ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၁၈၆ ဦး ထပ်မံတွေ့ရှိ

မနီလာ     ဇူလိုင်    ၂၇


ဖိလစ်ပိုင်နိုင်ငံ၌    တစ်ရက်အတွင်း   ကိုဗစ်-၁၉   ရောဂါ ကူးစက်ခံရသူ ၇၁၈၆ ဦး ထပ်မံတွေ့ရှိခြင်း ကြောင့် ယနေ့အထိ အဆိုပါရောဂါ ကူးစက်ခံရသူ ပေါင်း ၁၅၆၂၄၂၀ ရှိလာကြောင်း  ဖိလစ်ပိုင်ကျန်းမာရေး ဌာနက ယနေ့ပြောကြားသည်။


ထို့အပြင် ကိုဗစ်-၁၉ ရောဂါဖြင့် တစ်ရက် အတွင်း လူနာ ၇၂ ဦး ထပ်မံသေဆုံးခဲ့သဖြင့် လက်ရှိ အချိန်အထိ ထိုရောဂါဖြင့် သေဆုံးသူပေါင်း ၂၇၃၁၈ ဦး ရှိလာကြောင်း  ကျန်းမာရေးဌာနက  ပြောကြား သည်။


ဖိလစ်ပိုင်အစိုးရသည်   ကိုဗစ်-၁၉   ရောဂါ ကူးစက်မှုထိန်းချုပ်ရန်  ရောဂါစမ်းသပ်စစ်ဆေးမှုကို  ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှစ၍ လုပ်ဆောင်လျက် ရှိပြီး လက်ရှိအချိန်အထိ နိုင်ငံ၏ လူဦးရေသန်း ၁၁၀  ခန့်ရှိသည့်အနက် ၁၅ သန်းကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စမ်းသပ်စစ်ဆေးနိုင်ခဲ့ကြောင်း သိရသည်။


ဖိလစ်ပိုင်အစိုးရသည်  ဒယ်လ်တာဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အပါအဝင်  ကူးစက်မြန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုရပ်တန့်ရန် ကြိုးပမ်း လုပ်ဆောင်လျက်ရှိသည်။      

  ကိုးကား- ဆင်ဟွာ
ဘာသာပြန်- ဂျေတီ