ရေကြည်-ကျုံပျော်ကားလမ်းမပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ နှစ်ဦးသေဆုံး

ရေကြည်  သြဂုတ်  ၉


ဧရာဝတီတိုင်းဒေသကြီး  ရေကြည်မြို့နယ်ကျားချောင်ကျေးရွာအုပ်စုအနီး  ရေကြည်- ကျုံပျော်ကားလမ်းမပေါ်၌  ယမန်နေ့နံနက်  ၁၁ ခွဲခန့်က   ယာဉ်တိုက်မှုဖြစ်ပွားရာ   နှစ်ဦး သေဆုံးကြောင်း သိရသည်။


ဖြစ်စဉ်မှာ   ယမန်နေ့နံနက်    ၁၁ ခွဲက ရေကြည်မြို့မှ‌   ကျုံပျော်မြို့သို့     လှမင်းထွန်း မောင်းနှင်ပြီး    ကောင်းဆက်ဦး    လိုက်ပါလာ သည့်       ခရီးသည်တင်ယာဉ်သည်  မိုင်တိုင် အမှတ်  (၄၀/၁)  နှင့်    (၄၀/၂)ကြားတွင် တစ်ဖက်ယာဉ်ကြောဘက်သို့    ရောက်ရှိ သွားပြီး  မျက်နှာချင်းဆိုင်  ကျုံပျော်မြို့မှ ရေကြည်မြို့သို့         ဦးဝင်းရွှေမောင်းနှင်ပြီး ဒေါ်အေးအေးခိုင်၊ ဒေါ်ယဉ်ယဉ်စန်း၊ မောင်သီ ဟဖြိုး၊ မောင်စိုးဝေယံ၊ မဇူဇင်ဖြိုးတို့ လိုက်ပါ လာသော  ဘေးတွဲဆိုင်ကယ်အား ဝင်ရောက် တိုက်မိခဲ့သည်။ ယာဉ်တိုက်မှုကြောင့် ဘေးတွဲ ဆိုင်ကယ်ပေါ်ပါ        ဒေါ်အေးအေးခိုင်၊ဒေါ်ယဉ်ယဉ်စန်းတို့မှာ    အခင်းဖြစ်ပွားစဉ် ရရှိသော     ဒဏ်ရာများကြောင့်   ကျုံပျော်  ပြည်သူ့ဆေးရုံအရောက်တွင်  သေဆုံးခဲ့ပြီး   ယာဉ်ပေါ်တွင်     လိုက်ပါလာသူများလည်း     ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း       သိရ
သည်။


      အဆိုပါ ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ယာဉ်မောင်းလှမင်းထွန်းအား ဥပဒေအရ အမှု ဖွင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။      

 

  
 အောင်သူဟန်  (ပြန်/ဆက်)