
နေပြည်တော် ဇူလိုင် ၂၉
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG နှင့်PDF အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ လူငယ် များအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် အကြမ်းဖက်သင်တန်းများ တက်ရောက်စေပြီး အများပြည်သူလူထု သွားလာလှုပ်ရှားလျက်ရှိသည့် နေရာများကို မိုင်းထောင်တိုက်ခိုက်ခြင်း၊ ကလေး သူငယ်များ၏ ပညာရေးကို ထိခိုက်စေရန် စာသင် ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင် တိုက်ခိုက်ခြင်းနှင့် ဆရာ ဆရာမများအား နှောင့်ယှက်တိုက်ခိုက်ခြင်းများကို လူသားချင်းစာနာ ထောက်ထားမှုမရှိဘဲ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၉ ရက် ညနေ ၄ နာရီခွဲ ခန့်တွင် လှိုင်းဘွဲမြို့နယ် မဲပတံတား၌ လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက ရှမ်းရွာသစ်မြို့ ဘက်မှ လှိုင်းဘွဲမြို့ဘက်သို့ ဇော်လင်းညွန့်(ဘ)ဦးစိန်ညွန့် မောင်းနှင်လာသည့် PRADO အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ KNLA လက်နက်ကိုင်အဖွဲ့ နယ်မြေတွင် အကြမ်းဖက် သင်တန်းတက်ရောက်၍ ပြန်လာသည့် စောကျော်ကြီး (ဘ) ဦးထွန်းဝေ၊ ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့ နေသူအပါအဝင် အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး နှစ်ဦးတို့အား Free Burma Rangers အဖွဲ့ဝင်များနှင့် ရိုက်ကူးထားသည့် မှတ်တမ်းဓာတ်ပုံများအပါအဝင် ဆက်စပ်ပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူများအား ဘားအံမြို့မ ရဲစခန်း၌ လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက် လျက်ရှိပြီး တရားဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာမှု သတင်းများရရှိပါက သက်ဆိုင်ရာ သို့ လျှို့ဝှက်စွာ သတင်းပေးပို့ တိုင်ကြားနိုင်ပြီး မြို့၊ ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါ ရန် မေတ္တာရပ်ခံ အသိပေးထားကြောင်း သိရ သည်။
သတင်းစဉ်