တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ချီလီနိုင်ငံ ထပ်မံလက်ခံရရှိ

ဆန်တီယာဂို  ဩဂုတ်  ၂၁


ချီလီနိုင်ငံသည်  တရုတ်နိုင်ငံ၏  ဆေးဝါးကုမ္ပဏီ Sinovac က ထုတ်လုပ်သည့် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို  ယမန်နေ့တွင် ထပ်မံ လက်ခံရရှိခဲ့ကြောင်း သိရသည်။


ဩဂုတ် ၂၀ ရက်တွင် ဆန်တီယာဂိုအပြည်ပြည် ဆိုင်ရာလေဆိပ်သို့  Sinovac  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်မံရောက်ရှိလာခဲ့ခြင်းကြောင့် ချီလီနိုင်ငံရှိ ပြည်သူအများအပြားအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံပေးနိုင်တော့မည်ဖြစ် ကြောင်း ချီလီနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ပေါလာဒါဇာက ပြောကြားသည်။


ချီလီနိုင်ငံသည်  တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို  နိုင်ငံအတွင်း၌ အရေးပေါ်အသုံးပြုရန်   ယခုနှစ်အစောပိုင်းတွင် အတည်ပြုပေးခဲ့ပြီးနောက် အသက် ၁၈ နှစ်အထက် အသက်အရွယ်ရှိသူများအား  ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။


လက်ရှိတွင်  ချီလီနိုင်ငံသည်  နိုင်ငံအသီးသီးမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေစုစုပေါင်း ၃၁ ဒသမ ၄ သန်းကျော်လက်ခံရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ချီလီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးရန် ရည်ရွယ်ထားသည့်  ပြည်သူများ အနက်မှ  ၈၄ ရာခိုင်နှုန်းအထိ  ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးနှစ်ကြိမ်စလုံး ထိုးနှံပေးပြီးဖြစ်ကြောင်း ချီလီနိုင်ငံအစိုးရက ပြောကြားသည်။


 ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်