
ဆစ်ဒနီ ဩဂုတ် ၁၄
ဩစတြေးလျနိုင်ငံ နယူးဆော့သ်ဝေးပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုများပြားလာမှုကို ခံစားနေရပြီး ဩဂုတ် ၁၄ ရက်တွင် ဒေသတွင်းကူးစက်ခံရသူ ၄၆၆ ဦး ထပ်မံတွေ့ရှိခဲ့သည်။ နောက်ထပ်သေဆုံးသူ လေးဦးတိုးလာသည့်အတွက် သေဆုံးသူစုစုပေါင်းမှာလည်း ၄၃ ဦး ရှိခဲ့သည်။
ယင်း အခြေအနေများကို ထိန်းချုပ်ရန်အတွက် တင်းကျပ် သည့်စည်းကမ်းများ ချမှတ်ရန် အာဏာပိုင်များက ကြေညာခဲ့ သည်။ ဩဂုတ် ၁၆ ရက်မှ စတင် ကာ ဆစ်ဒနီမြို့ အနီးပတ်ဝန်း ကျင်ဒေသများတွင် အပြင်ထွက် ခွင့်အကွာအဝေးကို ၁၀ ကီလို မီတာသတ်မှတ်ထားရာမှ ငါးကီလို မီတာအတွင်းဟုသာ ပြောင်းလဲ သတ်မှတ်ခဲ့သည်။
ဩဂုတ် ၂၁ ရက်မှ စတင်ကာ နယူးဆော့သ်ဝေးပြည်နယ်တွင် ခရီးသွားလာသူများ ခရီးသွားလာ ခွင့်ရမည် ဖြစ်သည်။ တစ်ကိုယ် တည်း သီးခြားခွဲနေထိုင်ခြင်း၊ ခြေရာခံလိုက်ရာတွင် အမှန် အတိုင်း မပြောခြင်းများ အပါ အဝင် ကိုဗစ်-၁၉ စည်းကမ်း များကို ချိုးဖောက်သူများကို ဩစတြေးလျဒေါ်လာ ၅၀၀၀ ဒဏ်ငွေချမှတ်မည်ဟု သိရ သည်။
လူနှစ်ဦးသာ အပြင်ထွက်ခွင့် ရသည့်စည်းကမ်းကို ချိုးဖောက် သူများကိုလည်း ဩစတြေးလျ ဒေါ်လာ ၃၀၀၀ ဒဏ်ကြေးချမှတ် မည်ဟု သိရသည်။ နယူးဆော့သ် ဝေးတွင် နေထိုင်ကြသည့် ပြည်သူ များသည် စိတ်အပန်းဖြေရေး အတွက် အိမ်ပြင်ထွက်ခွင့်မရခြင်း၊ ပန်းခြံများနှင့် စားသောက်ဆိုင် များတွင် ပါဆယ်ဝယ်ယူခွင့်မရ တော့မည်ကိုလည်း စိုးရိမ်နေ ကြသည်။
ဆင်ဟွာ