ဝူဟန်၌ မြို့နယ်လုံးကျွတ် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမှုများလုပ်ဆောင်

 

ဝူဟန်  သြဂုတ်  ၄ 


တရုတ်နိုင်ငံအလယ်ပိုင်း  ဟူဘေး ပြည်နယ်မြို့တော်       ဝူဟန်ရှိ ကိုဗစ်- ၁၉ စစ်ဆေးရေးစခန်းတွင် မြို့နယ်လုံးကျွတ်    ကိုဗစ်-၁၉ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ပြည်နယ်  ကိုဗစ်-၁၉ ကာကွယ် တားဆီးရေးနှင့် ထိန်းချုပ်ရေးဌာန တွင်   ကျင်းပသည့်  သတင်းစာ ရှင်းလင်းပွဲအရ သိရသည်။ 
တစ်ချိန်က       ကိုဗစ်-၁၉ ဆိုးရွားစွာ ထိခိုက်ခဲ့သော ဝူဟန် မြို့၌  သြဂုတ် ၂ ရက်က ဒေသ တွင်း   အစုလိုက်   ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို အတည်ပြု ခဲ့ပြီးနောက် ဝူဟန်စီးပွားရေးနှင့် နည်းပညာဆိုင်ရာ   ဖွံ့ဖြိုးရေးဇုန် တွင်         အလုပ်လုပ်နေသော ရွှေ့ပြောင်းအလုပ်သမား  ခုနစ်ဦး တွင်   ကိုဗစ်-၁၉   ဗိုင်းရပ်စ်ကို စစ်ဆေးတွေ့ရှိခဲ့သည်။ 
သြဂုတ် ၂ ရက်က ဒေသတွင်း ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားသူ သုံးဦးရှိပြီး  လက္ခဏာမပြ  ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားသူ  ငါးဦးမှာ ဝူဟန်ကဖြစ်ကြောင်း   ပြည်နယ် ကျန်းမာရေးကော်မရှင်က သြဂုတ် ၃ ရက်က ဖော်ပြခဲ့သည်။ 
နျူကလီးယား        အက်စစ် စစ်ဆေးခြင်းဆိုင်ရာ    လှုပ်ရှား ဆောင်ရွက်မှုအားလုံးကို    အဆိုပါ ပြည်နယ်အတွင်း ဆောင်ရွက်ခဲ့ပြီး အကြမ်းဖျင်း ၄၀၃၀၀၀ ကို နမူနာ များ ရယူခဲ့ကြောင်း သိရသည်။
သတင်းစာရှင်းလင်းပွဲ သတင်း ထုတ်ပြန်ချက်အရ    ဒေသခံများ အနေဖြင့် အဆိုပါပြည်နယ်အတွင်း မှ မလိုအပ်ဘဲ ထွက်ခွာခြင်းမပြုရန် ဖော်ပြထားကြောင်း သိရသည်။ 


ဆင်ဟွာ