အစ္စရေးနိုင်ငံမြောက်ပိုင်းသို့ ဒုံးကျည်များပစ်ခတ်ခံရမှုသည် အစိုးရအသစ်အတွက် စမ်းသပ်မှုတစ်ခုဖြစ်လာ

ကေကေစိုး

လက်ဘနွန်နိုင်ငံတောင်ပိုင်းမှ  ပစ်လွှတ်လိုက်သည့်   ဒုံးကျည်သုံးစင်းကြောင့်    အချက်ပေးသံများ ဆူညံလာပြီး အစ္စရေးနိုင်ငံမြောက်ပိုင်းမှ ဒေသခံ များ  ဩဂုတ် ၄ ရက်တွင် ခိုလှုံရာနေရာများသို့  ပြေးဝင်ခဲ့ရသည်။
စမ်းသပ်မှုတစ်ခုဖြစ်လာ
ထို့နောက်  ရှားပါးလှသည့်   သန်းခေါင်ယံ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရသည်။ ယင်း ဖြစ်ရပ်ကြောင့် ဒေသတွင်းလုံခြုံရေးအခြေအနေကို အတွက် စိုးရိမ်စရာဖြစ်လာခဲ့ပြီး အစ္စရေးအစိုးရသစ် အတွက်  စမ်းသပ်မှုတစ်ခုဖြစ်လာခဲ့သည်။
အစ္စရေးနိုင်ငံ      မြောက်ပိုင်းမြို့ဖြစ်သည့် ကီရီယာ့ရှမွန်နာရှိ ကွင်းပြင်ကျယ်တွင်  ဒုံးကျည် နှစ်စင်း  ကျရောက်ခဲ့သည်။    လက်ဘနွန်နိုင်ငံ တောင်ပိုင်းနယ်စပ်မှ နေ၍ ပါလက်စတိုင်းအုပ်စု က    ဒုံးကျည်များ    ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု အစ္စရေးမီဒီယာများတွင် ဖော်ပြကြသည်။ 
လက်နက်ကြီးများဖြင့် ပစ်ခတ် 
လက်ဘနွန်နှင့် အစ္စရေး နှစ်နိုင်ငံလုံးတို့တွင် လက်နက်ခဲယမ်းများကြောင့် မီးတောက်များကို တွေ့မြင်ရသည်။  အပူချိန်ပြင်းထန်မှုနှင့် လေပြင်း များကြောင့် တောမီးလောင်မှုအရေးနှင့် ရင်ဆိုင် နေရသည်။ လက်ဘနွန်နိုင်ငံ  ဘေရွတ်ဆိပ်ကမ်း တွင်  ပြင်းထန်သည့်   ပေါက်ကွဲမှုကြီးဖြစ်ပေါ်ခဲ့ပြီး နောက် တစ်နှစ်ပြည့် ဝမ်းနည်းဖွယ်အထိမ်းအမှတ် ပြုလုပ်နေသည့်နေ့မှာပင် ယင်းကဲ့သို့   ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အစ္စရေးနိုင်ငံဘက်မှလည်း လက်နက်ကြီးများဖြင့် ၁၀၀ကျော်ခန့် လက်ဘနွန် နိုင်ငံဘက်သို့ ပစ်ခတ်ခဲ့သည်ဟု အစ္စရေးမီဒီယာ များတွင် ဖော်ပြကြသည်။
ပစ်မှတ်ထားကာ တိုက်ခိုက်မှုပြုလုပ် 
ဩဂုတ် ၅ ရက်နံနက်ပိုင်းတွင်  လက်ဘနွန် နိုင်ငံဘက်မှ အစ္စရေးနိုင်ငံဘက်သို့ လက်နက်ကြီး များဖြင့်    ပစ်ခတ်မှုကြောင့်      အစ္စရေးဘက်မှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရခြင်းဖြစ်သည်ဟု တွစ်တာပေါ်တွင်ရေးသားခဲ့သည်။ အစ္စရေးဘက်မှ လက်တုံ့ပြန်သည့်အနေဖြင့် လက်ဘနွန်အကြမ်း ဖက်သမားများအသုံးပြုသည့်    နေရာများကို ပစ်မှတ်ထားကာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အစ္စရေးမှ  လေယာဉ်များသည် ဂါဇာ ဒေသရှိ  ပါလက်စတိုင်းများ၊  ဆီးရီးယားရှိ ဟစ်ဘို လာအုပ်စုများကိုသာ ပစ်မှတ်ထား၍ တိုက်ခိုက် လေ့ရှိပြီး လက်ဘနွန်နိုင်ငံဘက်မှ ပစ်မှတ်များကို ဦးတည်တိုက်ခိုက်မှုမှာ  ၂၀၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ 
ကြိုးပမ်းခဲ့
ရှစ်နှစ်တာ   ကာလအတွင်း    နယ်စပ်ကို ကျော်လွန်ကာ  လက်နက်ကြီးများဖြင့်    ပထမဆုံး အကြိမ် ပစ်ခတ်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အစ္စရေး ဘက်သို့ ဒုံးကျည်ပစ်လွှတ်လိုက်သည့်နေရာများကို ပစ်မှတ်ထားကာ ပြန်လည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု  ဩဂုတ်  ၅  ရက်တွင်  အစ္စရေးတပ်ဖွဲ့က    ပြောသည်။    မကြာသေးမီ လများအတွင်းကလည်း  ပါလက်စတိုင်းအုပ်စုများ သည် နယ်စပ်ဖြတ်ကျော်ကာ  တိုက်ခိုက်မှုများ   ပြုလုပ်ရန် ကြိုးပမ်းခဲ့သည်။
အဆိုပါဒေသကို  အီရန်ကို   ကျောထောက် နောက်ခံပြုထားသည့်      ဟစ်ဘိုလာအုပ်စုက  တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသည်။
ပတ်သက်ခြင်းမရှိ 
အိုမန်ကမ်းရိုးတန်းတွင်   အစ္စရေးနိုင်ငံသား တစ်စိတ်တစ်ပိုင်း   ပိုင်ဆိုင်မှုရှိသည့်   ရေနံတင် သင်္ဘောကို   ဒရုန်းဖြင့်   တိုက်ခိုက်ခံရပြီးနောက် အဆိုပါဖြစ်ရပ်အတွက် အစ္စရေး၊  အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့က အီရန်နိုင်ငံကို  အပြစ်တင်မှုပြုလုပ် ပြီး နောက်ပိုင်းရက်များတွင် ယခုလို  တိုက်ခိုက်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။ အီရန်နိုင်ငံဘက်ကမူ ရေနံတင်သင်္ဘောတိုက်ခိုက်ခံရမှုတွင် ၎င်းတို့  ပါဝင် ပတ်သက်ခြင်းမရှိဟု ပြောကြားထားသည်။
ဝန်ကြီးချုပ်အသစ်ဖြစ်လာ 
အစ္စရေးနိုင်ငံကို   ဘင်ဂျမင်နေတန်ယာဟုက ၁၂ နှစ်ကြာဝန်ကြီးချုပ်အဖြစ် ဦးဆောင်ခဲ့ပြီးနောက် ပြီးခဲ့သည့်ဇွန်လအတွင်းကမှ နာ့ဖ်တာလီဘန်နက်က အစ္စရေးဝန်ကြီးချုပ်အသစ်ဖြစ်လာခဲ့သည်။ ဝန်ကြီး ချုပ်အသစ်အတွက် ယခုတစ်ကြိမ်တိုက်ခိုက်မှုမှာ အဓိက ထိပ်တိုက်ရင်ဆိုင်မှုဖြစ်လာခဲ့သည်။ အစ္စရေး ဝန်ကြီးချုပ်ဟောင်း နေတန်ယာဟု လက်ထက်တွင် အီရန်နိုင်ငံ၏  ယူရေနီယံသန့်စင်သည့်  နေရာများနှင့် ထင်ရှားသည့်      နျူကလီးယားသိပ္ပံပညာရှင်ကို သတ်ဖြတ်ခြင်းအပါအဝင် တိုက်ခိုက်မှုများဆက်တိုက် ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။  
အဓိကတာဝန်ရှိသူ 
အစ္စရေးကာကွယ်ရေးဝန်ကြီး ဘန်နီဂန့်ဇ်နှင့် နိုင်ငံခြားရေးဝန်ကြီး ယဲရာလာပတ်တို့သည် ဩဂုတ် ၄ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ များမှ သံအမတ်များနှင့် တွေ့ဆုံပြီး   လွန်ခဲ့သည့် သီတင်းပတ်အတွင်းက ဖြစ်ပေါ်ခဲ့သည့်   ရေနံတင် သင်္ဘောတိုက်ခိုက်ခံရမှုတွင် အီရန်၏ပါဝင်ပတ်သက်မှု ကို သက်သေပြရန် အသေးစိတ်အချက်အလက်များစုံစမ်းထောက်လှမ်းထားသည်ဟု ပြောသည်။
အိုမန်ပင်လယ်ကွေ့တွင်ဖြစ်ပွားခဲ့သည့်  ရေနံတင်သင်္ဘောတိုက်ခိုက်ခံရမှုတွင်  အီရန်တော်လှန် ရေးအစောင့်တပ်မှ ဒရုန်းဆက်ရှင်ပိုင်းတွင် အကြီး အကဲဖြစ်တာဝန်ယူထားသူ   ဆာအိဒ်အယ်ရာရာနီ မှာအဓိကတာဝန်ရှိသူဖြစ်သည်ဟု ပြောကြားခဲ့သည်။
ငြင်းဆိုခဲ့
အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့လေတပ်မှ  တပ်မှူး   အမီရာအလီဟာဂျီဇဒက်မှာ    ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုတို့အတွက် နောက်ကွယ်မှ ပါဝင် သူဟု ဂန့်ဇ်က ပြောသည်။ 
ထို့ပြင် အီရန်နိုင်ငံသည် ၂၀၁၅ ခုနှစ် နျူကလီး ယားသဘောတူညီချက်ပါ  လမ်းညွှန်ချက်များကို လည်း ချိုးဖောက်သည်ဟု   ၎င်းက   ဆက်လက် ပြောကြားခဲ့သည်။  ယခုအချိန်မှာ  သံတမန်နည်း၊ စီးပွားရေးနှင့် စစ်ရေးအရပါ အရေးယူဆောင်ရွက် ရတော့မည့်အချိန်ဟုလည်း ၎င်းက ဆက်ပြောသည်။ အီရန်နိုင်ငံဘက်မူ ၎င်းတို့အနေဖြင့်နျူကလီးယားလက်နက်ရရှိအောင်    ကြိုးပမ်းနေသည်ဟုသော စွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။ 
ပြင်ဆင်နေ 
အမေရိကန်သမ္မတဟောင်းထရမ့် လက်ထက် တွင်   အီရန်နျူကလီးယားစာချုပ်မှ   အမေရိကန် နုတ်ထွက်သွားခြင်းနှင့် အီရန်အပေါ်  ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည့်အတွက် ယူရေနီယံသန့်စင်မှုပမာဏကန့်သတ်မှုကို ချိုးဖောက်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့ သည့် သီတင်းပတ်အတွင်း    ဒရုန်းတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး  အစ္စရေးဝန်ကြီးချုပ်က   အီရန်နိုင်ငံ ကို  ဆန့်ကျင်ရန်အတွက်    အပြည်ပြည်ဆိုင်ရာမှ ထောက်ခံမှုများရရှိရန် ကြိုးပမ်းခဲ့သည်။ 
သို့သော်လည်းအစ္စရေးနိုင်ငံသည် နိုင်ငံတော် လုံခြုံရေးအတွက် ကာကွယ်ရေးဆိုင်ရာကိစ္စတွင် တစ်ဦးတည်း လုပ်ဆောင်သွားရန် ပြင်ဆင်နေသည် ဟုလည်း ပြောကြားခဲ့သည်။ 
အားနည်းလွန်းသည်
အစ္စရေးဝန်ကြီးချုပ်ဟောင်း      ဘင်ဂျမင် နေတန်ယာဟုကမူ   လက်ရှိဝန်ကြီးချုပ်  ဘန်နက် သည်  အီရန်နိုင်ငံ၏  ခြိမ်းခြောက်မှုကို   ကိုင်တွယ် ဖြေရှင်းရာတွင်    အားနည်းလွန်းသည်ဟု    ထပ်ခါ ထပ်ခါဝေဖန်ခဲ့သည်။ 
အစ္စရေးနိုင်ငံ၏ ပါတီ ရှစ်ခု မဟာမိတ်ဖွဲ့ထား သည့်  အစိုးရအဖွဲ့သည်   မေလအတွင်း   ဂါဇာ ကမ်းမြောင်ဒေသတွင် စစ်သွေးကြွများနှင့် ၁၁ ရက် စစ်ပွဲဖြစ်ပွားပြီးနောက် ထိလွယ်ရှလွယ်သည့် အပစ် အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းနိုင်ရေး ကြိုးပမ်းနေရသည်။ 
ကိုးကား  - သည်ဝါရှင်တန်ပို့စ်