အခြေခံပညာကျောင်းများ ဆက်လက်၍ ယာယီပိတ်ထားမည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Coronavirus Disease 2019 (COVID-19)
ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ
အသိပေးကြေညာချက်
၁၃၈၃ ခုနှစ်၊ ဝါခေါင်လဆန်း     ၁၃      ရက်
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ    ၂၀     ရက်)


လက်ရှိအခြေအနေအရ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ဟန့်တားထိန်းချုပ်ရန် လိုအပ်သည့်အတွက် အခြေခံ ပညာကျောင်းများ   (ပုဂ္ဂလိကကျောင်း၊   ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအပါအဝင်) အား ၂၃-၈-၂၀၂၁ ရက်နေ့မှ ၃၁-၈-၂၀၂၁   ရက်နေ့အထိ  ဆက်လက်၍  ယာယီပိတ်ထားမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။