(၂၆) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီအတွင်းရေးမှူးများ အစည်းအဝေး ကျင်းပ

နေပြည်တော်   မတ်    ၁၂
(၂၆) ကြိမ်မြောက်    ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု   ပူးတွဲ ကော်မတီအတွင်းရေးမှူးများ   အစည်းအဝေးကို  ယနေ့မွန်းလွဲ  ၁ နာရီတွင်    နေပြည်တော်ရှိ    အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ UPDJC အတွင်းရေးမှူးများဖြစ်ကြသည့် အစိုးရ အစုအဖွဲ့မှ  ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း)၊  ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဗိုလ်မှူးချုပ်ရဲရင့်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ဦးလှမောင်ရွှေ၊ NCA    အကောင်အထည်ဖော်မှုဆိုင်ရာ     မူဘောင်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင်  စဝ်စိုင်းငင်း၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အစုအဖွဲ့မှ ပဒိုစောတာဒိုမူး၊ ဦးမျိုးဝင်း၊ စောမြရာဇာလင်း၊ ခွန်မြင့်ထွန်း၊ နိုင်ငံရေးပါတီများအစုအဖွဲ့မှ ဦးနိုင်ငံလင်း၊ ဦးမြင့်စိုး၊ စိုင်းကျော်ညွန့်၊ တာလှဖေနှင့် ဦးသိန်းထွန်းတို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် (၁၈) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ-UPDJC အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ် အကောင်အထည်ဖော်မည့် ရှေ့လုပ်ငန်းစဉ်များနှင့် အတွင်းရေး မှူးများ အစည်းအဝေး ထပ်မံကျင်းပမည့်အစီအစဉ်များကို ဆွေးနွေးခဲ့ ကြသည်။
သတင်းစဉ်