အယ်လ်ဂျီးရီးယား၌ တောမီးလောင်မှုကြောင့် လူ ၆၉ ဦးထက်မနည်း သေဆုံး

 

အယ်လ်ဂျီးယား  ဩဂုတ် ၁၃


အာဖရိကမြောက်ပိုင်းနိုင်ငံဖြစ်သည့်     အယ်လ်ဂျီး ရီးယားတွင်    တောမီးအကြီးအကျယ်လောင်မှု ဖြစ်ပွားရာ လူ ၆၉ ဦးထက်မနည်း သေဆုံးပြီး ၁၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဩဂုတ် ၉ ရက်မှစတင်ကာ    တောမီးလောင်ခဲ့ခြင်းဖြစ်ပြီး မြောက်ပိုင်း ကပ်ဘိုင်လီဒေသတွင် စတင်လောင် ခဲ့ခြင်းဖြစ်သည်။ 


တောမီးလောင်မှုကို ငြှိမ်းသတ်ရန်ကြိုးပမ်းနေသည့်မီးသတ်သမားများအပါအဝင် လူပေါင်း ၆၉ ဦး ထက်မနည်း  အသက်ဆုံးရှုံးခဲ့ရသည်ဟု နိုင်ငံပိုင် သတင်းအေဂျင်စီကကြေညာခဲ့သည်။ မိသားစုပေါင်း ၆၀၀ မှာလည်း ၎င်းတို့၏နေအိမ်များ  ဆုံးရှုံးသွား ပြီဖြစ်ပြီး လူပေါင်း ၁၀၀၀ မှာ ဒဏ်ရာရရှိခဲ့သည်ဟု  ဩဂုတ် ၁၁ ရက်တွင် အယ်လ်ဂျီးရီးယားအာဏာပိုင် များက သတင်းထုတ်ပြန်ခဲ့သည်။


ပြင်သစ်နိုင်ငံနှင့်      အခြားသောနိုင်ငံများမှ မီးသတ်သမားများလည်း တောမီးကိုငြှိမ်းသတ်နိုင် ရေးအတွက် ပါဝင်ကူညီခဲ့ကြသည်။ ငါးရက်တာ ကာလအတွင်း တောမီးကို ငြှိမ်းသတ်နိုင်ရေးအတွက် အပြင်းအထန်ကြိုးပမ်းခဲ့ရာ    ဘာမျှမကျန်တော့ ကြောင့် လျှပ်စစ်မီး၊ရေနှင့် လောင်စာလည်းမရတော့ ကြောင်းဒေသခံတစ်ဦးက ပြောသည်။ 


တောမီးလောင်မှုနှင့်ပတ်သက်သည့် လူ ၂၂ ဦး ကိုထိန်းသိမ်းထားကြောင်းလည်း ဒေသခံအာဏာ ပိုင်များက ပြောသည်။ ဇူလိုင်လနှောင်းပိုင်းမှ စတင် ကာ အီတလီ၊ တူရကီနှင့် ဂရိနိုင်ငံတို့တွင်  စံချိန်တင် အပူလှိုင်းနှင့် ရာသီဥတုပူနွေးမှုတို့ကြောင့် တောမီး လောင်မှုများ ဖြစ်ပေါ်ခဲ့သည်။


အင်န်အိတ်ချ်ကေ