
ပါရီ ဩဂုတ် ၆
ပြင်သစ်နိုင်ငံ၌ ထိခိုက်ခံစားလွယ်သည့် ပြည်သူများကို စက်တင်ဘာလတွင် တတိယ အကြိမ် ကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးပေးနိုင်ရေးအတွက် ပြင်ဆင်မှုများပြုလုပ် နေသည်ဟု ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ပြောသည်။
ဩဂုတ် ၅ ရက်တွင် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်သည် ၎င်း၏အင်စတာ ဂရမ်တွင် ဗီဒီယိုတစ်ခုတင်ခဲ့သည်။ လူငယ်များ ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးရာနှင့်ပတ်သက် သည့် မေးခွန်းများကို ဖြေကြားသည့် ဗီဒီယို ကို တင်ခဲ့ခြင်းဖြစ်သည်။ လူတိုင်း လူတိုင်း အတွက် တတိယအကြိမ်ကိုဗစ် -၁၉ ကာကွယ် ဆေး ချက်ချင်းထိုးရန်မလိုအပ်ကြောင်းနှင့် သက်ကြီးရွယ်အိုများနှင့် ထိခိုက်လွယ်သည့် လူများတွင်သာ လိုအပ်မှုရှိမည်ဟု မက်ခရွန်က ပြောသည်။
အစ္စရေးနိုင်ငံအတွင်း အသက် ၆၀ နှင့် အထက်လူများကို တတိယအကြိမ် ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးနှံပေးမှု ပြုလုပ်ခဲ့သည်။ ဗြိတိန်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့တွင်လည်း လာမည့်လအတွင်း တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်ရေးအတွက် ပြင်ဆင် မှုများ ပြုလုပ်နေကြသည်။ သို့သော်လည်း ဩဂုတ် ၄ ရက်တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့ အက်ဒ်ဟာနွန်ဂီဘရီယက်ဆုက တတိယ အကြိမ် ကိုဗစ် -၁၉ကာကွယ်ဆေးထိုးမှုများကို စက်တင်ဘာလကုန်မတိုင်မီအထိ ရွှေ့ဆိုင်းပေး ကြရန် ဆောင်းဆိုခဲ့သည်။
ဝင်ငွေနိမ့်သည့်နိုင်ငံများ၌ ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးမှုများ လုပ်ဆောင်နိုင်ရေး အတွက် ယခုလို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
အင်န်အိတ်ချ်ကေ