ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၄၈၅၄ ဦး ထပ်မံတွေ့ရှိ

တိုကျို  ဩဂုတ်  ၁၆


ဂျပန်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ  ၁၄၈၅၄ ဦး ကို ထပ်မံတွေ့ရှိရကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက  ပြောကြား သည်။ 


ထို့ပြင် ၁၆၀၃ဦးမှာ ဆေးရုံများရှိ အထူးကြပ်မတ်ကုသဆောင်များ တွင် ကိုဗစ်-၁၉ရောဂါဖြင့်တက်ရောက်ကုသနေကြောင်း  သိရ သည်။ 


နိုင်ငံလူဦးရေ၏ ၄၉ ရာခိုင်နှုန်း ကျော်ဖြစ်သော  ၆၂၆၈၀၀၀၀ကျော် မှာ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးတစ်ကြိမ်  ထိုးနှံမှုခံယူပြီး ဖြစ်၍  ၄၇၂၃၁၀၀၀   ကျော်မှာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နှစ်ကြိမ်စလုံး  ထိုးနှံမှုခံယူပြီးစီး ခဲ့ပြီးဖြစ်ကြောင်း  တာဝန်ရှိသူ များက ပြောကြားသည်။ 


အသက် ၆၅ နှစ်နှင့်အထက်ရှိ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ ကာကွယ်ဆေး   နှစ်ကြိမ်စလုံး ထိုးနှံပြီးဖြစ်သည်။ တိုကျိုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၉၆၂ ဦးကို ယနေ့ထပ်မံတွေ့ရှိရပြီး ၎င်းတို့အနက်မှ ၂၆၈ ဦးမှာ ရောဂါ ပြင်းထန်စွာ  ခံစားနေရကြောင်း တိုကျိုမြို့ပြ      အစိုးရအဖွဲ့က ပြောကြားသည်။ 


ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ