အသိပေးကြေညာခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်   ကိုဗစ်-၁၉  ရောဂါ ကူးစက်မှုကို ထိရောက်စွာ ကာကွယ်၊  ထိန်းချုပ်၊  ကုသနိုင်ရေး အတွက် ဩဂုတ်လ ၂၃ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ တစ်ဆက်တစ်စပ်တည်း အများပြည်သူ အလုပ်ပိတ်ရက်ရှည်အဖြစ် ကြေညာခဲ့ပါသည်။  အများပြည်သူ အလုပ်ပိတ်ရက်ရှည်အတွင်း  ကိုဗစ်-၁၉   ရောဂါ ကာကွယ်   ကုသမှုဆိုင်ရာ  ဆေးဝါး၊   ဆက်စပ် ပစ္စည်းများနှင့် အခြားလူသုံးကုန်ပစ္စည်း   တင်သွင်းခြင်းကိစ္စရပ် များအား (ရေကြောင်း/လေကြောင်း/နယ်စပ်) လမ်းကြောင်းများမှ တစ်ဆင့် လွယ်ကူလျင်မြန်စွာ အခက်အခဲမရှိ    တင်သွင်းနိုင်ရန် အတွက် အကောက်ခွန်ဦးစီးဌာနအနေဖြင့် ပိတ်ရက်မရှိ ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
အကောက်ခွန်ဦးစီးဌာန