ကိုဗစ်- ၁၉ ကပ်ရောဂါရိုက်ခတ်မှုနဲ့ ဂျပန်စီးပွားရေး

 

ထွန်းကျော်

ဒုတိယလေးလပတ်ရဲ့ စာရင်းဇယားဖော်ပြချက်တွေအရ ဂျပန်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ အကောင်းဘက်ကိုရောက်ရှိလာသော်လည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်မှုအားနည်းတာကြောင့် ဖွံ့ဖြိုးသင့်သလောက်မဖွံ့ဖြိုးဘဲ အထနှေးနေသေးသလို တစ်ဦးချင်းဝင်ငွေအပိုင်းမှာလည်း အားရစရာတိုးတက်မှုမတွေ့ရသေးပါဘူး။
ဂျီဒီပီတိုးလာ  
ဂျပန်နိုင်ငံရဲ့ အမှန်တကယ်  ပြည်တွင်း   အသားတင်ထုတ်လုပ်မှု (ဂျီဒီပီ)ဟာ အရင်လေးလပတ်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်  ဒုတိယ လေးလပတ်မှာ ၀ ဒသမ ၃ ရာခိုင်နှုန်းတိုးလာကာ နှစ်ကုန်လောက် ဆိုရင်တော့ ၁ ဒသမ ၃ ရာခိုင်နှုန်းအထိ တိုးလာနိုင်တယ်လို့ ဝန်ကြီးရုံး ရဲ့ထုတ်ပြန်လိုက်တဲ့ စာရင်းဇယားဖော်ပြချက်တွေမှာ  ဖော်ပြထားပါ တယ်။ 
ဂျပန်နိုင်ငံရဲ့  စီးပွားရေးဆောင်ရွက်ချက်ဟာ တတိယအကြိမ် ကိုဗစ်- ၁၉ အရေးပေါ်ကြေညာချက်ကြောင့်  နိုင်ငံ့ဂျီဒီပီရဲ့ ထက်ဝက် လောက်ရှိတဲ့   တစ်ဦးချင်းဝင်ငွေကို   ထိခိုက်လာနိုင်တဲ့အတွက် ဒုတိယလေးလပတ်မှာ ကျဆင်းလာနိုင်သေးတယ်လို့ စာရင်းဇယားတွေ မှာ ဖော်ပြထားပါသေးတယ်။ 
ဂျပန်နိုင်ငံရဲ့စီးပွားရေး အကျဘက်သို့ရောက်ရှိ 
၂၀၂၁ ခုနှစ်ရဲ့ ပထမလေးလပတ်မှာ နိုင်ငံရဲ့ အမှန်တကယ် ဂျီဒီပီ ဟာ အရင်လေးလပတ်နဲ့   နှိုင်းယှဉ်ကြည့်မယ်ဆိုရင်  ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တစ်ဦးချင်းဝင်ငွေဟာလည်း အရင်လေးလပတ်ထက် ၁ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့တာကြောင့် ဂျပန်နိုင်ငံရဲ့ စီးပွားရေး ဟာ အကျဘက်ကို ရောက်ရှိခဲ့ပါတယ်။
မထိန်းချုပ်နိုင်သေးတဲ့ ကပ်ရောဂါ၊ ကန့်သတ်ထားတဲ့  စီးပွားရေး ဆောင်ရွက်ချက်၊   ယိုယွင်းပျက်စီးလာတဲ့  အလုပ်အကိုင်အခြေအနေ၊ ကျဆင်းလာတဲ့   ဝင်ငွေစတဲ့  အကြောင်းတရားတွေကို ကျော်လွန်ပြီး ဂျပန်နိုင်ငံရဲ့   တစ်ဦးချင်းဝင်ငွေဟာ   ဆက်လက်ပြီး   အရှိန်အဟုန် ကောင်းကောင်းနဲ့ ကြီးထွားလာဖို့ဆိုတာ အလွန်ခက်ပါတယ်လို့ ဂျပန် ကျွမ်းကျင်သူတွေက ယုံကြည်ထားပါတယ်။ 
စီးပွားရေးနာလန်ထူမှုကို ရိုက်ခတ်မှုဖြစ်စေ 
ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်မှု အားနည်းတာက ဂျပန်အစိုးရကို တတိယအကြိမ် ကိုဗစ်- ၁၉ အရေးပေါ်အခြေအနေ ထုတ်ပြန်ရတဲ့အထိ ဖြစ်စေပါတယ်။ ပြီးတော့လည်း ကိုဗစ်- ၁၉ အရေး ပေါ်အခြေအနေကို ဆက်လက်ပြီး သက်တမ်းတိုးမြှင့်နိုင်ခြေလည်း ရှိနေပါသေးတယ်။ ဒီအခြေအနေတွေက တစ်ဦးချင်းဝင်ငွေအပေါ် ဖိအားတွေသက်ရောက်စေတဲ့အတွက်  စီးပွားရေး    ပြန်လည်နာလန် ထူတဲ့အပေါ် ရိုက်ခတ်မှုဖြစ်စေပါတယ်။
ကိုဗစ်- ၁၉ ကပ်ရောဂါကြာရှည်ဖြစ်နေခြင်းက သက်ဆိုင်ရာ စက်မှုလုပ်ငန်းတွေကို အကျဘက်ကိုရောက်ရှိစေပြီး  အလုပ်လက်မဲ့နှုန်း တွေလည်း မြင့်လာစေပါတယ်။ ဒါတွေဟာ တစ်ဦးချင်းဝင်ငွေတွေကို အကျဘက်ကိုဆွဲချသလိုဖြစ်စေခဲ့ပါတယ်။
အလုပ်လက်မဲ့နှုန်းမြင့်တက် 
ဂျပန်နိုင်ငံရဲ့အလုပ်လက်မဲ့နှုန်း  အရေအတွက်ဟာ အစောပိုင်း တစ်နှစ်မှာ ၂ ဒသမ ၃၃ သန်းရှိရာကနေ ဒုတိယလေးလပတ်မှာ ကိုးရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။ တစ်နှစ်ကျော်ကာလအတွင်း မှာ သုံးပုံပုံတစ်ပုံလောက်အလုပ်က ထွက်ခွာနေရပါတယ်။ 
ဒါ့အပြင် ကမ္ဘာတစ်ဝန်း အဓိကစီးပွားရေးတွေ လျင်မြန်စွာနာလန် ထူလာခြင်းက ဂျပန်နိုင်ငံရဲ့ ပို့ကုန်တွေကို တိုးတက်စေတဲ့အတွက်  ပြည်တွင်းလိုအပ်ချက်ရဲ့ ထောက်တိုင်တစ်ခုဖြစ်တဲ့ စီးပွားရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုဟာ အရင်လေးလပတ်ထက် ဒုတိယလေးလပတ်မှာ ၁ ဒသမ ၇ ရာခိုင်နှုန်း တိုးလာပါတယ်။
ပြည်ပဝယ်လိုအားကျဆင်း 
ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့  ဖော်ပြချက်အရ  တရုတ်ကဲ့သို့သော အဓိကပင်လယ်ရပ်ခြားစျေးကွက်တွေရဲ့  အားကောင်းတဲ့  ဝယ်လိုအား တွေကြောင့် ဂျပန်နိုင်ငံရဲ့ ၂၀၂၁ ပထမနှစ်ဝက် ပို့ကုန်ဟာ ၂၃ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။ ဒါဟာ ကိုဗစ်- ၁၉ ကပ်ရောဂါ မဖြစ်ပွားခင် ၂၀၁၉ ခုနှစ်ရဲ့အလားတူကာလထက်ကို ကျော်လွန်ခဲ့ပါ တယ်။
ပြည်ပဝယ်လိုအားအရ ၂၀၂၁ ခုနှစ် ဒုတိယလေးလပတ်မှာ ဂျပန် နိုင်ငံရဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုဆိုင်ရာ တင်ပို့မှုဟာ အရင်လေးလ ပတ်ထက် ၂ ဒသမ ၉  ရာခိုင်နှုန်း တိုးလာပါတယ်။ တစ်ချိန်တည်းမှာပဲ သွင်းကုန်ဟာ ၅ ဒသမ ၁ ရာခိုင်နှုန်း တိုးလာပါတယ်။ 
သွင်းကုန်နဲ့ ပို့ကုန်ကြားမျှခြေဖြစ်လာပြီးနောက်မှာ အသားတင် ပို့ကုန်ဟာ ကျဆင်းလာပြီး ဂျပန်ရဲ့  စီးပွားရေးဖွံဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေတဲ့  ပြည်ပဝယ်လိုအားလည်း  ကျဆင်းလာပါ တယ်။
နှောင့်နှေးမှုတွေဖြစ်စေ 
စီးပွားရေးပညာရှင်အများစုက ဒုတိယလေးလပတ်မှာ   ပို့ကုန်နဲ့ ဂျပန်နိုင်ငံရဲ့  စီးပွားရေးနာလန်ထူမှုကို  အထောက်အကူဖြစ်စေတဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတိုးတက်မှုတွေအပေါ်  ယုံကြည်ထားပါ တယ်။
နိုမူရာသုတေသနအင်စတီကျုရဲ့သုတေသနပညာရှင် တာကာဟီဒဲ ကီအီအူချီက   ဒုတိယလေးလပတ်ကာလမှာ   ဘက်ပေါင်းစုံပါဝင်တဲ့ စီးပွားရေးစနစ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းဟာ  ဂျပန်ကား ထုတ်လုပ်သူတွေကို ထုတ်လုပ်မှုတွေ လျှော့ချတာတွေ ဖြစ်စေခဲ့သလို တစ်ဦးချင်းစားသုံးမှုတွေနဲ့   ပို့ကုန်ကြီးထွားလာမှုတွေကို  နှောင့်နှေး စေတယ်လို့ပြောပါတယ်။
စီးပွားရေးပြန်လည်နိုးထမှုကို တရွတ်တိုက်ဆွဲ 
တစ်ချိန်တည်းမှာပဲ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနာလန်ထူမှုဟာ မကျိန်းသေသေးတဲ့ အနေအထားမှာ ရှိပါတယ်။ ဂျပန်နိုင်ငံရဲ့ ပို့ကုန်နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတွေဟာ အလားအလာ သိပ်မကောင်းတဲ့ စီးပွား ရေးဆိုင်ရာ နာလန်ထူမှုကို အာမခံမပေးနိုင်တဲ့  အကျဘက်ကို အချိန် မရွေးရောက်သွားနိုင်တဲ့   အန္တရာယ်နဲ့လည်း   ရင်ဆိုင်ရနိုင်ပါတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
၂၀၂၁ ခုနှစ် နွေဦးရာသီကတည်းက နိုင်ငံတကာစျေးကွက်မှာ ကုန်ကြမ်းပစ္စည်းတန်ဖိုးတွေ  ရုတ်တရက်ဆိုသလို  မြင့်တက်လာခဲ့ပါ တယ်။ အဲဒါက ဂျပန်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍကို  ဖိအားတွေ ဖြစ်စေခဲ့တယ်လို့ ဒိုင်အိချီလိုက်ဖ်သုတေသန အင်စတီကျုရဲ့ စီးပွားရေး ပညာရှင် ဟီဒဲအိုကူမာနိုက ပြောပါတယ်။ 
အနာဂတ်ကာလမှာ သွင်းကုန်ဖောင်းပွမှုတွေဟာ ထုတ်လုပ်မှုမှ သည် ထုတ်လုပ်မှုမရှိမှုဆီသို့ ရောက်နိုင်ခြေရှိပြီး  ပြည်တွင်းဝယ်လို စွမ်းအားကို အဟန့်အတားအနှောင့်အယှက်ဖြစ်စေနိုင်ကာ ဂျပန်နိုင်ငံ ရဲ့ စီးပွားရေး ပြန်လည်နိုးထလာမှုမှာ တရွတ်တိုက်ဆွဲစေနိုင်တယ်လို့ သူက ဆက်ပြောထားပါတယ်။      ။


ကိုးကား - ဆင်ဟွာ