    ဘာကြောင့်     ဒီမိုကရေစီ လမ်းကြောင်းကနေ         လမ်းချော်နေကြသလဲ။  ကိုယ့်နိုင်ငံအခြေအနေနဲ့       ဖြစ်သင့်တာထက် ဘောင်ကျော်     စဉ်းစားမှုတွေ၊    လုပ်ဆောင်မှု တွေကြောင့်    ဒီမိုကရေစီလမ်းကြောင်းက လွဲချော် နေခြင်းပဲ     ဖြစ်ပါတယ်။   ဒီတော့     ဒီမိုကရေစီ လမ်းကြောင်းပေါ်     မြန်မာနိုင်ငံ   ဆက်လျှောက် လှမ်းဖို့ဆိုရင်   ကိုယ်ဖြစ်ချင်တဲ့   စိတ်ကူးယဉ်တာ တွေရပ်ပြီး     ကိုယ့်နိုင်ငံ၊       ကိုယ့်ပြည်သူတွေ အားလုံး    အကျိုးစီးပွားကို     ဖော်ဆောင်နိုင်မယ့်     ရည်မှန်းချက်၊      အယူအဆ၊      ဘုံတူညီတဲ့     သဘောထား တွေနဲ့         ပူးပေါင်းဆောင်ရွက်ကြမယ် ဆိုရင် ဒီမိုကရေစီနဲ့  ဖက်ဒရယ်ခရီးကို   ဖြောင့်ဖြူး စေပါလိမ့်မယ်။        ။