အသိပေးကြေညာချက်

ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်
၁။    အများပြည်သူ ရုံးပိတ်ရက်များအဖြစ်   သတ်မှတ်ကြေညာ ထားသော ၂၃.၈.၂၀၂၁ ရက်မှ ၃၁.၈.၂၀၂၁ ရက် အထိ ရုံးပိတ်ရက် များတွင် နယ်စပ်ကုန်သွယ်ရေးစခန်းများအနေဖြင့် အလုပ်တာဝန် များ ရပ်ဆိုင်းထားမည်မဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန် လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းမှုများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့်   SOP  များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးသွားမည် ဖြစ်ပါသည်။
၂။    အဆိုပါရက်များတွင်လည်း ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲနှင့်    ပို့ကုန်သွင်းကုန်ရုံး(ရန်ကုန်)တို့မှ အွန်လိုင်းစနစ်ဖြင့် ပို့ကုန်၊ သွင်းကုန်လိုင်စင်လျှောက်ထားမှုများကို ရုံးချိန်အတွင်း ပုံမှန်အတိုင်း ခွင့်ပြုဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန