ဒုတိယဝန်ကြီး ဦးအောင်လှထွန်း Xinhua သတင်းဌာနချုပ်မှ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

 
 
 
နေပြည်တော် ဇန်နဝါရီ ၁၆
 
 
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Xinhua သတင်းဌာနချုပ်မှ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr.Liu Siyang နှင့်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
 
 
တွေ့ဆုံစဉ် မြန်မာ - တရုတ် နှစ်နိုင်ငံအစဉ်အလာ ချစ်ကြည်ရင်းနှီးမှု၊ ပြည်သူများအကြား အပြန်အလှန်နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့ကို မြှင့်တင်ဆောင်ရွက်ရေးအတွက် မီဒီယာကဏ္ဍ၏ အရေးပါပုံ၊ လက်ရှိမြန်မာ့မီဒီယာလောက အခင်းအကျင်းနှင့် မီဒီယာကဏ္ဍတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေး ခဲ့ကြသည်။
 
 
သတင်းစဉ်