ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁ ဒသမ ၈၂ သန်းကျော်ရှိ

မနီလာ  ဩဂုတ် ၂၁


ဖိလစ်ပိုင်နိုင်ငံ၌   ယနေ့တွင်   ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆၆၉၄ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်း၌   ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၈၂၄၀၅၁ ဦးရှိလာကြောင်းနှင့် အဆိုပါ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်သည် ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုစတင်တွေရှိခဲ့သည့်     ပြီးခဲ့သည့်နှစ် ဇန်နဝါရီလနောက်ပိုင်း နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအရေအတွက်  ဒုတိယအများဆုံးဖြစ် ကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃၉၈ ဦးထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံ တစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၃၁၅၉၆ ဦး ရှိလာကြောင်းနှင့်    ယင်းသို့ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှု အရေအတွက်သည်လည်း ကိုဗစ်-၁၉ ရောဂါစတင် ဖြစ်ပွားပြီးနောက်ပိုင်း နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးမှုအရေအတွက်   ဒုတိယအမြင့်ဆုံး ဖြစ်ကြောင်း သိရသည်။


ဖိလစ်ပိုင်နိုင်ငံ၌  လူဦးရေသန်း ၁၁၀ ခန့်ရှိသည့် အနက် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ရှိ၊ မရှိ စမ်းသပ်စစ်ဆေးပြီးသူစုစုပေါင်း ၁၆ ဒသမ ၅ သန်းကျော်ရှိသွားပြီဖြစ်ကြောင်း သိရသည်။ 


ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်