
ဟောင်ကောင် (တရုတ်)
အာရှ-ပစိဖိတ်နိုင်ငံများတွင် ကိုဗစ်-၁၉ ဆက်လက် ကူးစက်ဖြစ်ပွားလျက်ရှိသောကြောင့် ထိုင်းနိုင်ငံတွင် သြဂုတ် ၁၃ ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၃၄၁၈ ဦး စံချိန်တင်များလာကြောင်း အတည်ပြု ဖော်ပြမှုနှင့်အတူ ဂျပန်နိုင်ငံတွင် နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ပထမဆုံးအကြိမ်အဖြစ် ၂၀၀၀၀ ကျော်လွန်လာခဲ့သည်။
အိန္ဒိယ
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၄၀၁၂၀ တိုးလာ မှုအပါအဝင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၃၂၁၁၇၈၂၆ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန် လိုက်သော အချက်အလက်များတွင် ဖော်ပြထား သည်။
ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ ၅၈၅ ဦး ရှိလာမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၃၀၂၅၄ ဦးအထိ ရောက်ရှိလာခဲ့သည်။
အင်ဒိုနီးရှား
အင်ဒိုနီးရှားနိုင်ငံတွင် သြဂုတ် ၁၃ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၃၀၇၈၈ ဦး ရှိလာမှုနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း ၃၈၀၄၉၄၃ ဦး ရောက်ရှိလာခဲ့သည်။ ထို့အတူ ကိုဗစ်-၁၉ ကြောင့် ၁၄၃၂ ဦး ထပ်မံသေဆုံး မှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၁၅၀၉၆ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက ဖော်ပြသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန်လာပြီးဆေးရုံမှဆင်းလာသူ ၄၂၀၀၃ ဦး ရှိလာသောကြောင့် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည် ကောင်းမွန်လာသူ ၃၂၈၉၇၁၈ ဦး အထိ ရောက်ရှိ လာသည်။
အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံသည် နေ့စဉ် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုကို လျှော့ချရန်ရည်ရွယ်ပြီး ပီပီကေအမ် ဟုခေါ်သော အဆင့်ဆင့်သော လူထုလှုပ်ရှားမှု ကန့်သတ်ချက်အစီအစဉ်ကို စတင်ခဲ့ပြီး သက်ဆိုင်ရာ အာဏာပိုင်များကလည်း ထိတွေ့မှုခြေရာခံမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
သြဂုတ် ၁၃ ရက်က အင်ဒိုနီးရှားနိုင်ငံသည် တရုတ် Sinovac ကာကွယ်ဆေးနောက်တစ်သုတ်ကို လက်ခံရရှိခဲ့မှုနှင့်အတူ စုစုပေါင်း တရုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးသန်း ၂၀၀ နီးပါးကို လက်ခံရရှိခဲ့ ကြောင်း သိရသည်။ အစိုးရသည် ပြည်သူ ၂၀၈ ဒသမ ၂ သန်းကို ကာကွယ်ဆေးထိုးပေးနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည်။ ကာကွယ်ဆေးများသည် အင်ဒိုနီးရှားနိုင်ငံသားများ အားလုံးအတွက် အခမဲ့ဖြစ်သည်။
သြဂုတ် ၁၃ ရက်အထိ လူပေါင်းအနည်းဆုံး ၂၆ ဒသမ ၄၃ သန်း ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးပြီဖြစ်ကြောင်း သိရပြီး ကိုဗစ်-၁၉ ကာကွယ် ဆေးတစ်ကြိမ်ထိုးနှံပြီးသူပေါင်း ၅၂ ဒသမ ၆၁ သန်း ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ကြေညာလိုက်သည်။
မလေးရှား
မလေးရှားနိုင်ငံတွင် သြဂုတ် ၁၃ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၂၁၄၆၈ ဦး တိုးလာ ကြောင်း အတည်ပြုဖော်ပြမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၁၃၆၃၆၈၃ ဦး အထိ ရောက်ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ဖော်ပြလိုက်သည်။
ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် နော်ဟီရှန်အဗ္ဗဒူလာက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သူ ၂၅ ဦးမှာ ပြည်ပကူးစက်မှုဖြစ်ပြီး ၂၁၄၄၃ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း ပြောကြားလိုက် သည်။
နောက်ထပ် ၂၇၇ ဦး ကိုဗစ်-၁၉ ကြောင့် ထပ်မံ သေဆုံးကြောင်း ဖော်ပြမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၁၉၆၈ ဦး ရှိလာခဲ့ပြီဖြစ် သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည် ကျန်းမာလာသူပေါင်း ၁၁၁၀၅၂၈ ဦး သို့မဟုတ် ၈၁ ဒသမ ၄ ရာခိုင်နှုန်းရှိလာပြီဖြစ်သည်။
ဖိလစ်ပိုင်
ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၁၃ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၁၃၁၇၇ ဦး တိုးလာကြောင်း သတင်းထုတ်ပြန်မှု နှင့်အတူ အဆိုပါပမာဏသည် လွန်ခဲ့သောနှစ် ဇန်နဝါရီလ ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှစကာ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ဒုတိယ အမြင့်ဆုံးဖြစ်ကြောင်း သိရသည်။
အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သော ဖိလစ်ပိုင်နိုင်ငံ၏ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ပေါင်းမှာ ၁၇၁၃၃၀၂ ဦးအထိ ရောက်ရှိလာခဲ့ပြီး ကိုဗစ်-၁၉ ကြောင့် နောက်ထပ် ၂၉၉ ဦး ထပ်မံ သေဆုံးကြောင်း ဖော်ပြမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၉၈၃၈ ဦးအထိ ရောက်ရှိလာခဲ့သည်။
လူဦးရေသန်း ၁၁၀ ရှိသော ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးပြီးသူပေါင်း ၁၆ သန်း ကျော်ရှိသည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ တိုးလာပြီး ဆေးရုံနေရာအခက်အခဲများ ရှိလာသောကြောင့် မြို့တော်မနီလာအတွင်းရှိ ဒေသပေါင်း ၁၁ ခုတွင် ကိုဗစ်-၁၉ အမြင့်ဆုံးသတိပေးမှုများ ပြုလုပ်ထား သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ပြည်တွင်း ကူးစက် ဖြစ်ပွားသူ ၅၀၀ ကျော်မှုနှင့်အတူ ဒယ်လ်တာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၆၂၇ ဦး တွေ့ရှိခဲ့ သည့်အနက် ၁၃ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ဖော်ပြသည်။ သြဂုတ် ၆ ရက်မှ ၂၀ ရက်အထိ မြို့တော်မနီလာတွင် အတင်းကျပ်ဆုံး အလုံပိတ်ကန့်သတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။
ပါကစ္စတန်
ပါကစ္စတန်နိုင်ငံတွင် သြဂုတ် ၁၃ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၄၆၁၉ ဦး ရှိလာပြီးနောက် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၀၈၉၉၁၃ ဦးအထိ ရှိလာခဲ့ပြီး စတုတ္ထလှိုင်းဂယက်ထပ်မံရိုက် ခတ်လာမည်ကို စိုးရိမ်လျက်ရှိကြောင်း အမျိုးသားထိန်းချုပ်ကွပ်ကဲရေးနှင့် စစ်ဆင်ရေးဌာနက ပြောကြားလိုက်သည်။ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ ၇၉ ဦး အပါအဝင် စုစုပေါင်း သေဆုံးသူ ၂၄၂၆၆ ဦး ရှိလာခဲ့ ကြောင်း အမျိုးသားထိန်းချုပ်ကွပ်ကဲရေးနှင့် စစ်ဆင် ရေးဌာနက သတင်းထုတ်ပြန်ဖော်ပြလိုက်သည်။
တောင်ကိုရီးယား
တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၁၉၉၀ ရှိလာပြီးနောက် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၂၀၁၈၂ ဦးအထိ ရှိလာခဲ့သည်။ ကိုဗစ်-၁၉ ကြောင့် ခြောက်ဦး ထပ်မံသေဆုံးခဲ့သောကြောင့် စုစုပေါင်း သေဆုံးသူ ၂၁၄၄ ဦးအထိ ရှိလာခဲ့ပြီး သေဆုံးမှုနှုန်းမှာ ၀ ဒသမ ၉၇ ရာခိုင်နှုန်းရှိသည်။
ကမ္ဘောဒီးယား
ကမ္ဘောဒီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၄၂၃ ဦးရှိလာပြီးနောက် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၈၄၂၆၂ ဦး အထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။ ကိုဗစ်-၁၉ ကြောင့် ထပ်မံ သေဆုံးသူ ၂၀ ရှိလာပြီးနောက် စုစုပေါင်းကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၆၅၄ ဦးအထိ ရှိလာခဲ့ပြီး ကိုဗစ်-၁၉ မှ ပြန်လည်ကောင်းမွန်လာသူ ၇၈၉၇၂ ဦး ရှိလာပြီဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံတွင် ဖေဖော်ဝါရီ ၁၀ ရက်က အရွယ်ရောက်ပြီးသူများကို ကိုဗစ်-၁၉ ကာကွယ် ဆေး စတင်ထိုးနှံပေးခဲ့ပြီး ဆယ်ကျော်သက်အရွယ် အသက် ၁၂ နှစ်မှ ၁၇ နှစ်ရှိသူများကို သြဂုတ် ၁ ရက်မှစကာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး ခဲ့သည်။ နိုဝင်ဘာလမတိုင်မီ လူဦးရေ ၁၆ သန်း၏ ၇၅ ရာခိုင်နှုန်း သို့မဟုတ် လူ ၁၂ သန်းကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးရန် ရည်မှန်းထားကြောင်း သိရသည်။ ။
ဆင်ဟွာ