
အန်ကာရာ ဇူလိုင် ၂၅
တူရကီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၂၃၈၁ ဦး ထပ်မံတွေ့ရှိခဲ့ခြင်းကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၅၅၈၇၃၇၈ ဦးရှိလာကြောင်း တူရကီ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြား သည်။
အလားတူ တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၅၈ ဦး ထပ်မံ တွေ့ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူစုစုပေါင်း ၅၀၈၇၉ ဦး ရှိလာကြောင်းနှင့် လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသဖြင့် ဆေးရုံများမှ ဆင်းခွင့် ရရှိသူ ၅၃၈၃ ဦးရှိကြောင်း သိရသည်။
တူရကီနိုင်ငံသည် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကို အရေးပေါ်အသုံးပြုရန် တူရကီ ကျန်းမာရေးအာဏာပိုင်များက အတည်ပြု ပေးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို ဇန်နဝါရီ ၁၄ ရက်တွင် စတင်ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။
တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်ထိုးနှံ ပြီးသူ ၃၉ ဒသမ ၃၇ သန်းကျော်ရှိကြောင်း နှင့် ယင်းတို့အနက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်စလုံးထိုးနှံပြီးသူ ၂၂ ဒသမ ၄၆ သန်းကျော်ရှိကြောင်း သိရ သည်။
လက်ရှိတွင် တူရကီနိုင်ငံသည် တတိယအကြိမ် ထိုးနှံပေးလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အပါအဝင် ကာကွယ်ဆေးထိုးနှံမှု အစီ အစဉ်အောက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၆၅ ဒသမ ၅၉ သန်းအား အသုံးပြုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်