အာဖဂန်နစ္စတန်မှ ထွက်ခွာမည့်သူများကို အကူအညီပေးရေး နောက်ထပ်တပ်ဖွဲ့ဝင်များစေလွှတ်ရန် အမေရိကန်သမ္မတ အမိန့်ပေး

 

ဝါရှင်တန်   ဩဂုတ်   ၁၅


အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် အာဖဂန်နစ္စတန်ရှိ အမေရိကန်သံရုံး မှ ဝန်ထမ်းများကို ဘေးလွတ်ရာသို့  ရွှေ့ပြောင်းပေးရေး အကူအညီပေးရန် အတွက် နောက်ထပ်တပ်ဖွဲ့ဝင် ၁၀၀၀ ကို စေလွှတ်ရန် အမိန့်ပေးခဲ့သည်   ဟု သိရသည်။
တာလီဘန်များက   အဓိကမြို့ကြီးများကို    လျင်လျင်မြန်မြန် ထိန်းချုပ်လာနိုင်ပြီးနောက်   ယခုလို   အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်တပ်ဖွဲ့ဝင်များသည်  ဩဂုတ်လနှောင်းပိုင်းတွင်    အာဖဂန် နစ္စတန်နိုင်ငံမှ အပြီးတိုင်ဆုတ်ခွာရန် စီစဉ်ထားသည်။  တာလီဘန်များ သည် အဓိကမြို့ကြီးခြောက်မြို့ကို  သိမ်းယူထားပြီးဖြစ်ကြောင်း ဩဂုတ် ၁၄ ရက်တွင် ကြေညာခဲ့သည်။ တိုင်းပြည်၏ ၇၀ ရာခိုင်နှုန်းကိုသိမ်းယူသွားနိုင်ပြီဟု ကြေညာခဲ့ခြင်းပင်ဖြစ်သည်။ 
အမေရိကန်နှင့်   ပူးပေါင်းခဲ့သူများနှင့်   အမေရိကန်ဝန်ထမ်းများ လုံခြုံရေးအတွက် တပ်ဖွဲ့ဝင် ၅၀၀၀ တပ်ဖြန့်ချထားရန် အမေရိကန် သမ္မတဘိုင်ဒင်က  ကြေညာခဲ့သည်။ တာလီဘန်များ၏ လုပ်ရပ်ကြောင့် အမေရိကန်ဝန်ထမ်းများ ထိခိုက်ခြင်းနှင့် လုပ်ငန်းစဉ်များကို ထိခိုက်မှု များဖြစ်ပေါ်ပါက ပြင်းထန်သည့်စစ်ရေးအရ အရေးယူမှုဖြင့် တုံ့ပြန် သွားမည်ဟု အမေရိကန်သမ္မတက ပြောသည်။  


အင်န်အိတ်ချ်ကေ