ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အနာဂတ်ဆီသို့

၂၀၂၀ ပြည့်နှစ်   ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် လွတ်လပ်သော၊ သန့်ရှင်းသော၊ တရားမျှတသော ရွေးကောက်ပွဲတစ်ခု မဖြစ်ခဲ့။ အာဏာရအစိုးရနှင့် ပါတီတို့က ရွေးကောက်ပွဲကော်မရှင် အဖွဲ့များ  အဆင့်ဆင့်ဖွဲ့စည်းခြင်း၊ မဲစာရင်းကောက်ယူခြင်း၊ မဲဆွယ် စည်းရုံးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီများ ဖွဲ့စည်းခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ ရွေးကောက်ပွဲနေ့တွင် ဆန္ဒမဲ ပေးခြင်းစသည့် လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်တို့၌ အာဏာရပါတီ က အုပ်ချုပ်ရေးအာဏာကို အလွဲသုံးစားပြုကာ ဝင်ရောက်စွက်ဖက် မှု၊ မလျော်ဩဇာသုံး၍ မသမာမှုများ ပြုလုပ်ခဲ့ကြောင်းကို သက်သေ  သက္ကာယများနှင့်အတူ စစ်ဆေးတွေ့ရှိခဲ့ပြီးဖြစ်သည်။

 


၂၀၂၀ ပြည့်နှစ်  ရွေးကောက်ပွဲသည်   အာဏာရပါတီဖြစ်သည့် NLD အနေဖြင့် ဆက်လက်၍ အနိုင်ရမည့် အခြေအနေများ  ရှိနေ  ကြောင်း နိုင်ငံရေးအကဲခတ်သူများက သုံးသပ်ခဲ့ကြသော်လည်း NLD ပါတီခေါင်းဆောင်ပိုင်းတို့အနေဖြင့်မူ တစ်ပါတီတည်း ကြီးစိုးလွှမ်းမိုး ရေးဟူသော  နိုင်ငံရေးလောဘဖြင့်  ရွေးကောက်ပွဲတွင်  ဝင်ရောက် ယှဉ်ပြိုင်သည့်  အခြားသောပါတီများအပေါ်  တရားမျှတမှုမရှိသည့် ဆောင်ရွက်မှုများပြုလုပ်ခဲ့ရာ    ရွေးကောက်ပွဲအကြိုကာလမှာပင် ပြဿနာများ ပေါ်ပေါက်ခဲ့သည်။ ယင်းနှင့်ပတ်သက်၍   ‘‘တပ်မတော် အနေနဲ့   ရွေးကောက်ပွဲမစတင်မီမှာရော၊      ရွေးကောက်ပွဲအပြီး နောက်ပိုင်းမှာပါ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ လွတ်လပ်မှုနဲ့    တရားမျှတမှုမရှိတဲ့ အထောက်အထားတွေ၊ မဲမသမာမှုတွေရှိကြောင်း၊ တရားဝင်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။   တွေ့ရှိချက်တွေကို   စာရင်း ဇယားတွေနဲ့   ခိုင်ခိုင်မာမာပြောဆိုခဲ့ပါတယ်။     ဒီမိုကရေစီစနစ်ရဲ့ နိုင်ငံရေးယဉ်ကျေးမှုဖြစ်တဲ့ စေ့စပ်ညှိနှိုင်း အဖြေရှာဖို့အတွက် အစိုးရ၊ လွှတ်တော်နဲ့  တာဝန်ရှိသူတွေကို     တရားဝင်အသိပေးတာတွေ၊ ထုတ်ပြန်တာတွေ၊ သဘောထားတင်ပြတာတွေ ပြုလုပ်ခဲ့ပါတယ်။ မအောင်မြင်ခဲ့ပါဘူး။ တကယ်လို့ ရိုးရိုးသားသား မှားယွင်းတယ်ဆိုရင် တရားဝင်ဖြေရှင်းလို့ ရပါတယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ပါတယ်။ သက်သေပြနိုင်ပါတယ်။    ဘာမှ   အကြမ်းဖက်စရာမရှိဘူး။”  ဟူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လ ပြည့်မြောက်သည့်နေ့ မိန့်ခွန်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။

 


အကယ်၍သာ ရွေးကောက်ပွဲမစတင်မီကာလနှင့် ရွေးကောက်ပွဲ အပြီးကာလတို့တွင် ဒီမိုကရေစီစနစ်၏ နိုင်ငံရေးယဉ်ကျေးမှုဖြစ်သည့် စေ့စပ်ညှိနှိုင်းအဖြေရှာမှုကို ထိုစဉ်က အစိုးရ၊ လွှတ်တော်၊ တပ်မတော် နှင့်   နိုင်ငံရေးပါတီများ    ပူးပေါင်းဆောင်ရွက်ခဲ့မည်ဆိုလျှင်    ယနေ့ မိမိတို့ဖြတ်သန်းနေရသည့် အရေးပေါ်ကာလအခြေအနေ ပေါ်ပေါက် လာမည်မဟုတ်။   ‘‘ကြိုတင်ကာကွယ်ခြင်းက    ကုသခြင်းထက် ကောင်းသည်’’ဟူသော   ကျန်းမာရေးဆိုင်ရာ ဆောင်ပုဒ်ကဲ့သို့ပင်    မဖြစ်မီ  ကြိုတင်ကာကွယ်နိုင်ခြင်းဖြင့် နောင်ဖြစ်ပေါ်လာမည့် ဆိုးရွား သည့် အကျိုးဆက်များကို    ဖြတ်တောက်ရှောင်ရှားသွားနိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံ၏  တတိယမြောက်   ဒီမိုကရေစီအစိုးရသက်တမ်း ကို ရှောရှောရှူရှူ ဆက်လက်တာဝန်ယူဆောင်ရွက်သွားနိုင်ကြမည် ဖြစ်သည်။

 


‘‘ကျွန်တော်တို့က စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင် ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကိုအခြေခံတဲ့   ပြည်ထောင်စုတည်ဆောက်ရေးကို   အာမခံပါ တယ်။ အဓိကကတော့ သတ်မှတ်ထားတဲ့ ကာလအတွင်း ရွေးကောက် ပွဲဆိုင်ရာ   ပြင်ဆင်ရမယ့်လုပ်ငန်းအားလုံး     အဆင်ပြေချောမွေ့စွာ ပြီးစီးရေးပဲ ဖြစ်ပါတယ်” ဟူ၍လည်း    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ဒီမိုကရေစီနှင့်   ဖက်ဒရယ်စနစ်ကို    အာမခံခဲ့ရာ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ လိုအင်ဆန္ဒအပေါ် ထင်ဟပ် ခဲ့ခြင်းပင် ဖြစ်သည့်အလျောက်   နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့်   စီးပွားရေးအရ   တည်ငြိမ်ရေးတို့တွင် တစ်တပ်တစ်အား ပူးပေါင်းဆောင်ရွက်ကာ လွတ်လပ်ပြီး တရားမျှတ သည့် ရွေးကောက်ပွဲဖြစ်ပေါ်လာစေရေး   ဝိုင်းဝန်းကြိုးပမ်းနိုင်ကြ ပါစေကြောင်း။              ။