မိုးဥတုနှင့် အဆုတ်ပွရောဂါ

Type

ကြည်လွင်မြင့် (မုဒြာ)
 

=========

 

အဆုတ်ပွရောဂါသည် မိုးဥတုတွင် အဖြစ်များသော ရောဂါဖြစ်သည်။   အဆုတ်လေပြွန်များအတွင်း ရေငွေ့များဝင်ရာမှ        ပြန်မထွက်နိုင်သောအခါ အအေးပတ်ပြီး       အဆုတ်အအေးပတ်ရောဂါ ဖြစ်သည်။ ထို့နောက် အဆုတ်ပွရောဂါ၊ အဆုတ် ရောင်ရောဂါများ ဆက်၍ဖြစ်လာနိုင်သည်။


မိုးရေထဲသွားနေသူများသည်   ရှူသွင်းသော လေတွင် ရေငွေ့များပါသဖြင့် ကြာလာသောအခါ အဆုတ်အတွင်းတွင် ပြန်မထွက်နိုင်သော ရေငွေ့ အမှုန်လေးများ   စုမိလာသည်။    နှာချေခြင်းသည် ဖုန်နှင့်အမှုန်များဝင်မှမဟုတ် ရေငွေ့များ ပြန်ထွက် စေရန်အတွက်လည်း အဆုတ်အတွင်းမှ အမျှင်များ က   ခါထုတ်သဖြင့်လည်းဖြစ်နိုင်သည်။  အဆက် မပြတ်နှာချေနေခြင်းသည် အဆုတ်အတွင်း ရေငွေ့ များရှိနေခြင်း လက္ခဏာဖြစ်သည်။


မိုးရွာထဲမှ   ပြန်လာသောအခါ    ပရုတ်ဆီ အနည်းငယ်ကို ရေနွေးမတ်ခွက်တွင် ထည့်ဖျော်၍ အုပ်ထားပြီး   ဖွင့်လိုက်သောအခါ   ထွက်လာသည့် ပရုတ်ငွေ့ကို  ရှူပေးခြင်းဖြင့် အဆုတ်အအေးပတ် ခြင်းကို  ကာကွယ်နိုင်သည်။  သို့မဟုတ် ချင်းတက် တစ်တက်ကို ထုထောင်းပြီး ရေနွေးမတ်ခွက်တစ်လုံး ထဲထည့်ကာ   သောက်ခြင်းဖြင့်လည်း    အဆုတ် အအေးပတ်ခြင်းမှ ကာကွယ်နိုင်သည်။


အဆုတ်ရေဝိုင်းသည့်ရောဂါ၊   အဆုတ်ရေဝပ် သည့်ရောဂါကြောင့် အဆုတ်အတွင်းတွင်   ပိုးများ ပေါက်ပွားပြီး   အဆုတ်ရောင်ရောဂါ   နာတာရှည် ဖြစ်လာနိုင်သည်။ တငွေ့ငွေ့ကိုယ်ပူ၍   ဖျားသော ရောဂါသည် အဆုတ်ရောင်ခြင်းကြောင့် ဖြစ်နိုင် သည်။     ပိုးကြောင့်ဖြစ်သော     အဆုတ်ရောဂါ တော်တော်များများသည် အဆုတ်တွင်  ရေဝပ်ရာမှ စတင်ဖြစ်လေ့ရှိသည်ကို တွေ့ရသည်။


အဆုတ်အတွင်း ရေငွေ့များနေသဖြင့် နှာချေ ခြင်း၊   ချောင်းဆိုးခြင်း   အကြိမ်ရေများလာသော အခါ၊ ရက်ရှည်လာသောအခါ  အဆုတ်နှင့် လေပြွန် အတွင်းမှ     သွေးကြောငယ်လေးများပေါက်ပြီး သွေးပါလာသည်။    ချောင်းဆိုးသွေးပါရောဂါဟု ခေါ်သည်။ အခန်းအောင်းနေသူများ၊ နေရောင်ခြည် မရသည့်အခန်းတွင်  အလုပ်ကိုထိုင်ပြီး ကြာရှည် လုပ်ရသူများတွင် ဤရောဂါဖြစ်လေ့ရှိသည်။


နေရောင်ခြည်၏တန်ဖိုး


နေရောင်ခြည်၏တန်ဖိုးကို မိုးဥတုတွင် သိရ သည်။ ရက်ရှည်မိုးရွာ၍  စိုထိုင်းနေသောအဝတ်များ သည်     နေရောင်ခြည်ဖြင့်    ထိတွေ့သောအခါ အခြောက်မြန်သည်။          အိမ်တွင်းအရိပ်တွင် အခြောက်ခံသောအဝတ်များ၊    ပန်ကာလေဖြင့် အခြောက်ခံသောအဝတ်များမှာ    အနံ့အသက် မကောင်းပေ။  နေရောင်ခြည်မှပေးသော    ဥဏှ တေဇောအပူဓာတ်သည်     ရောဂါပိုးတော်တော် များများကို သေစေနိုင်သောသတ္တိရှိသည်။ ဖြစ်နိုင် လျှင် ခြောက်သွေ့ပြီးအဝတ်ပင်ဖြစ်စေ နေရောင်ခြည် ထွက်လာသောအခါ ခေတ္တနေရောင်ပြပေးသင့်သည်။


အဝတ်အထည်များတွင် မှိုကပ်သောကြောင့်၊ မှိုစွဲခြင်းကြောင့် လူ၏အရေပြားတွင်လည်း ယားယံ ခြင်း၊ ညှင်းပေါက်ခြင်း၊ သနပွေး  ခေါ် ပွေးကွက်ငယ် များပေါက်ခြင်း   ဖြစ်လေ့ရှိသည်။  ရေချိုးသောအခါ ဆပ်ပြာရည်ကို ကုန်စင်အောင်မချိုးဘဲ အဝတ်အစား များတွင်လည်း      ရေငွေ့များရှိနေခြင်းကြောင့် တစ်ကိုယ်လုံး အဖုအပိန့်များထွက်ပြီး ယားယံလာ သည်။  ကုတ်ဖဲ့ရာမှ  ဝဲနှင်းခူအနာများဖြစ်သည်ကို တွေ့ရဖူးသည်။


မိုးများသောအရပ်တွင်           နေရောင်ခြည် ထွက်သောအခါ အဝတ်အထည်များသာမက စောင်၊ အိပ်ရာခင်းများကိုပါ နေရောင်ခြည်ပြပေးသင့်သည်။ အိမ်ခန်းအတွင်းသို့             နေရောင်ခြည်ဝင်အောင် ပြတင်းပေါက်များ     ဖွင့်ပေးခြင်းဖြင့်     ရေငွေ့ဖြင့် ပေါက်ပွားမည့်           ရောဂါများအန္တရာယ်မှလည်း ကာကွယ်နိုင်ပေသည်။     နေရောင်ခြည်မဝင်သော အခန်းများ၊ အဲကွန်းအလုံခန်းများတွင် နေထိုင်သူ များသည် မိုးဥတုတွင် အဆုတ်ပွရောဂါဖြစ်နိုင်သဖြင့် သတိပြုကြစေချင်သည်။
မိုးဥတုမှာ စားသုံးသင့်သော ဓာတ်စာများ
မိုးဥတုတွင်     ကျန်းမာရေးမကောင်းသဖြင့် အခန်းတွင်းအောင်းနေရသည့်  လူကြီးများ၊ သက်ကြီး ရွယ်အိုများကို  မိုးတိတ်ပြီး   လေကောင်း၊   လေသန့် ရသည့်နေရာ၌ တစ်နာရီခန့်   နေပူစာ   လှုံပေးသင့် သည်။    လမ်းမလျှောက်နိုင်သူကို     တွဲ၍သော် လည်းကောင်း၊            ဝှီးချဲဖြင့်သော်လည်းကောင်း နေရောင်ခြည်ပြပေးသင့်သည်။


လူကြီးများ  အသက်အရွယ်ကြောင့် အဆုတ်ပွ လွယ်သည်။   ရေငွေ့များအောင်းပြီး နေရောင်ခြည် မဝင်သည့်အခန်းတွင်   အနေကြာလျှင်    အဆုတ်ပွ၊ အဆုတ်ရောင်၊  ချောင်းဆိုး၊   ရင်ကျပ်၊    တငွေ့ငွေ့ ကိုယ်ပူသော   အဖျားရောဂါများ   ဝင်လာနိုင်သည်။ နေရောင်မဝင်သောအခန်းတွင်          ရောဂါပိုးမွှား ပေါက်ပွားလွယ်သည်ဟု ဆိုသည်။


အဆုတ်ရေငွေ့ဝင်၍  နှာချေခြင်း၊   ချောင်းဆိုး ခြင်း၊ အဆုတ်အအေးပတ်ခြင်းမှ ကာကွယ်နိုင်သော မီးဖိုချောင်သုံး အစားအစာမှာ   ကြက်သွန်ဖြူဖြစ်သည်။ ကြက်သွန်ဖြူဥတစ်လုံးကို မီးဖုတ်၍ဖြစ်စေ၊ ဥအမြွှာ များကို   သီတံဖြင့်  တံစို့ထိုးမီးကင်၍ဖြစ်စေ   နေ့စဉ် တစ်ဥ သို့မဟုတ်  ခုနစ်မြွှာခန့် စားပေးလျှင် အဆုတ် အအေးပတ်ခြင်းမှ   ကာကွယ်နိုင်သည်။    ငွေကုန် ကြေးကျမများ  ပိုးသတ်ဆေးများလည်း  မသောက်ရ သည့် သဘာဝကိုယ်ခံအားဓာတ်စာဖြစ်သည်။
အဆုတ်ပွ၍ဖျားလျှင်  တငွေ့ငွေ့နှင့်   ရက်ရှည် ပြီး   အစားအသောက်မစားချင်   ခံတွင်းပျက်သည့် ရောဂါပါ ဝင်လာတတ်သည်။  အဆုတ်သည်   နှလုံးမှ ပေးပို့သော သွေးညစ်များကို ပြင်ပမှရှူသွင်းသည့်လေ နှင့်   ထိတွေ့ပေးပြီး    သွေးသစ်ဖြစ်အောင်  သန့်စင် ပေးရာဌာနဖြစ်သဖြင့်    ကျန်းမာရေးအတွက် အလွန် ပင်အရေးကြီးသည်။          အဆုတ်မကောင်းလျှင် သွေးလည်းမသန့်စင်နိုင်ပေ။ အလွန်အရေးကြီးသည့် ကိုယ်တွင်းအင်္ဂါဖြစ်သည်။


ကြက်သွန်နီသည်လည်း    အအေးပတ်ခြင်းမှ ကာကွယ်ပေးသည့် အာနိသင်ရှိသည်။ ဟင်းချက်ရာ တွင် ကြက်သွန်နီပါသော်လည်း အပူပေးသဖြင့် ဥမှ ထွက်သော   အခိုးအငွေ့အာနိသင်    ပျက်သွားသည်။ အစိမ်းစားခြင်းဖြင့်    စူးရှသောအခိုးအငွေ့ကို    ရနိုင် သည်။


ကြက်သွန်နီတစ်ဥကို ပါးပါးလှီးပြီး ရှောက်ရည် သို့မဟုတ်  သံပရာရည်ဆမ်းပြီး   ထမင်းစားသည့် အခါတိုင်း   စားသုံးပေးခြင်းဖြင့်  ရောဂါပိုးများစွာကို ကာကွယ်နိုင်သည်။  ကြက်သွန်နီဥကို   လှီးပြီးလျှင် ရေအကြိမ်ကြိမ်မဆေးဘဲ  တစ်ကြိမ်ခန့်သာဆေးပြီး မွှန်သည့်အနံ့ကို ထိန်းထားသင့်သည်။ 
ကြက်သွန်နီသည်     ဆီးကောင်းစေသဖြင့် မိုးရာသီတွင် ခြေထောက်ရေစို၍ ခြေအေးခြင်း၊ အပူငုပ်၍ဆီးပူခြင်း၊     ဆီးအောင့်ခြင်းများအတွက်ပါ ကာကွယ်ပေးနိုင်သည်။         ဆီးလမ်းကြောင်းနှင့် ကျောက်ကပ်အတွက်ပါကောင်းသော    မီးဖိုချောင်မှ ဆေးစွမ်းကောင်းဖြစ်သည်။


စားသုံးသင့်သော ဆေးဖက်ဝင်အစားအစာများ


မိုးရာသီတွင် အဓိကစားသင့်သည့် အရသာမှာ အခါးဟု  ရှေးဓာတ်စာဆရာကြီးများက  ဆိုသည်။ အပြင်တွင်အေးပြီး    အအေးပတ်သဖြင့်   ကိုယ်တွင်း ငုပ်နေသော အပူဓာတ် (ဥဏှ တေဇော)နှင့်တွဲလျက် ဖြစ်ပေါ်လာသော (ဥဏှာဝါယော) လေပူအထက်သို့ ကန်ခြင်း၊   ချောင်းဆိုးခြင်း၊    လည်ချောင်းပူခြင်း၊ အဆုတ်အပူအောင်းခြင်းတို့ကို             အခါးအရသာ စားပေးခြင်းဖြင့် သက်သာစေနိုင်သည်ဟု ဆိုသည်။ ခွေးတောက်ရွက်၊ ကြောင်လျှာသီး၊ ကြက်ဟင်းခါး သီးတို့ကို သင့်တင့်ရုံစားပေးခြင်းဖြင့် ကျန်းမာရေး အတွက် ကောင်းမွန်စေနိုင်သည်။


အအေးပတ်ဖျားခြင်းအတွက် မြန်မာဆေးတွင် ကွမ်းရွက်ပြုတ်ရည်သည်လည်း  အလွန်ထိရောက် သည်။ အခိုးပွင့်ဆေး၊ အဖျားပြတ်ဆေး၊ အကိုက်အခဲ ပျောက်ဆေး   မည်သည့်ဆေးကို   သောက်သည် ဖြစ်စေ ကွမ်းရွက်ပြုတ်ရည်နှင့်သောက်လျှင် ပို၍ လျင်မြန်စွာ   ဆေးအာနိသင်   ထိရောက်သည်ကို တွေ့ရှိရသည်။    အခိုးငုပ်ခြင်းကို     ပြန်လည် ကောင်းမွန်စေနိုင်သည့်        “အာကာသဓာတ်” ကွမ်းရွက်တွင်  ရှိသည်ဟု ရှေးဆရာကြီးများ အမိန့် ရှိသည်။


အအေးပတ်၍  ရောဂါဖြစ်ခြင်းနှင့်   အဆုတ် အတွင်းပိုးဝင်၍ ရောဂါဖြစ်ခြင်းဟူ၍ နှစ်မျိုးရှိသည်။ ထိုနှစ်မျိုးလုံးပင်   အဆုတ်ဖျားဟူ၍    ခေါ်ရမည် ဖြစ်သည်။ အဆုတ်ဖျားဟူသည်မှာ အဆုတ်တွင် အခိုးငုပ်၍     ဖျားခြင်းဖြစ်သည်။   အခိုးပွင့်စေရန် အတွက်   သင့်တော်သောဆေးကို    ပေးခြင်းဖြင့် အဆုတ်အတွင်းသို့      လေဝင်လေထွက်မှန်ကန်ပြီး ကိုယ်ခံအားရရှိကာ ရက်အနည်းငယ်ကြာသောအခါ ပိုးလည်းသေသွားနိုင်သည်။ ထို့ကြောင့် ရက်အနည်း ငယ်ဖျားရုံဖြင့် စိတ်ဓာတ်ကျခြင်း မဖြစ်ဖို့လိုသည်။ အစားအသောက်ကို    ပုံမှန်စား၍     ကိုယ်ခံအား ပြည့်အောင်သာ ဂရုစိုက်ပေးဖို့လိုသည်။ အခန်းတွင်း အောင်းမနေဘဲ     လေကောင်းလေသန့်ရအောင် နေထိုင်ခြင်းဖြင့် အဆုတ်ကြောင့်ဖျားသော အဖျား များ ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း တင်ပြ လိုက်ပါသည်။    ။


n