
ဗန်ကောက် ဇူလိုင် ၂၅
ထိုင်းနိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၅၃၃၅ ဦးရှိကြောင်းနှင့် ယင်းသို့ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် တစ်သောင်းကျော်ရှိခဲ့သည်မှာ ကိုးရက် ဆက်တိုက် ရှိသွားပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါအခြေ အနေစီမံခန့်ခွဲမှု ဗဟိုဌာန၏ ထုတ်ပြန် ချက်တစ်ရပ်တွင် ဖော်ပြထားသည်။
ထို့ပြင် ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၂၉ ဦးရှိခြင်း ကြောင့် နိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၄၀၅၉ ဦးရှိကြောင်း သိရသည်။
စုစုပေါင်း ၄၉၇၃၀၂ ဦးရှိ
ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ စတင် ဖြစ်ပွားချိန်မှစတင်ကာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၉၇၃၀၂ ဦးရှိကြောင်းနှင့် ယင်းတို့အနက် ၁၅၈၅၅၀ ဦးသည် လက်ရှိတွင် ဆေးရုံ များ၌ ဆေးဝါးကုသမှုများ ခံယူလျက် ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန သည် ဩဂုတ်လနှင့် စက်တင်ဘာလ အတွင်း နိုင်ငံတစ်ဝန်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများကို စမ်းသပ်စစ်ဆေးနိုင်ရေး ကိုဗစ်-၁၉ ရောဂါ စမ်းသပ်ကိရိယာ ၈ ဒသမ ၅ သန်းခန့်အား ဖြန့်ဖြူးပေးရန် စီစဉ်လျက်ရှိကြောင်း အစိုးရ၏ပြောရေးဆိုခွင့်ရှိသူ အနူချာ ဘူရာပါချိုင်ဆရီက ယနေ့တွင် ပြောကြား သည်။
ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဖြန့်ဖြူးပေးမည့် ကိုဗစ်-၁၉ ရောဂါ စမ်းသပ်ကိရိယာများကို ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများနှင့် အနီးကပ် ထိတွေ့မှုရှိသည့် ပြည်သူများနှင့် ကိုဗစ်-၁၉ ရောဂါ အစုလိုက် အပြုံလိုက် ဖြစ်ပွား ခဲ့သည့်နယ်မြေဒေသများမှ ပြည်သူ များအား ဖြန့်ဖြူးပေးသွားမည်ဖြစ် ကြောင်း အနူချာဘူရာပါချိုင်ဆရီက ဆက်လက်ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်
n