မိတ္ထီလာမြို့၌ ဗုံးခွဲသူ ဖမ်းဆီးရမိပြီး ဖောက်ခွဲရေးပစ္စည်းများအား ရွှေအုန်းပင်ဆိုင်မှ ရယူခဲ့ကြောင်း သိရှိရ

 

နေပြည်တော်  ဇူလိုင်  ၂၈


အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG နှင့် PDF အဖွဲ့ များသည်      နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို    ပျက်ပြားထိခိုက် စေရန်   ရည်ရွယ်၍    လူငယ်များအား   တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထံတွင်    အကြမ်းဖက်သင်တန်းများ     တက်ရောက်စေပြီး အများပြည်သူလူထုသွားလာ   လှုပ်ရှားလျက်ရှိသည့်   နေရာများကို  မိုင်းထောင်တိုက်ခိုက်ခြင်း၊      ကလေးသူငယ်များ၏    ပညာရေး ကိုထိခိုက်စေရန်    စာသင်ကျောင်းများအား    မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်တိုက်ခိုက်ခြင်း၊    ဆရာ/ဆရာမများအား   နှောင့်ယှက် တိုက်ခိုက်ခြင်းများကို     လူသားချင်းစာနာထောက်ထားမှု   မရှိဘဲ လုပ်ဆောင်လျက်ရှိသည်။

 

ထိုသို့  လုပ်ဆောင်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များကဖမ်းဆီး ထိန်းသိမ်းနိုင်ရေး   ဆောင်ရွက် လျက်ရှိရာ    လုံခြုံရေးတပ်ဖွဲ့ဝင် များ၏  သတင်းများကို  အကြမ်း ဖက်  PDF  သင်တန်းဆင်းလာသူအောင်ချစ်ကိုထံသို့ပေးပို့နေသည့် သိန်းသိန်းအိ(ခ)ကုလားမ အား ဇူလိုင်  ၂၆  ရက်    ညပိုင်းတွင် မိတ္ထီလာမြို့      နန်းတော်ကုန်း ရပ်ကွက် သာယာကုန်း(၂)နယ်မြေ ရှိ   ၎င်း၏နေအိမ်၌   ဖမ်းဆီးရမိ ခဲ့သည်။ 

 


တရားခံ    သိန်းသိန်းအိ(ခ)ကုလားမ၏  ထွက်ဆိုချက်အရ     TNLA     အကြမ်းဖက်   သောင်း ကျန်းသူနယ်မြေတွင် ဖောက်ခွဲရေး သင်တန်းတက်ရောက်ပြီးမိတ္ထီလာမြို့သို့ ပြန်လည်ရောက်ရှိနေသည့် အောင်ချစ်ကိုအား ဇူလိုင် ၂၇ ရက် နံနက်ပိုင်းတွင်    ၎င်းတိမ်းရှောင် နေထိုင်သည့်  မိတ္ထီလာမြို့   ဈေး အရှေ့ပြင်ရပ်ကွက် အင်းဝဘဏ် လမ်းရှိ    7  Star   ကုန်မာဆိုင်၌ ဖမ်းဆီးရမိခဲ့ပြီး    တရားခံအား လက်ခံထားရှိသည့် 7 Star ကုန်မာ ဆိုင်ပိုင်ရှင် ပြည်သူနှင့် ဇနီးဖြစ်သူ စိုးနိုဘယ်တို့အား နံနက်ပိုင်းတွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။

 


တရားခံ ပြည်သူ၏ ထွက်ဆို ချက်အရ အောင်ချစ်ကို အပ်နှံထား သည့် လက်လုပ်သေနတ် နှစ်လက် အား လပ်ကီးစတားကုန်မာဆိုင်ခွဲ မှ ဇူလိုင် ၂၈ ရက် မွန်းလွဲပိုင်းတွင် ထပ်မံသိမ်းဆည်းရခဲ့သည်။

 


တရားခံ    အောင်ချစ်ကို၏ ထွက်ဆိုချက်အရ ဧပြီ ၂၇ ရက်က သူရိန်စိုးနှင့်အတူ   မိတ္ထီလာမြို့ သီရိမင်္ဂလာရပ်ကွက်ရှိ ခရိုင်ပညာ ရေးမှူးရုံးကို လည်းကောင်း၊ ဈေး အရှေ့ပြင်ရပ်ကွက်ရှိ     မြို့နယ် လဝကရုံးကို     လည်းကောင်း လက်လုပ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ မေ ၆ ရက်က သူရိန်စိုး၊ ထင်လင်း၊ ဝေမှူး၊ ခိုင်မြဲဇော်၊ တရုတ်လေး၊ ကျော်ဇင်ဟန်၊ ပန်ချာ၊ ထက်ဝေယံ တို့နှင့်အတူ    မိတ္ထီလာမြို့နယ် ကျွဲတလင်းအုပ်စု     မယ်ဇလီပင် ကျေးရွာရှိ အမက(၃၀)ကျောင်း၌ ဆရာ/ဆရာမများက ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ပြုလုပ်နေ စဉ် အစည်းအဝေး ပျက်ပြားစေရန် နှင့် ကျောင်းများ ပြန်လည်ဖွင့်လှစ် နိုင်ခြင်း    မရှိစေရန်   ရည်ရွယ်၍ ကျောင်းဝင်းအတွင်းသို့   လေးခွ များဖြင့်   ပစ်ခြင်း၊   ကျောင်းဝင်း အတွင်း    ဝင်ရောက်၍    ဆရာ/ဆရာမများ၏   ဆိုင်ကယ်   သုံးစီး အား မီးရှို့ဖျက်ဆီးခြင်းများပြုလုပ် ခဲ့ကြောင်း၊ မေ ၇ ရက်က သီရိ မင်္ဂလာရပ်ကွက်ရှိ      ခရိုင်ပညာ ရေးမှူးရုံးအတွင်း     ဝင်ရောက်၍ ဆရာ/ဆရာမများ၏ ဆိုင်ကယ် ခြောက်စီးအား   ဓာတ်ဆီလောင်း မီးရှို့ဖျက်ဆီးခြင်းများတွင် ပါဝင် ခဲ့ကြောင်းသိရှိရပြီး ထိုသို့ဖောက်ခွဲ ရေးလုပ်ငန်းများ     လုပ်ဆောင် ရန်အတွက်       အသုံးပြုသည့် လက်လုပ်မိုင်းများအား ဇွန် ၆ ရက် က     ရွှေအုန်းပင်ထမင်းဆိုင်၌ လက်လုပ်မိုင်းများ    ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံးခဲ့ သော တရားခံစိုးရန်နိုင်ထံမှ ရရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

 


ထို့ပြင်  မိတ္ထီလာမြို့ပေါ်တွင် အဖျက်လုပ်ငန်းနှင့်      အပြစ်မဲ့ ပြည်သူများအား ပစ်ခတ်လုပ်ကြံမှု များ ပြုလုပ်နိုင်ရန် ရည်ရွယ်ချက် ဖြင့် တရားခံ အောင်ချစ်ကိုသည် ဆက်စပ်တရားခံ ပိုင်ဇေ (ဖမ်းဆီး ရမိ)ထံမှ ချိတ်ဆက်၍ လက်လုပ် သေနတ်   နှစ်လက်အား  ရယူခဲ့ ကြောင်း သိရှိရသည်။
တရားခံ       အောင်ချစ်ကို သည်  ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်  ဆောင်ရွက်မှုများကြောင့်     မေ ၁၈ ရက်တွင်     ပုဒ်မ-၅၀၅ (က) ဖြင့် အမှုဖွင့်လှစ်ခံထားရပြီး ဆက်စပ်   တရားခံ   ဇင်မင်းဖြိုး (ဖမ်းဆီးရန်ကျန်)၏ စေခိုင်းချက် အရ      TNLA   အကြမ်းဖက် သောင်းကျန်းသူများ  လှုပ်ရှား လျက်ရှိသည့်     ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် ခွန်ကော်အုပ်စု အုန်အီးကျေးရွာ တွင်   မေ  ၅  ရက်မှ  ၂၅ ရက် အထိ     ဖွင့်လှစ်သော ဖောက်ခွဲ ဖျက်ဆီးရေး     သင်တန်းအား တက်ရောက်ခဲ့ပြီး      သင်တန်းမှ     ပြန်လည်ရောက်ရှိချိန်တွင် အခြား သူများကိုလည်း    ဖောက်ခွဲရေး သင်တန်းတက်ရောက်ရန် စည်းရုံး ချိတ်ဆက်မှုများ ပြုလုပ်ခဲ့ကြောင်း လည်း သိရှိရသည်။ 

 


တရားခံ   ပြည်သူနှင့်    ဇနီး ဖြစ်သူ စိုးနိုဘယ်တို့သည် တရား ဥပဒေနှင့်မညီသည့်   ပြစ်မှုများ ကျူးလွန်ရန်   ရည်ရွယ်ချက်ဖြင့် လက်နက်များ လက်ဝယ်ထားရှိသူ၊ အဖျက်အမှောင့်    လုပ်ငန်းများ လုပ်ကိုင်သူ တရားခံ အောင်ချစ်ကို အား     အားပေးအားမြှောက်ပြု ခြင်း၊    ဥပဒေမှ    လွတ်မြောက် စေရေး    အကာအကွယ်ပေးခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရှိ ရသည်။

 


အလားတူ တရားခံ သိန်းသိန်း အိ(ခ)ကုလားမသည်   အဖျက် အမှောင့်       လုပ်ငန်းများအား ကြိုတင်တားဆီးနိုင်ရေး    လုံခြုံ ရေး    ဆောင်ရွက်နေသည့်   အဖွဲ့ အစည်းများအား မျက်ခြည်မပြတ် စောင့်ကြည့်ကာ     အကြမ်းဖက် သမားများမှ     အလစ်အငိုက် တိုက်ခိုက်မှု ပြုလုပ်နိုင်ရေးတရားခံ အောင်ချစ်ကို ထံ     သတင်းများ ပေးပို့လျက်ရှိကြောင်း     သိရှိရ သည်။

 


သို့ဖြစ်၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့်     တရားဥပဒေ စိုးမိုးရေးကို    ထိခိုက်ပျက်ပြား အောင် အဖျက်အမှောင့်လုပ်ငန်း များ လုပ်ဆောင်ခဲ့သည့် တရားခံ လေးဦးအား ကြိုတင်ဖမ်းဆီးနိုင်ခဲ့ ပြီး     ၎င်းတို့အား     ဥပဒေအရ ထိရောက်စွာ    အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံ များအား အမြန်ဆုံးဖမ်းဆီးရမိရေး အတွက် ၎င်းတို့ပုန်းခိုရာနေရာ များ၊    လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက  သက်ဆိုင် ရာသို့    လျှို့ဝှက်စွာ    သတင်းပေး တိုင်ကြားနိုင်ကြောင်းနှင့် မြို့ရွာ များ အမြန်ဆုံး အေးချမ်းတည်ငြိမ် ရေးအတွက်     ပြည်သူတစ်ရပ် လုံး    ပူးပေါင်းပါဝင်    ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန်      မေတ္တာရပ်ခံ အပ်ပါကြောင်း   သက်ဆိုင်ရာမှ အသိပေး သတင်းထုတ်ပြန်ထား သည်။

 


သတင်းစဉ်