အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၁ သန်းကျော်ရှိလာ

နယူးဒေလီ ဇူလိုင် ၂၅ 

 


အိန္ဒိယနိုင်ငံ၌  လွန်ခဲ့သော ၂၄ နာရီအတွင်း  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၉၇၄၂ ဦး  ထပ်မံစစ်ဆေး တွေ့ရှိခဲ့ရာ  နိုင်ငံအတွင်း၌  ဗိုင်းရပ်စ်ကူးစက်ခံရသူ ပေါင်း ၃၁၃၇၁၉၀၁ ဦးအထိ  မြင့်တက်လာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏     နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။ 


အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ၅၃၅ ဦး   ထပ်မံသေဆုံးခဲ့ရာ နိုင်ငံအတွင်း၌  အဆိုပါရောဂါကြောင့်  သေဆုံးသူ ပေါင်း ၄၂၀၅၅၁ ဦးရှိလာသည်။ 


လက်ရှိအချိန်အထိ  ပိုးတွေ့ဆဲလူနာ ၄၀၈၂၁၂ ဦးရှိကြောင်း သိရသည်။ 


သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ် လူနာ ၃၉၉၇၂ ဦးရောဂါမှ    ပြန်လည်ကျန်းမာလာ သည့်အတွက်     ဆေးရုံများမှ     ပြန်လည်ဆင်းသွားခဲ့ရာ ကျန်းမာရေးအခြေအနေ   ပြန်လည်ကောင်းမွန်လာ သူပေါင်း ၃၀၅၄၃၁၃၈ ဦး ရှိလာပြီဖြစ်သည်။ 


ကိုးကား- ဆင်ဟွာ 
ဘာသာပြန်- အောင်ကျော်ကျော်