ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အများပြည်သူအလုပ်ပိတ်ရက် တိုးမြှင့်သတ်မှတ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်ကြော်ငြာစာအမှတ်  ၂၄၇ /၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါခေါင်လဆန်း     ၁၃     ရက်
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ     ၂၀    ရက်)


ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အများပြည်သူအလုပ်ပိတ်ရက် တိုးမြှင့်သတ်မှတ်ခြင်း
အများပြည်သူ အလုပ်ပိတ်ရက်အတွင်း  သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ခြင်းဖြင့်  ကိုဗစ်-၁၉ ရောဂါ   ကူးစက်မှုကွင်းဆက်ကို  ဖြတ်တောက်နိုင်ရန်  တစ်ဆက် တစ်စပ်တည်း   အများပြည်သူအလုပ်ပိတ်ရက်များကို   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ငါးကြိမ်သတ်မှတ်ပေးခဲ့ပြီး ဖြစ်ပါသည်။ ကိုဗစ်-၁၉  ရောဂါ   ကူးစက်မှုကို   ဆက်လက်ထိန်းချုပ်ပြီး   ပုံမှန် အခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့မှ  ၃၁  ရက်နေ့အထိအား (ထူးခြားသည့်  အခြေအနေအရ     မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့်    ယင်း၏ လက်အောက်ခံအစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ်များမှအပ) တစ်ဆက် တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်အဖြစ် လွှဲပြောင်းနိုင် သည့်  စာချုပ်စာတမ်းများ  အက်ဥပဒေပုဒ်မ  ၂၅  အရ  တိုးမြှင့် သတ်မှတ်ကြေညာလိုက်သည်။  

                            အမိန့်အရ
        အောင်လင်းဒွေး
        ဒုတိယဗိုလ်ချုပ်ကြီး
         အတွင်းရေးမှူး