အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့မှ လူပေါင်း ၁၇၀၀၀ အား အမေရိကန် ကယ်တင်

 

ဝါရှင်တန် ဩဂုတ် ၂၂


ပြီးခဲ့သည့်သီတင်းပတ်အတွင်း အမေရိကန်နိုင်ငံသား ၂၅၀၀ အပါအဝင် လူပေါင်း ၁၇၀၀၀ ကို အာဖဂန် နစ္စတန်မှ ကယ်တင်ခဲ့ပြီးဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဌာနကပြောသည်။ ကာကွယ်ရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ကယ်တင်ပေးခဲ့သည့်လူဦးရေပမာဏကို ပြောကြား ခဲ့ခြင်းဖြစ်သည်။ 
အာဖဂန်နစ္စတန်မှထွက်ခွာ ရန်  ကျန်ရှိနေသေးသည့်သူများ သည်   ကာတာနှင့်  အခြားသော နိုင်ငံများမှတစ်ဆင့်   အမေရိကန် နိုင်ငံသို့   ဦးတည်လာရောက်ကြ မည်ဟု   အမေရိကန်အစိုးရက ပြောသည်။      ကယ်ဆယ်ရေး လုပ်ငန်း လျင်လျင်မြန်မြန်ပြီးဆုံး ရန်   အာရုံစိုက်   လုပ်ကိုင်လျက် ရှိသည်ဟု       ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက  ပြောသည်။ 
အမေရိကန်    တပ်ဖွဲ့သည် အာဖဂန်ရှိ အမေရိကန်နိုင်ငံသား များအပါအဝင်     အမေရိကန် အတွက်   အလုပ်လုပ်ကိုင်ပေးခဲ့ သည့်အာဖဂန်များကိုပါ  တိုင်းပြည် အတွင်းမှ    ထွက်ခွာသွားနိုင်ရေး အတွက်      ကူညီပေးလျက်ရှိ သည်။


အင်န်အိတ်ချ်ကေ