တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန် - မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ

နေပြည်တော်    မတ်   ၁၂
 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်     ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင်သည်   ဂျပန် - မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Hideo Watanabe နှင့်အဖွဲ့အား  ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
 
 ဆွေးနွေး
 
ထိုသို့တွေ့ဆုံစဉ်  ဂျပန် - မြန်မာ   ချစ်ကြည်ရေးအသင်း၏   နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ရေးဆောင်ရွက်နေမှုအခြေအနေ၊ မြန်မာနိုင်ငံ၏  ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဂျပန်နိုင်ငံ က ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေနှင့် မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပွားနေသည့်     အခြေအနေများကို    ဆွေးနွေးကြကြောင်း    တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 
 
သတင်းစဉ်